ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဘုရားကျောင်းအပါအဝင် နေအိမ်အလုံး ၅၀၀ ခန့် ပျက်စီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဟုဆို

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဘုရားကျောင်းအပါအဝင် နေအိမ်အလုံး ၅၀၀ ခန့် ပျက်စီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဟုဆို

ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ၅ လအတွင်းမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ပွဲများကြောင့်  ဖလမ်းမြို့ပေါ်က ဘုရားကျောင်းအပါအဝင် ပြည်သူနေအိမ်နှင့် အစိုးရအဆောက်အအုံပေါင်း ၅၀၀ ခန့် ပျက်စီးခဲ့ရကြောင်း CNO/CNDF တာဝန်ရှိသူကပြောသည်။

“ကျွန်တော်တို့ ဖလမ်းမြို့က ပျက်စီးသွားတဲ့ နေအိမ်တွေက ဂျက်ဖိုက်တာနဲ့ပစ်လို့ လုံးလုံးလျားလျား ပျက်စီးတာ၊ ပြင်လို့ မရတာ ၆၈ လုံးရှိတယ်။ တခြားပြင်လို့ရတဲ့ဟာ Y-12 ကနေပစ်လို့ ခေါင်မိုးပျက်စီးတာမျိုးက ၂၁၇ လုံးရှိပါတယ်။ ကျန်တဲ့ဟာတွေကတော့ အစိုးရအဆောက်အအုံတွေပါ။ နောက် ဘုရားကျောင်းက ၁၀ ကျောင်း ပျက်စီးတယ်။ အစိုးရအဆောက်အအုံတွေနဲ့ဆိုရင် အကုန်လုံးပျက်စီးတာက ၄၀၀ ကျော် ၅၀၀ ကြားလောက် ပျက်စီးသွားပါတယ်” ဟု CNO/ CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။

နေအိမ်ပျက်စီးမှု အများဆုံးမှာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့်ဖြစ်ပြီး မီးလောင်ဗုံးပစ်ခတ်မှုကြောင့်လည်း နေအိမ်များ မီးလောင်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

“ပျက်စီးသွားတဲ့အရာက အထူးသဖြင့် လေကြောင်းကနေ အများဆုံးဖြစ်မယ်။ နောက်ပြီးတော့ အဲလိုလေကြောင်းပစ်တော့ တစ်ခါတစ်လေ ဂက်စ်တွေပေါက်ပြီးတော့ မီးလောင်သွားတာတွေရှိတယ်။ တစ်ချို့က မီးလောင်ဗုံးကြောင့် အိမ်မီးလောင်သွားတာတွေရှိတယ်။ နောက်ပြီးလို့ရှိရင် Y- 12 နဲ့ ၆၀ မမ တခါတလေ ၁၂၂ တွေနဲ့ ချတဲ့အခါကျတော့ အဲဒါတွေကြောင့် ပျက်စီးသွားတဲ့ဟာတွေပါ” ဟု ဆလိုင်းတီမီက ပြောသည်။

လက်ရှိတွင် မိဘပြည်သူများ နေရပ်ပြန်လာနိုင်ရန် မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကာ မြို့တွင်းသန့်ရှင်းရေး၊ သောက်ရေသုံးရရှိရေး၊ လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရေး လုပ်ငန်းများ တတ်နိုင်သမျှ ဆောင်ရွက်နေသည်ဟု ၎င်းက‌ဆိုသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေးအ‌ဖြစ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်ဖော်ဆောင်‌ခဲ့ရာ ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုမြို့သိမ်းတိုက်ပွဲအတွင်း ချင်းညီနောင်အဖွဲ့ဝင်များနှင့် မဟာမိတ်တပ်ဖွဲ့ဝင် ၈၉ ဦးကျဆုံးပြီး ရဲဘော် ၃၀ ဦးမှာ ကိုယ်လက်အဂ်ါဆုံးရှုံးခဲ့ရကာ အယောက် ၅၀၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

July 17, 2026
ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ်နှင့် အနီးဆုံးတွင် တည်ရှိသော ချင်းပြည် မြောက်ပိုင်း၊...
July 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်နှင့် အာရက္ခဒေသအတွင်းရှိ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင်...
July 15, 2026
မလေးရှားနိုင်ငံတစ်ဝန်းရှိ အထောက်အထားမဲ့ နိုင်ငံခြားသားများ နေထိုင်လုပ်ကိုင်ရာ နာမည်ကြီးနေရာ ၁၈...
July 14, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်နှင့် ကန်ပက်လက်မြို့များသို့ ထိုးစစ်ဆင်နေသော စစ်တပ်သည် အထိနာ၍...