ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

ဟုမ္မလင်းမြို့ပေါ်မှာ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ပူးပေါင်းတပ်က အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ လဆန်းပိုင်းကစလို့ ည ၇ နာရီနောက်ပိုင်း အပြင်ထွက်တဲ့ အရပ်သားအားလုံး ကလေး၊ လူကြီးမရွေး ဖမ်းဆီးနေတာလို့ ဟုမ္မလင်းမြို့နေ အမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။

“အစကတော့ အသက် ၁၈ နှစ်ကနေ ၃၅ ကြားပဲဖမ်းတာ။ အခုက မဟုတ်တာ့ဘူး ညဘက် အပြင်ထွက်တဲ့လူမှန်သမျှ ဖမ်းတာ ကလေးလူကြီးမရွေးဘူး” လို့ အသက် ၄၀ ကျော်အရွယ် အထက်ဖော်ပြပါ အမျိုးသမီးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေထဲက အသက်ပြည့်တဲ့သူတွေကို စစ်မှုဖမ်းရန်ဖမ်းခေါ်ထားပြီး အသက်မပြည့်တဲ့ ကလေးငယ်တွေကို တစ်ဦးလျှင် ကျပ်သိန်း ‌၂‌၀ ဝန်းကျင်နဲ့ ရွေးယူရတယ်လို့ သိရပါတယ်။

အရပ်သားတွေကို ဖမ်းဆီးရာမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အပြင် ထွေအုပ်ဝန်ထမ်းတွေလည်း ပူးပေါင်းဖမ်းဆီးတာမျိုး လုပ်နေတယ်လို့ သိရပါတယ်။

“ခုနှစ်နာရီနောက်ပိုင်းပါ့ ဖမ်းတာ ခုနှစ်နာရီကနေ ၉ နာရီလောက်ထိကို ပြည်သူ့စစ်နဲ့ ထွေအုပ်တွေကဖမ်းတာ၊ ၁၀ နာရီနောက်ပိုင်းဆိုရင်တော့ စစ်တပ်က လှည့်ပြီးဖမ်းတယ် အဖမ်းခံရတာက မနည်းတော့ဘူး” လို့ တစ်ခြားဒေသခံ အမျိုသားတစ်ဦးက ပြောပါတယ်။

မေလကနေ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့ အရပ်သားစာရင်းအတိအကျကို သိရဖို့ ခက်ခဲပေမယ့် ဒေသခံတွေ ခန့်မှန်းပြောဆိုချက်အရ အယောက် ၁၀၀ ခန့်ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေဟာ ဟုမ္မလင်းမြို့ပေါ်မှာသာမက ကျေးရွာတွေဘက်မှာလည်း တစ်ရွာကို နှစ်ဦးနှုန်း အလေ့အကျခေါ်ယူတာအပြင် ခုနောက်ပိုင်း ညဘက်ဖမ်းဆီးတာတွေလည်း ခပ်စိပ်စိပ်လုပ်လာတယ်လို့ သိရပါတယ်။

ခုလို ဖမ်းဆီးနေတာကြောင့် ပြည်သူများသွားလာရေး ပိုခက်လာတဲ့အတွက် ရွှေ့ပြောင်းသွားတဲ့ မိသားစုတွေလည်း ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week

စစ်အုပ်စုတပ် စစ်သင်္ဘောများ တိုက်ခိုက်ခံရပြီးနောက် ဧရာဝတီမြစ်အတွင်း မျောပါလာသည့် စစ်လက်နက်ပစ္စည်းအချို့ / Crd
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အုပ်စုတပ်၏ စစ်သင်္ဘောများ သယ်ဆောင်လာသည့် စစ်လက်နက်ပစ္စည်းများ နှင့်...
September 4, 2026
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ် စစ်သင်္ဘောအုပ်စုကို ရွှေကူမြို့အနီး...
စက်တင်ဘာလ ၂ ရက်နေ့ စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသည့် တပ်မိသားစု ဝင် များ။
September 3, 2026
ကချင်ပြည်၊ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာစဉ်...
ရွှေကူမြို့နယ်အတွင်း ဇင်းဘုံကျေးရွာ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် မြင်ကွင်း
September 2, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဇင်းဘုံကျေးရွာဘက်သို့ ဩဂုတ်လ ၂၅ ရက်နေ့က...