လယ်ဒိုတွင် စစ်ရှောင်များခိုလှုံရာ ကျောင်းကို ဒရုန်းဗုံးကြဲခံရ ၆ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

လယ်ဒိုတွင် စစ်ရှောင်များခိုလှုံရာ ကျောင်းကို ဒရုန်းဗုံးကြဲခံရ ၆ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်၊ တောကြောင်ပေါက်ရွာရှိ စစ်ရှောင်များ ခိုလှုံနေထိုင်ရာ ကျောင်းကို စစ်ကောင်စီက ဇူလိုင် ၅ ရက်နေ့ ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိသွားသည်ဟု လယ်ဒိုမြို့နယ် ပြောရေး ဆိုခွင့်ရှိသူ ပဒိုဝါးမူက အတည်ပြုပြောသည်။

အဆိုပါကျောင်း၌ နတ်သံကွင်းမြို့ တိုက်ပွဲဖြစ်ချိန်တွင် ထွက်ပြေးလာသည့် စစ်ရှောင်များ ခိုလှုံနေထိုင်နေခြင်း ဖြစ်ပြီး စစ်ကောင်စီက ဒရုန်းဗုန်း ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ နတ်သံကွင်း (၆) ရပ်ကွက်မှ စစ်ရှောင်နေထိုင်သူ ၄ ဦး ကနဦး သေဆုံးသွားခဲ့သည်။

ဒရုန်းဗုံးကြဲချ တိုက်ခိုက်ခံရပြီး ကနဦး သေဆုံးသွားသူများမှာ ဦးမောင်သာစိန် (၆၅) နှစ်၊ ဒေါ်ကြည်မြင့် (၆၄) နှစ်၊ ဦးကျော်နိုင်ဝင်း (၃၅)နှစ်နှင့် မနန်းဦး (၃၀) နှစ်တို့ ဖြစ်ကြသည်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ မဝင်းစိုး (၃၈) နှစ်၊ သူရီစေး (၃၀) နှစ်၊ စောဖါးပေ (၆) နှစ်၊ အမည်များစိစစ်ဆဲ တစ်ဦးနှင့် အသက် (၂) နှစ်အရွယ် ကလေးတစ်ဦး တို့ ဖြစ်သည်။ ထိုသို့ ဒဏ်ရာရရှိသူ ၂ ဦး ရရှိဒဏ်ရာများဖြင့် ထပ်မံ သေဆုံးခဲ့သည်ဟု ကေအဲန်ယူ၊ လယ်ဒိုမြို့နယ်ထံမှ သိရသည်။

“နတ်သံကွင်းမှာ တိုက်ပွဲဖြစ်တဲ့ နောက်ပိုင်းလူထုတွေက အဲဒီမှာ လာရှောင်တာ နတ်သံကွင်းမပြန်ရဲတော့ သူများ အဲဒီကျောင်းမှာ သွားထားလိုက်တာ မနေ့က ရန်သူ ဒရုန်းနဲ့ လာပစ်တော့ ၆ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိသွားတယ်။ အဲဒီက စစ်ရှောင်တွေကို နောက်တစ်နေရာ ပြန်စီစဉ်ရတော့ သူတို့အတွက် အခက်အခဲ တော်တော် ဖြစ်သွားတာပေါ့” ဟု ပဒိုဝါးမူက ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလကလည်း တောကြောင်ပေါက်ကျေးရွာရှိ ဘုရားကျောင်းကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဘုရားကျောင်း၌ စာသင်နေသည့် ကျောင်းသူ ၂ ဦး နှင့် ဆရာမ တစ်ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သေးသည်။

September 19, 2026
ကရင်ပြည်၊ ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်လမ်းရှိ စားသောက်ဆိုင်တစ်ခုတွင် အမည်မသိ လက်နက်ကိုင်တစ်စု...
ဓာတ်ပုံ - CJ
September 18, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် နောင်ထပ္ပံ-နန်းကော်တေး ရွာချင်းဆက်လမ်းတွင် လမ်းသွားလမ်းလာ နန်းကော်...
သံတောင်ကြီးမြို့နယ်အတွင်း ဖာလာစိုက်ပျိုးထားသည့် ဥယျာဉ်ခြံတစ်ခြံအား တွေ့ရစဉ်။ / CJ
September 18, 2026
ပဲခူးတိုင်း၊ တောင်ငူ (တောအူး) ခရိုင်၊ သံတောင်ကြီးမြို့နယ်အတွင်း ဖာလာပေါ်ချိန် ရောက်သော်လည်း...
ပုံဟောင်း / MOI
September 17, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်နှင့် မအူပင်မြို့နယ်တို့တွင် ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ...