အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ SNA နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာအနီးမှာ SNA နဲ့ KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွား

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာတို့မှာ ယနေ့ မနက်ပိုင်းမှစ၍ SNA ကျားဖြူစစ်ကြောင်းများ ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ဒီနေ့ ဇူလိုင်လ(၁၅)ရက် မနက်ပိုင်း (၁)နာရီကနေစတင်ပြီး မိုင်းနောင်ကျေးရွာနဲ့ နန့်မွန်းကျေးရွာအကြားရှိ ဆင်ခေါင်းတောင်အနီးကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KIA၊ PDF ပူးပေါင်းတပ်နဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)တို့ ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။ 

“အခုက သိမ်းရင်း တိုက်ရင်း လာရင်းနဲ့ ရွာထဲ(မိုင်းနောင်)ရောက်ခဲ့ပြီး အခု မမုန်ကိုင်ထိတောင် ရောက်လာပြီ ထိတွေ့တိုက်ပွဲဖြစ်တာ ဟုတ်တယ်။ မိုင်းနောင်နဲ့ နန့်မွန်းကြားမှာရှိတဲ့ ဆင်ခေါင်းတောင်ကနေ စဖြစ်တာ ရွှေလက်ပံမှာလည်း စစ်တပ်တွေရှိတယ်လေ။ တောဘက်(KPDF)လည်း ဆုတ်သွားပြီလို့ ကြားတယ်။ အခု ရှမ်းနီတပ်တွေက မိုင်းနောင် မမုန်ကိုင်ကို ရသွားပြီဆိုတဲ့သဘောပေါ့” လို့ နန့်မွန်းကျေးရွာသား လူငယ်တစ်ဦးက ပြောပြပါတယ်။

နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်ပွားနေချိန် လက်နက်ကြီးပစ်ခတ်မှုများကြောင့် မိုင်းနောင်ကျေးရွာက ရပ်ကွက်(၂)ခုကို လက်နက်ကြီးကျရောက်မှုရှိခဲ့ပြီး ဒေသခံနေအိမ်တစ်ချို့ မီးလောင်ခဲ့သလို ကျေးရွာသား တစ်ဦးလည်း ခြေထောက်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“အခု ငြိမ်တော့ငြိမ်နေတယ်။ အသံတွေတော့ ကြားနေရသေးတယ်တဲ့ လက်နက်ကြီးကြောင့် မနေ့က အိမ်တွေထိတော့ ဆင်ဖြူကုန်းရပ်ကွက်ရယ်၊ ဗိုလ်တဲကုန်းရပ်ကွက်ရယ်က အိမ်တစ်ချို့တော့ မီးလောင်

နေတယ်လို့ ပြောတယ်။ ရွာက အတော်များများတော့ မမုန်ကိုင်ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေကြတယ်” လို့ သူက ဆိုပါတယ်။

တိုက်ပွဲကြောင့် မိုင်းနောင်ကျေးရွာက ဒေသခံတွေဟာ အနီးကျေးရွာရှိ မမုန်ကိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ယနေ့မှာပဲ စစ်ကောင်စီတပ်ဖွဲ့များကလည်း အင်းတော်ကြီးဒေသအတွင်းကို ဝင်ရောက်နိုင်တဲ့ နန့်မွန်း-ဟိုပင်-အင်းတော်ကြီးလမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ပင်ထားကြောင်း ဆိုပါတယ်။

၂၀၂၄ ခုနှစ်ကစလို့ ပြီးခဲ့တဲ့လတွေအထိ မိုင်းနောင်ကျေးရွာနဲ့ မမုန်ကိုင်ကျေးရွာကို KPDF ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားတာဖြစ်ပြီး အင်းအရှေ့ကမ်းရှိ နယ်မြေအတော်များများကိုလည်း ၎င်းတို့ စိုးမိုးထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...