ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပြီဟုဆို

ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာပြီဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသ ရိခေါဒါရ်မြို့မှ CNO/CNDF တပ်ဖွဲ့များ ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် ဆုတ်ခွာသွားပြီး ချင်းအမျိုးသားတပ်မတော် CNA နှင့် နယ်မြေခံတပ်ဖွဲ့ဖြစ်သော CDF-Hualngoram တပ်ဖွဲ့တို့ ပြန်လည်ဝင်ရောက်ပြီဟု သိရသည်။

“သူတို့(CNO/CNDF) ဒီမနက် ၅ နာရီလောက်မှာ ပြန်ဆုတ်သွားကြပါပြီ” ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့တို့သည် ဇူလိုင်လ ၂ ရက်နေ့ကစ၍ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြပြီး

နောက် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေး စခန်းတည်ရှိရာ ရိခေါဒါရ်မြို့ကို ဇူလိုင်လ ၅ ရက်နေ့မှာ CNO/CNDF တပ်ဖွဲ့က ထိန်းချုပ်နိုင်ခဲ့သည်။

ရိခေါဒါရ်မြို့သည် HPO/CDF-Hualngoram တပ်ဖွဲ့က ဒေသန္တရအစိုးရအုပ်ချုပ်ရေးလုပ်ငန်းလည်ပတ်နေသည့်မြို့ ဖြစ်သကဲ့သို့ ချင်းအမျိုးသားတပ်မတော် CNA တပ်မဟာ ၄ အခြေစိုက်ရာဒေသလည်းဖြစ်ပါသည်။

CNO/CNDF က ယင်းဒေသကို သိမ်းပိုက်ခဲ့သည့်အတွက် CNA, CDF-Hualngoram နဲ့ CNO/CNDF တပ်ဖွဲ့တို့အကြား စစ်ရေးအခြေအနေလည်း ပိုမိုတင်းမာလာခဲ့ပြီး ဖလမ်းမြို့နယ်အတွင်းရှိ အခြားဒေသများတွင် အပြန်အလှန်ပစ်ခတ်မှုအထိ ဖြစ်ပွားလာခဲ့သည်။

အဆိုပါတိုက်ပွဲကြောင့် ရိခေါဒါရ်မြို့နှင့် အနီးပတ်ဝန်းကျင်ကျေးရွာက ဒေသခံပြည်သူ ၃၀၀၀ ကျော်တို့သည် မီဇိုရမ်ပြည်နယ်ဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတအပါအဝင်၊ NUCC၊ ချင်းဘာသာရေးအဖွဲ့အစည်းများ၊ မီဇိုရမ်ပြည်နယ်ဘက်က အရပ်ဖက်အဖွဲ့အစည်းများကလည်း နှစ်ဖက်တပ်ဖွဲ့ကြား သဘောထားကွဲလွဲမှုများကို စစ်ရေးဖြင့်မဖြေရှင်းဘဲ ငြိမ်းချမ်း သောနည်းလမ်း ဖြင့်အဖြေရှာကြရန်အသီးသီးတောင်းဆိုခဲ့ကြသည်။

လက်ရှိတွင်လည်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်မှုဖြင့်ဖွဲ့စည်းထားသော Advocacy Group for Peace အဖွဲ့၏ ကြားဝင်စေ့စပ်မှုဖြင့် CNF/CNA, HPO/CDF-Hualngoram နဲ့ CNO/CNDF တို့အကြား ညှိနှိုင်းဆွေးနွေးမှုများဆက် လက်ဆောင်ရွက်နေကြောင်းသိရသည်။

Most read this week

August 26, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ပလက်ဝမြို့နယ်၊ မရာဒေသ၊ ရွှေလိုက်ဝကျေးရွာအနီးရှိ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (...
August 19, 2026
ချင်းတော်လှန်ရေး အင်အားစုများ ဖြစ်ကြသည့် ချင်းပြည်ကောင်စီ (CC) အင်အားစုနှင့် ကြားကာလ ချင်းအမျိုး...
August 19, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ် ရပ်ကွက်တိုင်းနီးပါးတွင် စစ်အုပ်စုတပ်နှင့် လူဝင်မှုကြီးကြပ်ရေးဌာန...
ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...