ကျောက်မဲမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၄ ဦးရှိပြီး ထိခိုက်သူ ၁၄ ဦးရှိ

ကျောက်မဲမြို့အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၄ ဦးရှိပြီး ထိခိုက်သူ ၁၄ ဦးရှိ

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ကို စစ်ကောင်စီက မနေ့က ဇွန်လ (၂၄) ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် (၄) ဦးသေဆုံးပြီး (၁၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး ရပ်ကွက် (၃) မှာ တစ်ကြိမ်နဲ့ ရပ်ကွက် ၇ မှာ တစ်ကြိမ် ပြုလုပ်ခဲ့ကာ နေအိမ် (၄၉) လုံးနဲ့ စာသင်ကျောင်း (၂) ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ကျောက်မဲကိုလည်း ဗုံးလာချသွားတယ်လေ ။ စံပြကို ။ စံပြကတော့ ဘူတာနားမှာရှိတယ်။ မိုင်းငေါ့သွားတဲ့လမ်းဘက်ပေါ့။ နောက်တစ်ခုက စျေးကြီးနားမှာ ပဲ လူထိခိုက်မှုတော့များတယ် (၁၀) ဦးအထက်မှာပဲရှိတယ်။ ဖြစ်တဲ့နေရာနဲ့ တော်တော်ဝေးတယ် အဲ့နားကအိမ်တွေတော့ မှန်တွေကွဲတယ်” လို့ ဖြစ်စဉ်ကိုသိတဲ့ ဒေသခံတစ်ဦးက ရှမ်းနီအသံကို ပြောပြပါတယ်။

TNLA ရဲ့ ထုတ်ပြန်မှုအရ  စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာဟာ ဇွန်လ ၂၄ ရက်နေ့ ညနေအချိန်မှာ ရပ်ကွက် (၃) ကို ဗုံးကြဲချမှုကြောင့် ကလေးငယ် (၂) ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ရပ်ကွက် (၇) တွင်လည်း ထိခိုက်ဒဏ်ရာရရှိသူ (၉) ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇွန်လအတွင်းမှာ တအာင်း (ပလောင်) တပ်သိမ်းပိုက်ထားတဲ့ ကျောက်မဲမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပြင် နမ္မတူမြို့နယ် မန်လီကျေးရွာကိုလည်း ဇွန်လ (၁၂) ရက်နေ့က ပေါင် ၅၀၀ ဗုံး (၂) လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်တချို့ ထိိခုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လကို စစ်ကောင်စီပါ၊ TNLA , MNDAA နဲ့ AA တို့ ရဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေကပါ ယာယီအပစ်ခတ်ရပ်စဲကြောင်း ကြေညာထားကြပေမယ့်လည်း MNDAA တပ်နဲ့လွဲပြီး ကျန်တဲ့တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ မန္တလေး-ရှမ်း နယ်စပ် နောင်ချိုမြို့နဲ့ နှစ်မိုင်အကွာက ကျေးရွာတွေမှာ TNLA တပ်ကို  စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုက အပြင်းအထန် တိုက်ခိုက်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။

“နောင်ချိုကတော့ (ဗမာ) စစ်တပ်တွေက ရတော့မယ်ထင်တယ် မြို့ကို နှစ်မိုင်အကွာကနေ ဝိုင်းထားပြီလို့တောင် သိထားရတယ်” လို့ နောင်ချိုဒေသမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

နောင်ချိုမြို့နဲ့ ကျောက်မဲမြို့တို့ကို TNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ် ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်းဖြစ်ပါတယ်။

May 13, 2026
ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့မှာ ရှမ်း(၅)မျိုးကို ကိုယ်စားပြုတဲ့ သျှမ်းမျိုးနွယ်စုရေးရာ(SEA)...
May 12, 2026
၂၀၂၃ ခုနှစ်ကုန်ပိုင်းကနေ လေးနှစ်နီးပါး ပိတ်ပင်ထားခဲ့တဲ့ မန္တလေး-မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို...
May 8, 2026
မန္တလေး-မြစ်ကြီးနား ဗျူဟာလမ်းမကြီးကို စစ်တပ်က အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း မေလ ၆...
May 7, 2026
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG တို့ သိမ်းပိုက်ထားတဲ့မြို့တွေ...