ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ဟွာလ်ငိုးရမ်းဒေသကို State of Emergency အဖြစ် HPO/CDF-Hualngoram ကြေညာ

ချင်းပြည်နယ် ဟွာလ်ငိုးရမ်း‌ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ကောင်းမွန်စွာ လည်ပတ်နိုင်ရန်နှင့် ပြည်သူများ ပိုမိုလုံခြုံမှုရှိစေရန် HPO/CDF-Hualngo ram က ဟွာလ်ငိုးရမ်ဒေသကို State of Emergency အဖြစ်‌ ဇွန်လ ၁၆ ရက်နေ့က ကြေညာလိုက်သည်။

ဇွန်လ ၁၅ ရက်နေ့တွင် HPO/ CDF- Hualngoram ၏ Office Bearer အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီး ဟွာလ် ငိုးရမ်း၏ လက်ရှိအခြေအနေကို ဆွေးနွေးသုံးသပ်ပြီးနောက် State of Emergency ကြေညာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“အဓိကကတော့ CNO/ CNDF ဘက်က ထိုးစစ်ဆင်လာတာတွေများနေလို့။ “ရိ” အပေါ်ကရွာ Khawthlir ရွာမှာ CNO/ CNDF က ဂိတ်အသစ် ဖွင့်လာတော့ ပြီးခဲ့တဲ့ တစ်ပါတ်လုံးမှာ ပြည်သူတွေကို အသွားအလာစီစစ်တာတွေ လုပ်နေ တယ်။ ဈေးသွားဈေးလာလုပ်နေတဲ့ သူတွေကို အရင်က စစ်ကောင်စီလိုမျိုး ဖုန်းတွေကို ဖွင့်ကြည့်ပြီး စစ်တာတွေများနေတော့ ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ဟွာလ်ငိုးရမ်ဒေသထဲမှာ ဒီလိုဖြစ်နေတာ HPO/CDF-Hualngoram အနေနဲ့ ဘာမှ မလုပ်တော့ဘူးလား။ ပြည်သူတွေ အရမ်းဒုက္ခ‌ရောက်နေတယ်။  ဖြေရှင်းပေးပါ ဆိုတော့ ကျွန်တော်တို့ အနေနဲ့လဲ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် လိုအပ်သလိုအရေးယူလို့ရအောင် State of Emergency ထုတ်ပြန်လိုက်ရခြင်းဖြစ်ပါတယ်” ဟု HPO/CDF-Hualngoram မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဤကြေညာချက်ကို ဇွန်လ ၁၆ ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက်မထုတ်ပြန်မီအထိ အကြုံးဝင်မည်ဟု သိရသည်။

Khuathlir ကျေးရွာရှိ CNO/CNDF ၏ စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွား လာသည့်ပြည်သူများ၏ လက်ကိုင်ဖုန်းများကို စစ်ဆေးသည့်အပြင် ငွေကြေးများ တောင်ခံကာ ငွေကြေးမပေးနိုင်သူများအား ဖြတ်သန်းခွင့်မပေးဘဲ ပြန်လွှတ်သည်ဟု ၎င်းကပြောသည်။

ဟွာလ်ငိုးရမ်အတွင်းရှိ အချို့သော CNO/CNDF စစ်ဆေးရေးဂိတ်များတွင် ပြသာနာမဖြစ်သော်လည်း Khawthlir ဂိတ်တွင်မူ ပြည်သူများ လွတ်လပ်စွာ သွားလာခွင့်မရှိသည်မှာ တစ်ပါတ်ခန့်ရှိပြီဟု ဆိုသည်။

“အခု Khawthlir မှာက သူတို့ ဖြတ်သွားဖြတ်လာလုပ်တဲ့သူတွေကို ဟိုမေးဒီမေး လူမျိုးခွဲခြားသလိုနဲ့ CDF- Hualngoram supporter ဆို ပိုက်ဆံတောင်းတာတို့၊ ဖြတ်ခွင့်မပေးတာတို့ ရှိနေလို့။ အခုလို ပြည်သူတွေကို အနှောက်အယှက်ပေးတဲ့ အစုအဖွဲ့တွေကို ဘယ်လို အရေးယူမယ်ဆိုတာတော့ order မရှိပါဘူး။ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတာတော့ မရှိပါဘူး။  ဒါပေမဲ့ ပြည်သူတွေ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ဖို့ CDF-Hualngoram က လိုအပ်သလို စီစဉ်ဆောင်ရွက်နိုင်အောင် HPO က အခွင့်အလမ်းပေးထားတာဖြစ်ပါတယ်” ဟု HPO/CDF-Hualngoram မှ ပြော‌ရေးဆိုခွင့်ရှိသူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ယခုလို တုန့်ပြန်ပြောဆိုသည်။

"Khawthlir မှာ ကျွန်တော်တို့ ဂိတ်ထားထားတာ ကြာပါပြီ CDF – Hualngoram လဲသိမှာပါ၊ ဒါပေမဲ့ အရင်တုန်းကတော့  လုံခြုံရေးကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်တာတော့ နည်းတာပေါ့နော်။ ကျွန်‌တော်တို့အဖွဲ့နှစ်ဖွဲ့ကြား ပဋိပက္ခဖြစ်ပွားတဲ့နောက်မှာ စစ်ဆေးတာတွေလုပ်တယ်။ ငွေကြေးကောက်ခံတာ ဘာတစ်ခုမှမရှိပါဘူး။ ရှိခဲ့လို့ရှိရင်လည်းပြည်သူတွေ CNO/CNDF ထံတိုင်ကြားလို့ရပါတယ်။ ဘယ်ပြည်သူမဆို လွတ်လွတ်လပ်လပ်သွားလာလို့ ရပါတယ်။ ကျနော်တို့လုံခြုံရေးအရ ဖုန်းစစ်ဆေးတာတော့ရှိပါတယ်။ ဒီနေ့ပြောတဲ့ပုံစံလိုမျိုး ပိုက်ဆံမပေးလို့သွားခွင့်မပေးတာမရှိပါဘူး။ သူတို့ကပဲ khawthlir မှာရှိတဲ့သူတွေကို တီအိုဘက်ကို ဝင်ခွင့်မပေးဒါပဲရှိပါတယ်" ဟု ဆလိုင်းတီမီကပြောသည်။

Khawthlir ရွာသည် အိန္ဒိယ- မြန်မာနယ်စပ် ရိခေါဒါရ်မြို့မှ ဖလမ်းမြို့ဘက်သို့ သွားလာရာတွင် အဓိက အသုံးပြုသော လမ်းမပေါ်တွင်တည်ရှိသည်။

December 4, 2025
မြန်မာနိုင်ငံရဲ့ လုပ်ငန်းခွင် အများစုက “ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်“ လို့ သတ်မှတ်ချက်တွေ...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
December 3, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း မူးယစ်ဆေးဝါးရောင်းချသူတွေကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပေမယ့်...
Photo credit - CJ
December 2, 2025
စစ်ကိုင်းနဲ့ကချင်အစပ်က တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ ဗန်းမောက်မြို့ပတ်ဝန်းကျင်တစ်ဝှိုက်...