ရခိုင်တွင် အခမဲ့ပညာသင်ကြားရေးစနစ် တိုးမြှင့်လုပ်ဆောင်လာ

ရခိုင်တွင် အခမဲ့ပညာသင်ကြားရေးစနစ် တိုးမြှင့်လုပ်ဆောင်လာ

ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြို့နယ်အချို့တွင် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးနှင့်ပတ်သက်၍ အခမဲ့ပညာကြားရေးစနစ် တိုးမြှင့်လုပ်ဆောင်လာနေသည်။

လက်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်း၊ မြေပုံစသည့်မြို့နယ်တို့တွင် မြို့နယ်အလိုက် လူမှုကူညီရေးအဖွဲ့များက အကောင်အထည်ဖော်ဆောင်ရွက်နေကြသည်။

စစ်ဘေးရှောင် ကလေးများ၊ ဆင်းရဲနွမ်းပါးသူကလေးများ လူမျိုးဘာသာမရွေးပညာသင်ကြားနိုင်ရန် ရည်ရွယ်ကြောင်း တန်းခိုးဆရာထွန်း ပညာရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အဓိက စာသင်ဆောင်တွေ ဆောက်လုပ်ဖို့ ငွေကြေး မလုံလောက်သေးဘူး။ အလှူငွေ နည်းနေသေးတယ်။ တချို့ကျောင်းသားတွေတော့ ကျောင်းစတက်နေကြပြီ။ တချို့နေရာတွေမှာ စာသင်ဆောင် မဆောက်နိုင်သေးလို့ Home School အနေနဲ့ တစ်လလောက် လုပ်သွားဖို့ စီစဉ်ထားတယ်" ဟု တန်းခိုးဆရာထွန်း - ပညာရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

တန်းခိုးဆရာထွန်း အခမဲ့ပညာသင်ကြားရေးစင်တာကို ပြီးခဲ့သည့် ဧပြီလမှ စ၍ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ အမ်းမြို့နယ်တို့တွင် စာသင်ကျောင်း ၁၈ ခုထိ ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

လက်ရှိ တန်းခိုးဆရာထွန်း ပညာရေးစင်တာမှ မြို့နယ် ၅ ခုတွင် ကျောင်းသား/သူ ၃,၀၀၀ ခန့်ကို ပညာသင်ကြားပေးလျက်ရှိသည်။

မြေပုံမြို့နယ်တွင်လည်း လေးဝတီမျိုးသျှစ်အသင်းမှ ဦးဆောင်ပြီး အခမဲ့ပညာသင်ကြားရေးကျောင်း ဖွင့်လှစ်ထားကာ မူလတန်းမှ တက္ကသိုလ်ဝင်တန်းထိ ကျောင်းသား/သူ ၄၀ ခန့် ပညာသင်ကြားပေးနေသည်။

"အနာဂတ်မျိုးဆက်သစ် ကလေးတွေအတွက် ပြည်ပရောက် ရခိုင်လူမျိုးတွေရဲ့ လှူဒါန်းမှုတွေနဲ့ ရခိုင်ပြည်ထဲမှာနေတဲ့ လူမျိုးဘာသာမရွေး အကုန်လုံး အခမဲ့ ကျောင်းတက်နိုင်အောင် စီစဉ်ထားတာပါ။ တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ မိဘတွေမှာ ကလေးတွေကို စာမသင်နိုင်တော့လို့ ဒီမှာ လာအပ်ကြတာရှိတယ်။ စစ်ဘေးရှောင်ကလေးတွေ ပါတယ်။ ပြီးတော့ မသန်စွမ်းမိဘတွေရဲ့ ကလေးတွေပါတယ်" ဟု လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း ဥက္ကဋ္ဌ ဦးခိုင်ထွန်းက ပြောသည်။

လက်ရှိ ပညာသင်ကြားနေကြသော ကျောင်းသား/သူများအတွက် စားရေးကိရိယာနှင့် ထီး၊ မိုးကာအင်္ကျီ စသည့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေပြီး အလှူငွေရရှိမှု နည်းပါး၍ ဖြည်ဆည်းမပေးနိုင်သေးကြောင်း ဦးခိုင်ထွန်းက ဆက်ပြောသည်။

တန်းခိုးဆရာထွန်း ပညာရေးစင်တာအနေဖြင့် ရခိုင်က မြို့နယ်အားလုံးနီးပါးတွင် အခမဲ့ပညာသင်ကြားရေး ကျောင်းဖွင့်လှစ်နိုင်ရန် စီစဉ်ထားပြီး အခြားမြို့နယ်များတွင်လည်း အလှူငွေရရှိမှုအပေါ်မူတည်၍ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဒီစနစ်လုပ်လာတာ အရမ်းကောင်းတယ်။ တခြားမြို့နယ်တွေမှာလည်း လုပ်နိုင်ရင် ပိုကောင်းမယ်။ ပြီးတော့ ULA/AA အနေနဲ့လည်း စစ်ဘေးရှောင်ကလေးတွေအတွက် ထည့်သွင်းစဉ်းစားပြီး လူမှုကူညီရေးအသင်းတွေနဲ့ ပူးပေါင်းသင့်တယ်။ အဓိက ပညာရေးအထောက်အပံ့တွေ အများကြီးပေးဖို့ လိုအပ်တယ်" ဟု မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် ရခိုင်ပြည်သူများမှာ နေရာအနှံ့တွင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရခြင်း၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်များကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။

ယခုနှစ် ပညာရေးကဏ္ဍကို စနစ်တကျလည်ပတ်မည်ဟု အာရက္ခတပ်တော်ဘက်က ပြောဆိုထားပြီး တစ်ဖက်တွင်လည်း လူမှုအဖွဲ့အစည်းများက ကလေးငယ်များပညာသင်ကြားခွင့်ရရှိရေး ကြိုးပမ်းနေကြသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...