ဂန့်ဂေါ လယ်မရွာက စစ်ကောင်စီ ဖမ်းဆီးထားသူတွေအားလုံး သတ်ဖြတ်ခံရ

ဂန့်ဂေါ လယ်မရွာက စစ်ကောင်စီ ဖမ်းဆီးထားသူတွေအားလုံး သတ်ဖြတ်ခံရ

မကွေးတိုင်း ဂန့်ဂေါမြို့နယ် လယ်မကျေးရွာကနေ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားရသူအားလုံး သတ်ဖြတ်ခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၂ ရက် မနက်ပိုင်းမှာ လယ်မကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး လူ ၁၁ ဦးကို သတ်ဖြတ်ကာ ၂၀ ကျော်ကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ စီ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

"ဒီနေ့မနက်မှာပဲ တပ်နဲ့ ရင်းနှီးတဲ့သူတွေဆီကနေ အသိပေးလာတာပေါ့။ ဖမ်းဆီးခံရသူအားလုံးကို သတ်ပစ်လိုက်ပြီဆိုပြီးတော့ သိရပါတယ်" လို့ ယောအလင်းတန်းမှ ကိုဘကောင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သတ်ဖြတ်ခံရသူ ၁၁ ဦးထဲမှာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် ၂ ဦးနဲ့ အသက် ၁၆ နှစ်အရွယ် ယောကျာ်းလေး ၁ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လယ်မကျေးရွာကို ဝင်ရောက်စီးနင်းပြီးနောက် ပကဖ ရဲဘော် ၇ ဦးနဲ့ ကလေးငယ် ၄ ဦးကို သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံရသူအားလုံးထဲက ၁၀ ဦးဝန်းကျင်ကို ပြန်လွှတ်ပေးခဲ့တာပါ။

ကျန်ခဲ့သူတွေကို ဂန့်ဂေါမြို့ ခ.လ.ရ ၅၀ ကို ခေါ်ဆောင်သွားပြီးနောက် မေ ၂၁ ရက်နေ့မှာတော့ အားလုံး သတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းတွေ ထွက်ပေါ်လာတာပါ။

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...