တနင်္သာရီတွင် စစ်ရှောင်များ အမိုးအကာနှင့် အထွေထွေလိုအပ်ချက်များ ကြုံတွေ့နေ

တနင်္သာရီတွင် စစ်ရှောင်များ အမိုးအကာနှင့် အထွေထွေလိုအပ်ချက်များ ကြုံတွေ့နေ

တနင်္သာရီ တိုင်းဒေသအတွင်းရှိ စစ်ဘေးရှောင်များအနေဖြင့် မိုးဦးကျချိန်တွင် အမိုးအကာအပါအဝင် အထွေထွေလိုအပ်ချက်များ ကြုံတွေ့နေရသည်ဟု မြေပြင်၌ စစ်ဘေးရှောင်များကို ကူညီနေသူများက တညီတညွတ်တည်း ပြောသည်။

အဆိုပါ ဒေသတွင် လက်ရှိစစ်ရေးတင်းမာနေပြီး ရက်ရှည်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရသူ ၇၀,၀၀၀ ဦးကျော် အထိ ရှိနေပြီး မုတ်သုန်အဝင်စောပြီး မိုးရွာသွန်းမှုများကြောင့် အမိုးအကာများ အဓိက လိုအပ်လျက်ရှိသည်။

ထို့အပြင် စစ်ကောင်စီက ရိက္ခသယ်ဆောင်ခွင့် ကန့်သတ်ချက်များကြောင့် မိုးရာသီ အတွက် ဆေးဝါး၊ ရိက္ခများ စုဆောင်းရန် အခက်ခဲများ ဖြစ်ပေါ်နေသည်ဟု စစ်ဘေးရှောင်းများကို အနီးကပ် ကူညီနေသူ တစ်ဦးက ယခုလို ပြောသည်။

“ဒီနှစ်က မိုးရွာတာ အရင်နှစ်ထက်ပိုပြီးတော့ စောတယ်။ စစ်ဘေးရှောင်အများစုက စစ်ဘေးရှောင် စခန်းထက် ဥယျာဉ်တွေ၊ တောတွေထဲမှာ ရှောင်နေရတယ်။ အဲ့ဒီတော့ သူတို့အတွက်ပိုပြီးတော့ အမိုးအကာတွေက လိုအပ် တယ်။ ပြီးတော့အမြဲတမ်း စစ်ဘေးရှောင်တွေကကြတော့ အရင်ကတည်းက တာလပတ် တခုတည်းကိုဘဲ သုံးပြီး နေရတော့ တချို့ဆွေးပြီးတော့ ပြဲကုန်တဲ့အနေအထားမျိုး ကြုံတွေ့နေရပါတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်အနည်းစုမှာ စစ်ဘေးရှောင်စခန်း၌ နေထိုင်ကြပြီး အများစုသည် နီးစပ် ရာ ဥယျာဉ်ခြံ၊ တောတောင်နေရာများတွင် ဝါး၊ ဓနိနှင့် တာလပတ်များကို အသုံးပြုကာ ယာယီတဲထိုးပြီး နေထိုင် သည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။

“အခုလက်ရှိက စစ်ဘေးရှောင်တွေကို ကူညီနိုင်ဖို့ ငွေရေးကြေးရေး မလောက်ငှမှုတွေ ရှိနေတဲ့အပြင်၊ စကစ က ဒီရိက္ခာပို့တဲ့ လမ်းကြောင်းတွေကို ပိတ်ထားတယ်။ ဒါကြောင့် မိုးတွင်းအတွက် ရိက္ခာစုဆောင်း နိုင်မှုတွေ အားနည်း လာတယ်။ ဆေးဝါးစုဆောင်းနိုင်မှုတွေ အားနည်းလာပါတယ်” ဟု တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင်ကူညီနေသူ အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်း စစ်ဘေးရှောင်အရေအတွက် တစ်လထက်တစ်လ တိုးလာသော်လည်း အလှူငွေရရှိနိုင်မှု နည်းပါးလာခြင်း၊ ကုန်ဈေးနူန်း ကြီးမားလာခြင်း၊ စစ်ကောင်စီက ရိက္ခာပိတ်ဆို့မှုများကြောင့် လာမည့် မိုးရာသီအတွင်း ဆန်၊ စားနပ်ရိက္ခာ၊ ဆေးဝါးလိုအပ်မှု ပိုမိုမြင့်မားလာသည်ဟု စစ်ဘေးရှောင်ကူညီနေသူများက သုံးသပ်ပြောဆိုသည်။

ယခုလို ဆေးဝါးမလုံလောက်မှုများအပြင် မိုးဦးကျချိန် ဝမ်းရောဂါ၊ ငှက်ဖျားရောဂါများ ပိုမိုဖြစ်ပွားလာပြီး ရောဂါစစ်ဆေးရေးကိရိယာ (Test kit) များလည်း လိုအပ်နေသလို နှာစေးချောင်းဆိုး၊ အရေပြားရောဂါ၊ ရာသီတုတ်ကွေးရောဂါများလည်း အဖြစ်များလာနေသည်ဟု ၎င်းတို့က ပြောသည်။

August 31, 2026
ကရင်ပြည်၊ မြဝတီမြို့တောင်ဘက်၊ ဖလူး-ဝေါလေလမ်းပိုင်းရှိ သဲဖြူချောင်းအထက် တောင်ကျောနေရာသို့...
ချင်းပြည်ကောင်စီ၏ အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲ / Press Conference & CNF
August 29, 2026
ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်...
ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...