မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ

မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်အတွင်းက ခွဆုံ၊ ဥက္ကံ၊ တောင်မြင့်၊ ကုန်ဘောင်နှင့် သျှင်ကျော်၊ စည်းမောင်း၊ ဝက်လှ စသည့်ကျေးရွာများမှ ဒေသခံများမှာ ရာသီတုပ်ကွေးအဖြစ်များနေကြပြီး အသက်ဆုံးရှုံးရသူ နှစ်ဦးထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။

မိုးဦးရာသီ ခြင်ပေါက်ဖွားနှုန်းများလာခြင်းကြောင့် ဇွန်လမှစတင်ကာ ရာသီတုပ်ကွေး အဖြစ်များလာကြောင်း သိရသည်။

“ကျမတို့ရွာမှာဆို အိမ်တစ်အိမ်မှာ သုံးယောက်ဖြစ်၊ ၄ ယောက်ဖြစ်နဲ့ အများစုဖြစ်နေကြတာ။ ရောဂါကပြင်းတော့ ဆေးရုံတက်ရတာတွေ ရှိတယ်။ ကျမတို့ မိသားစုထဲက အသက်ကြီးပိုင်းနဲ့ ကလေးတွေ တော်တော်များများ ဖြစ်နေကြတယ်” ဟု မြောက်ဦးမြို့နယ် ဥက္ကံကျေးရွာမှ အမျိုးသမီးတစ်ဦးက DMG ကိုပြောသည်။

ကုန်ဘောင်ကျေးရွာမှ ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက်ကြီးပိုင်း အမျိုးသားတစ်ဦးတို့မှာ ဇွန်လနောက်ဆုံးပတ်တွင် ရာသီတုပ်ကွေးဖြစ်ပွားရာမှ ရောဂါပြင်းထန်လာသဖြင့် အသက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများကပြောသည်။

မြောက်ဦးမြို့နယ်အတွင်းက လေးမြို့ချောင်းဒေသတွင်လည်း ရာသီတုပ်ကွေး အဖြစ်များနေကြောင်း သိရသည်။

“မိုးစရွာကတည်းက ခြင်တွေမှ တအားကိုက်တာ။ ကိုယ်ခံအားနည်းတဲ့ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေက ပိုဖြစ်ကြတာပေါ့။ အိမ်တိုင်းလိုလိုဖြစ်ကြတယ်” ဟု မြောက်ဦးမြို့နယ်၊ လေညင်းတောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် ယခုနှစ်မိုးတွင်းကာလ ခြင်ပေါက်ဖွားမှုနှုန်း မြင့်တက်နေပြီး ရာသီတုပ်ကွေးနှင့် ငှက်ဖျားရောဂါ အဖြစ်များနေကြသည်။

ရောဂါပြင်းထန်မှုနှင့် ဆေးဝါးလက်လှမ်းမမှီမှုတို့ကြောင့် သေဆုံးသူဦးရေ တိုးလာနေသည်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ မြို့နယ်အချို့တွင် ခြင်ဆေးဖြန်းပေးခြင်း၊ မြေပြင်ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်မှုများ လုပ်ဆောင်နေသော်လည်း ဝေးလန်ခေါင်ဖျားဒေသများမှ ဒေသခံများမှာ ကျန်းမာရေး လက်လှမ်းမီမှုမရှိ ဖြစ်နေကြသည်။

Most read this week

ဓာတ်ပုံ - DMG / (ပုံစာ - နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအား ၂၀၂၁ ခုနှစ်က စစ်တွေမြို့တွင် တွေ့ရစဉ်။)
September 12, 2026
နှစ်ဖက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် စစ်အုပ်စုနှင့် အာရက္ခတပ်တော် (AA) တို့ကြား...
ဓာတ်ပုံ - Myanmar Defence Weapons (File Photo)
September 11, 2026
ရခိုင်ပြည်အတွင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ရခိုင်-ဧရာဝတီအစပ်ရှိ နေရာသုံးခုမှ...
စစ်အုပ်စုတပ်က လက်နက်ကြီး ပစ်ခတ်လေ့ကျင့်နေစဉ်။ / (Photo: Myanmar Defence Weapons)
September 11, 2026
ရခိုင်ပြည်၊ စစ်တွေ - ဝီရဌာနီ (ပေါက်တော) မြို့နယ်အစပ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA)...
September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...