ဂန့်ဂေါ လယ်မရွာက စစ်ကောင်စီ ဖမ်းဆီးထားသူတွေအားလုံး သတ်ဖြတ်ခံရ

ဂန့်ဂေါ လယ်မရွာက စစ်ကောင်စီ ဖမ်းဆီးထားသူတွေအားလုံး သတ်ဖြတ်ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် လယ်မကျေးရွာကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူအားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက်ပိုင်းမှာ လယ်မကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူ ၁၁ ဦးကို သတ်ဖြတ်ကာ ၂၀ ကျော်ကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ စီ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

"ဒီနေ့မနက်မှာပဲ တပ်နဲ့ ရင်းနှီးတဲ့သူတွေဆီကနေ အသိပေးလာတာပေါ့။ ဖမ်းဆီးခံရသူအားလုံးကို သတ်ပစ်လိုက်ပြီဆိုပြီးတော့ သိရပါတယ်" လို့ ယောအလင်းတန်းမှ ကိုဘကောင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူ ၁၁ ဦးထဲမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးနဲ့ အသက် ၁၆ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လယ်မကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပကဖ ရဲဘော် ၇ ဦးနဲ့ ကလေးငယ် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံရသူအားလုံးထဲက ၁၀ ဦးဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့တာပါ။

ကျန်ခဲ့သူတွေကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ ကို ခေါ်ဆောင်သွားပြီးနောက် မေ ၂၁ ရက်နေ့မှာတော့ အားလုံး သတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းတွေ ထွက်ပေါ်လာတာပါ။

ဓါတ်ပုံ - (Crd - ပုံဟောင်း)
August 15, 2026
မွန်ပြည် လွှတ်တော်တွင် မော်လမြိုင်မြို့ ငွေမိုးလုပ်ငန်းစု၏ ပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို...
August 14, 2026
မော်လမြိုင် ငွေမိုးလုပ်ငန်းစုပိုင်ရှင် ခရိုနီ ဦးမိုးကျော်ကို မွန်ပြည်နယ်လွှတ်တော်၏...
ဓာတ်ပုံ - သံလွင်တိုင်းမ်
August 13, 2026
မွန်ပြည်၊ ရေးမြို့နယ် မြောက်ပိုင်းဒေသတွင် စစ်အုပ်စုတပ်၏ လေကြောင်းရန်ကြောင့် ကျေးရွာ ၁၀ ရွာခန့်မှ...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...