ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ ထိုးတက်

ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ ထိုးတက်
ရခိုင်ပြည်၊ လွတ်မြောက်နယ်မြေ တစ်နေရာမှ လမ်းဘေးစက်သုံးဆီဆိုင်တစ်ခုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။
ရခိုင်ပြည်၊ လွတ်မြောက်နယ်မြေ တစ်နေရာမှ လမ်းဘေးစက်သုံးဆီဆိုင်တစ်ခုကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ ထိုးတက်သွားကြောင်း ရောင်းချသူများနှင့် ဝယ်ယူသူများထံမှ သိရသည်။

မေလ ပထမအပတ်က  အိန္ဒိယဆီ တစ်လီတာကို ငွေကျပ် ၇,၀၀၀ ကျပ်၊ အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၈,၀၀၀ ကျပ်ရှိခဲ့ရာမှ လက်ရှိတွင် ငွေကျပ် အန္ဒိယဆီ တစ်လီတာကို  ၁၂,၀၀၀ ကျပ်နှင့် အောက်တိန်း (92) တစ်လီတာကို ၁၃,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေပြီး ငွေကျပ် ၄,၀၀၀ ထိ ဈေးနှုန်းမြင့်တက်လာခြင်း ဖြစ်သည်။

လက်ရှိ ရခိုင်ဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုများရှိသဖြင့် လမ်းများ ပျက်စီးနေသောကြောင့် ကုန်စည်စီးဆင်းရာတွင် နှောက်‌နှေးမှုများဖြစ်သဖြင့် ထိုသို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ကျောက်တော်မြို့နယ်မှ စက်သုံးဆီရောင်းချသူတစ်ဦးက ပြောသည်။

“ အဓိကတော့ အိန္ဒိယဖက်က ဆိုရင် မုန်တိုင်းရှိလို့ လမ်းတွေပိတ်ထားတဲ့အတွက် ဆီက မရောင်းဘူး။ ဆောဖက်ကဆိုရင်လည်း လမ်းတွေပိတ်ထားတဲ့အတွက် ဆီက မရောက်တဲ့အတွက် ဆီဈေးတွေက မြင့်တက်သွားတာ။ မိုးရာသီရောက်ရင်တော့ ဒီထက်ဈေးပိုတက်မယ် ထင်တယ် ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်နေသောကြောင့် ကားပြေးဆွဲသူများနှင့် ခရီးသွားပြည်သူများမှာ အခက်အခဲများရှိလာနေသည်။

မြောက်ဦးမြို့မှ ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက “ ဆီတွေက ဈေးတက်နေတော့ ဘေးတွဲဆိုင်ကယ် မောင်းရတာ အဆင်မပြေဘူး။ ဆီက ဒီတစ်ရက်၊ နှစ်ရက်အတွင်းမှာ ပိုပြီးတော့ တက်သွားတာ။ တစ်ရက် ကယ်ရီဆွဲမှ တစ်ရက်စာရတဲ့သူတွေအတွက် ဓာတ်ဆီဈေးက မြင့်တက်နေတော့ အဆင်မပြေဘူး”ဟု ပြောသည်။

တစ်ဖက်မှာလည်း မိုးရာသီအတွင်း လမ်းခရီးအဆင်မပြေသောကြောင့် ဓာတ်ဆီဈေးနှုန်းများ မြင့်တက်သည့်အပြင် ကုန်ဈေးနှုန်းများမှာလည်း မြင့်တက်လာမည့်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ထိုကြောင့် စက်သုံးဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းမြင့် မတက်အောင် ဈေးနှုန်းများကို ULA/AA က ထိန်းညှိပေးရန် လိုအပ်ကြောင်း ထောက်ပြသူများလည်း ရှိကြသည်။

ရခိုင်လူငယ်တစ်ဦးက “ဒီလောက်လူတွေက အလုပ်အကိုင်မရှိတဲ့အထဲ ကုန်ဈေးနှုန်းထပ်တက်လာရင် လူတွေက ငတ်လို့ သေဖို့ပဲ ရှိတော့တယ်။ တစ်ရက်လုပ်မှ ငွေ ၂ သောင်းလောက်ပဲ ရတာ။ ဒီကုန်ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ တာဝန်ရှိတဲ့ ULA/AA အနေနဲ့ ထိန်းသိမ်းပေးဖို့တော့ လိုအပ်တယ်လို့ မြင်တယ်” ဟု ပြောသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ထားသောကြောင့် စက်သုံးဆီနှင့် ကုန်ဈေးနှုန်းများမှာ အဆမတန် မြင့်တက်နေသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...