တီးတိန်မြို့နယ် မွာလ်ပီးရွာကစစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ကသိမ်းပိုက်

တီးတိန်မြို့နယ် မွာလ်ပီးရွာကစစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့ကသိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ်မြောက်ပိုင်းကို အင်အားရာချီနဲ့ စစ်ကြောင်းထိုးပြီး ခြေကုပ်ယူထားတဲ့ တီးတိန်မြို့နယ်၊ စီးယင်းဒေသ မွာလ်ပီးကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဇူလိုင်လ ၅ ရက်နေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ကလေးမြို့နယ်အစပ် ခိုင်ကမ်းထိ ဆုတ်သွားတယ်လို့ ချင်းအမျိုးသားတပ်ဦး ( CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/A) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စကစ စခန်းတွေကို သိမ်းပိုက်နိုင်တယ်ဆိုတာ အတည်ပြုလို့ ရပါတယ်။ ဒါပေမယ့် စကစတွေ ကလေးနယ်စပ် ခိုင်ကမ်းကို ဆုတ်ကြတာပါ” လို့ ပြောပါတယ်။

ကလေးမြို့နဲ့ ၁၇ မိုင်အကွာ ကလေး-သိုင်းငင်းလမ်းပေါ်က မွာလ်ပီးကျေးရွာမှာ ခြေကုပ်ယူထားတဲ့ စစ်ကောင်စီစခန်းတွေကို ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည် (Chinland)ကောင်စီတပ်ဖွဲ့ ၊ ချင်းညီနောင်တပ်ဖွဲ့ နဲ့ တခြားမဟာမိတ်ပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၅ ရက်နေ့ မနက် ၆ နာရီကျော်ကနေ ထိုးစစ်ဆင်ခဲ့ပြီး ညနေ ၅ နာရီလောက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတဲ့ ဓာတ်ပုံတွေလည်း ထုတ်ပြန်လာပါတယ်။

မွာလ်ပီးကျေးရွာမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီအကြား နှစ်ဘက် ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပေမယ့် Chin World Media အနေနဲ့ စာရင်းအတိကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကစလို့ ကလေးမြို့ကနေ အင်အားရာချီနဲ့ ချင်းပြည်နယ်မြောက်ကပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တစ်လကျော်အကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...