ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ မိုးရွာသွန်းမှုကြောင့် ရေနှောက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေ

ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းတစ်နေရာမှာ မိုးရွာသွန်းမှုကြောင့် ရေနှောက်ပြီး သောက်သုံးရေ အခက်အခဲဖြစ်နေ

ကရင်နီပြည်၊ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ရေချောင်းဘေးမှာ နေထိုင်ကြတဲ့ စစ်ရှောင်စခန်းတစ်နေရာမှာ မိုးရွာသွန်းပြီးနောက် ရေနှောက်ပြီး သောက်သုံးရေး အခက်အခဲဖြစ်နေကြတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“နောက်ပိုင်း မိုးတွေ ထပ်ကြီးလာမယ်ဆိုရင် အရမ်းအခက်အခဲ ဖြစ်တယ်။ ကလေးတွေအတွက် အန္တရယ်လည်း များတယ်” လို့ စစ်ရှောင်စခန်း အတွင်းရေးမှူးတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းက လူထုတွေဟာ ချောင်းရေကို အသုံးပြုပြီး ချက်ပြုတ်ရေးနဲ့ တစ်ကိုယ်ရေးသန့်ရှင်းရေး၊ အဝတ်အစားလျှော်ဖွပ်ရေးတွေမှာ အဓိက အသုံးပြုနေကြတာပါ။

တောင်ပေါ်က စီးဆင်းလာတဲ့ တောင်ကျရေကြောင့်လည်း ရေနှောက်ပြီး သောက်သုံးဖို့ အဆင်မပြေတဲ့အတွက် တခြားတစ်နေရာကနေ သွားရောက်ခပ်ယူနေကြတယ်လို့ ဆိုပါတယ်။

“အခုက သောက်ရေနဲ့ အရမ်းအခက်အခဲ ဖြစ်တယ်။ မိုးတွေ အရမ်းကြီးလာရင် ရေက အရမ်းနှောက်တယ်။ သောက်သုံးရေ မပြောနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး သုံးဖို့တောင်မှ အဆင်မပြေဘူး” လို့ အတွင်းရေးမှူးက ဆက်ပြောပါတယ်။

တစ်ကိုယ်ရေသုံးအတွက် ချောင်းရေကို အသုံးပြုကြတဲ့သူတချို့လည်း ယားယံမှုတွေ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။

စစ်ရှောင်အရေး လိုက်လံ ဆောင်ရွက်ပေးနေတဲ့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ ဦးစီးမှူး ဦးစဲရယ်က အဆိုပါ စစ်ရှောင်တွေရဲ့ အခက်အခဲကို အခုလိုပဲ ပြောပါတယ်။

“ဒီစစ်ရှောင်တွေအတွက်က သောက်ရေ နဲ့ ချက်ပြုတ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းအတွက် အသုံးပြုဖို့ ရေတွေက အတော်လေး လိုအပ်နေတယ်။ ပြီးတော တစ်ဆက်ထဲမှာပဲ ဒီချောင်းကို ဖြတ်ဖို့က တံတား တစ်စင်း လုပ်ဖို့ လိုအပ်နေတယ်။ ဘာလို့လည်း ဆိုရင် ဒီစစ်ရှောင် မှာက ကလေးသူငယ်တွေက များနေတယ်။ ပြီးတော့ နောက်ပိုင်းကျရင် မိုးရာသီလာတော့မှာဆိုတော့ အသွားအလာလုပ်ဖို့က တံတားတစ်စင်းလည်း အရေးကြီးလိုအပ်နေတယ်” လို့ ဦးစဲရယ်က ပြောပါတယ်။

လိုအပ်တဲ့ သောက်သုံးရေတွေကို ရယူဖို့အတွက် ပေ (၂၀၀၀) လောက်ဝေးတဲ့ နေရာကနေ ရေကို ရယူဖို့ ပြုလုပ်နေတာကြောင့် အကူအညီတွေ အများကြီး လိုအပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းက လူထုတွေဟာ ၂၀၂၄ခုနှစ် နိုဝင်ဘာလမှာ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုအရှေ့ခြမ်းကို တိမ်းရှောင်လာကြတာဖြစ်ပါတယ်။

အိမ်ခြေ ၁၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

April 4, 2026
ဒီးမော့ဆိုမြို့နယ်အတွင်းမှာ နေ့စဉ် နှစ်ဖက်ထိတွေ့တိုက်ခိုက်မှုတွေ ပုံမှန်ရှိနေတဲ့အတွက် လူထုတွေ...
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း စစ်ကော်မရှင်တပ်ရဲ့ ဒရုန်းနဲ့ ပစ်ခတ်မှုကြောင့် ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာမှာ နေအိမ်တချို့ မီးလောင်ခဲ့စဉ်။ ( ပုံဟောင်းအသုံးပြုထားသည်။ )
April 3, 2026
ကရင်နီပြည်၊ ဖရူဆိုနဲ့ ဘောလခဲမြို့နယ်အစပ်က ကျေးရွာတရွာမှာ စစ်ကော်မရှင်တပ် တလကျော်ကြာ...
April 2, 2026
ကရင်နီပြည်မှာ ရှိတဲ့ လူငယ်တွေအနေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ အားကောင်းကောင်းနဲ့...
April 1, 2026
သိုးကလေး — အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင်...