ကာကွယ်ဆေးအခက်အခဲကြောင့် မိုးမောက်မြို့နယ်က မိခင်နှင့်ကလေးများ စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့သို့ လာရောက်ထိုးနှံရ

ကာကွယ်ဆေးအခက်အခဲကြောင့် မိုးမောက်မြို့နယ်က မိခင်နှင့်ကလေးများ စစ်ရေးတင်းမာနေသည့် ဝိုင်းမော်မြို့သို့ လာရောက်ထိုးနှံရ

စစ်ကောင်စီနဲ့ KIA+PDF ပူးပေါင်းတပ်တို့ကြား စစ်ရေးတင်းမာနေကြတဲ့ ကျေးရွာတွကိုဖြတ်ပြီး  ကာကွယ်ဆေးထိုးနှံဖို့ မိခင်နဲ့ကလေးတွေဟာ မိုးမောက်မြို့နယ်ကနေ ဝိုင်းမော်မြို့သို့ လာရောက်နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မိုင် ၉၀ ဝန်းကျင် အကွာအဝေးရှိတဲ့ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယာန်မြို့ကနေ ဝိုင်းမော်မြို့အထိ ကားခက နှစ်သိန်းခွဲအထိရှိပြီး တချို့မိသားစုတွေက မတတ်နိုင်တာကြောင့် ဆိုင်ကယ်တွေနဲ့ လာရောက်ကြရတယ်လို့ ဆိုပါတယ်။

“ဒေါ့ဖုန်းယန်မြို့ အနီးတဝိုက်က ကျေးရွာတွေက ကလေးတွေ ကာကွယ်ဆေးထိုးဖို့ အခက်အခဲတွေရှိနေတယ်။ အရင်ကတော့ လိုင်ဇာဆေးရုံကနေ ထိုးပေးတယ်။ အခုနောက်ပိုင်း မလုံလောက်လို့ထင်တယ်။ ဝိုင်းမော်အထိ ကလေးကာကွယ်ဆေးတွေ လာထိုးနေရတယ်။  လမ်းခရီ အရမ်းခက်ခဲတယ်၊ မိုင် ၈၀ ဝန်းကျင်လောက်ကို ကားခကလည်း နှစ်သိန်းခွဲဝန်းကျင်လောက်ပေးရတာ၊ ကားခမတတ်နိုင်တဲ့ မိသားစုတွေဆိုရင် ဆိုင်ကယ်နဲ့လာရပါတယ်” လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရှမ်းလူငယ်တစ်ဦးက ပြောပြပါတယ်။

ဒေါ့ဖုန်းယာန်တဝိုက်က မန်ဆိုင်း၊ လားလုံ၊ ဖာကေ၊ နောင်နင်း ကျေးရွာအပါအဝင် တခြားသော ကျေးရွာက မိခင်နဲ့ကလေးတွေဟာ ကာကွယ်ဆေးတွေ လာရောက်ထိုးနှံနေကြရတာလည်းဖြစ်တယ်လို့ သိရပါတယ်။

ဝိုင်းမော်မြို့သို့ ဝင်ရောက်တဲ့လမ်းကြောတလျှောက်မှာလည်း  စစ်ဆေးမှုတွေရှိသလို လူငယ်တချို့လည်း ဖမ်းဆီးခံရမှုတွေရှိနေတယ်လို့ ဆိုပါတယ်။

KIA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေနဲ့ မြို့တွေဆီကနေ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့တွေဆီကို သွားလာဖို့အတွက်လည်း ထောက်ခံစာတွေ ယူဆောင်သွားရတာဖြစ်ပြီး ထိုထောက်ခံချက်ရယူရေးအတွက်လည်း အခက်အခဲတွေရှိတယ်လို့ စုံစမ်းသိရပါတယ်။

မိုးမောက်မြို့နယ်နဲ့ ဒေါ့ဖုန်းယာန်မြို့ကို KIA က ၂၀၂၄ ခုနှစ်အတွင်းမှာ သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေကာ ကျန်းမာရေး၊ ပညာရေးတွေ အကောင်အထည်ဖော်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မြန်မာ့ကလေး တစ်သန်းကျော် အရေးကြီးကာကွယ်ဆေးထိုးနှံမှုများ လက်လှမ်းမမှီဖြစ်နေပြီး တစ်ကမ္ဘာလုံးမှာ  မြန်မာနိုင်ငံဟာ ကာကွယ်ဆေး လုံးဝ မထိုးရသေးတဲ့ ကလေးအများအပြားရှိတဲ့ နိုင်ငံတစ်ခုဖြစ်လာကြောင်း UNICEF Myanmar က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...