မိုးဗြဲဆည်မြောင်းဘေးရှိ လက်ပံကွင်း စစ်ဘေးရှောင်တွေ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး အကူအညီတောင်းခံ

မိုးဗြဲဆည်မြောင်းဘေးရှိ လက်ပံကွင်း စစ်ဘေးရှောင်တွေ သောက်သုံးရေ အခက်အခဲဖြစ်နေပြီး အကူအညီတောင်းခံ

ပြီးခဲ့တဲ့ မေလ အစောပိုင်းကစပြီး မိုးဗြဲမြို့အနီးက လယ်ထဲ ရေသွင်းလွှတ်လာတဲ့ ဆည်မြောင်းမှာ ငါးအစုအပြုံလိုက် သေဆုံးပြီး ပုပ်ပွနေတာကြောင့် ဆည်မြောင်းဘောင်အနီးမှာ နေထိုင်တဲ့ လက်ပံကွင်းစစ်ဘေးရှောင်တွေဟာ သောက်သုံးရေအခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

လက်ပံကွင်းစစ်ဘေးရှောင်တွေအပြင် ဆည်မြောင်းတလျှောက်ဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေ၊ တောင်သူတွေဟာ ဆည်မြောင်းရေဟာ အပုပ်နံ့ရပြီး မသန့်ရှင်းတော့တာကြောင့် ၁၀ ရက်ကြာအထိ သောက်ရေ အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

”သိတဲ့အတိုင်းပဲ မိုးဗြဲဇုံဆိုတော့ ဒီလယ်ကွင်းကနေ ရွေးဖို့လည်း မရှိဘူး။ ဒီတောက်လျှောက်မှာပဲ စစ်ဘေးရှောင်တွေက နေကြတာ။ မြို့ဘာညာ သွားလာခက်ခဲတာကြောင့် ဆည်မြောင်းဘောင်နားပဲ နေကြတာပေါ့။ အဲ့တော့ မေလ ၁ ရက်နေ့မှာတော့ ဆည်မြောင်းဘောင်ထဲကို အဆိပ်ခပ်လိုက်တော့ ငါး၊ မြွေကအစ သေတာပေါ့။ ရေလည်း သောက်သုံးလို့မရတော့ နံလည်းနံတယ်။ လေတိုက်လည်း အနံ့ရတယ် ရောဂါပါဖြစ်မှာတောင် စိုးရိမ်ရလို့။ အဓိက သောက်ရေကို လိုနေတာပေါ့“ လို့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာတော့ ဆည်မြောင်းရေကို အသုံးပြုလို့ မရတာ ၁၀ ရက်နီးပါးရှိနေပြီး သုံးရေကို ဘီလူးချောင်းကနေ သုံးစွဲယူနေပေမယ့် သောက်သုံးရေအတွက် အခက်ခဲရှိနေတာပါ။ ဆည်မြောင်းရေ အသုံးပြုမိသူ တချို့ကတော့ ယားယံတာ ၊ ခေါင်းမူးတာနဲ့ အော့အန်မှုတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

“အခုဆိုရင် ကလေးတွေလည်း မနေချင်တော့ဘူး။ အပုပ်နံတွေ တအားဆိုးတော့ ပြောင်းရွေ့ကုန်တာပေါ့။ ဒါပထမဆုံး တွေ့ဖူးတာပေါ့။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မှာပေါ့။ ရေတဖက်၊ ငါးသေတာ တအားများ၊ ပုပ်သိုးနေတော့ ပြီးတော့ ခုတလော လက်နက်ကြီး တအားလာတော့ ကြောက်လို့ ပြောင်းတာလည်း ဖြစ်မှာပေါ့” လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ ငါးအစုအပြုံလိုက် သေဆုံးတဲ့ မိုးဗြဲဆည်မြောင်းဟာ (၄) မိုင်ခန့် ရှည်လျားတဲ့ ဆည်မြောင်းဖြစ်ပါတယ်။ အခုလို ငါးသေဆုံးမှုဖြစ်စဉ်ကိုလည်း ပထမဆုံးအကြိမ် တွေ့ကြုံရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

မိုးဗြဲဆည်မြောင်းဘေးက လက်ပံကွင်း စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၄၀ ကျော်ရှိပြီး လူဦးရေ ၁၀၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။

Google Map
April 25, 2026
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့နယ်က “ထိုက်ချန်”အမည်ရ အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်ပြီး...
April 24, 2026
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားများ၊ အရပ်သားပြည်သူပိုင်နေရာများကို...
Photo crd- Thai PBS World
April 23, 2026
ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Mr. Sihasak Phuangketkeow ၏ မြန်မာနိုင်ငံ၊...
April 22, 2026
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် မဲဆောက်မြို့သို့ နိုင်ငံဖြတ်ကျော်ဝင်လာမည့်...