တောင်ကြီး ရထားသံလမ်းဘေးရှိ နေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်းနေ

တောင်ကြီး ရထားသံလမ်းဘေးရှိ နေအိမ် ၁၀၀ နီးပါးကို စစ်ကောင်စီ ဖယ်ရှားခိုင်းနေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရထားသံလမ်းဘေး အနီးဝန်းကျင်နေထိုင်သည့် နေအိမ် ၁၀၀ ကျော်ကို စစ်ကောင်စီမှ လာရောက် ဖယ်ရှားခိုင်းနေကြောင်း သတင်းရရှိသည်။

တောင်ကြီး-ဖာမွန်းကြားရှိ ရထားပိုင်နယ် နိမိတ်အတွင်းရှိ အဆောက်အဦးများ၊ ခြံမြေများကို ဇူလိုင်လ (၂)ရက်နေ့မှ စ၍ ဇူလိုင်လ (၁၅)ရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်လက်အောက်ခံ မြန်မာ့မီးရထား အင်ဂျင်နီယာမှူးက ပြီးခဲ့သည့် ဇူလိုင်လ (၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ရထားသံလမ်းဘေး၌ မလွတ်သည့် နေအိမ်များမှာ အိမ်ခြေ ၁၀၀ နီးပါးရှိပြီး အချို့သော ဆိုင်ခန်းများ၊ နေအိမ်များကို ဘက်ဟိုး အသုံးပြုကာ ဖယ်ရှားနေရပြီဖြစ်ကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ရထားလမ်းဘေးက အဆောက်အဉီးတွေ အကုန်ဖယ်ခိုင်းတာ စကိတ်ကွင်း ဘေးနား ရထားလမ်းရော၊ အိမ်တွေအကုန်ဖယ်ခိုင်းတာ၊ အခုဆိုင်တွေတောင် ဖြိုနေပြီ။ ကျနော်တို့တော့ ဖြိုပြီးပြီ။ ဖယ်တော့ ဖယ်ပေးရမှာ။ အိမ်ခြေက ၁၀၀ လောက်ရှိမယ် ထင်တယ်။ ရထားလမ်းဘေးနဲ့ မလွတ်လို့ထင်တယ် ဖယ်ခိုင်းတာက။” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ထို့အပြင် တောင်ကြီးတွင် နေအိမ်ဖယ်ရှားဖို့ ဖိအားမပေးသေးသော်လည်း ကလောမြို့ရှိ ရထားလမ်းဘေးနှင့် ပေ (၂၀)အကွာရှိ အဆောက်ဦးများကို ဘက်ဟိုးဖြင့် ကုတ်ကာ စစ်ကောင်စီကိုယ်တိုင် ဖယ်ရှားလိုက်ပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဆက်လက်ပြီး စစ်တပ်လက်အောက်ခံ များမှ ရထားလမ်းဘေး၌ရှိသည့် နေအိမ်များကို ပြဿနာရှာနေပြီး ဆန်းချိတ်အမိုးများကိုလည်း လိုက်လံဖြုတ်ခိုင်းနေကြောင်း အသက် ၂၅ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူ့ဟာသူနေတဲ့ ဆန်းချိတ်အမိုးတွေကိုတောင် လိုက်ဖြုတ်ခိုင်းနေတာ။ အခုလည်း ရထားလမ်းဘေးတောင် ကပ်မနေတဲ့ အိမ်တွေကို ရွှေ့ခိုင်းနေတာ။ တစ်ခုမဟုတ် တစ်ခုနဲ့ ပြဿနာရှိတယ်။ရထားက ဘယ်ဆီမှန်းတောင် မသိဘူး ၊ အိမ်တွေတော့ ဖြိုနေရပီ” ဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့ ရထားလမ်းစီမံကိန်းကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရွှေညောင်မှ အေးသာယာ၊ တောင်ကြီး အတက်လမ်း၊ ထီသိမ်မှ မြို့ကိုဖြတ်၍ တောင်ကြီး -ဟိုပုံးသွားလမ်းမှ တစ်ဆင့် မီးပုံးပျံကွင်း သွားလမ်းအတိုင်း ရထားလမ်းဖောက်လုပ်ထားသည်။

June 1, 2026
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)...
May 30, 2026
သျှမ်းပြည်တောင်ပိုင်း၊ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လက်သမားခ တစ်နေ့လျှင့် ကျပ်ငွေ...
May 29, 2026
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး...
May 28, 2026
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး...