စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ကျေးရွာ ၈ ရွာက နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီး

စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ကျေးရွာ ၈ ရွာက နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီး

ပုံစာ - စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခဲ့သောကြောင့် မီးလောင်ပျက်စီးခဲ့ရသည့် ဦးကင်းကျေးရွာကို ပြီးခဲ့သည့် မတ်လ ၇ ရက်က တွေ့ရစဉ်။

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာ ၈ ရွာက နေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း စုံစမ်းသိရသည်။

DMG က ကောက်ယူထားသည့် စာရင်းများအရ ဖေဖော်ဝါရီ ၂၀ ရက်မှ ဧပြီ ၁၅ ရက်ထိ ဦးကင်း၊ ကြတ္တိန်၊ ရှောက်ချောင်း၊ ကပ်သပြေ၊ ကြံချိုင်၊ ထောင့်ချောင်း၊ ပြင်ရှည်နှင့် ကုလာဘာကျေးရွာတို့တွင် နေအိမ် ၅၂၄ အိမ်ထက်မနည်း ပျက်စီးခဲ့ခြင်းဖြစ်သည်။

“နေအိမ်အများစုကတော့ ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချလို့ မီးကူးစက်ရာကနေတစ်ဆင့် ပြာကျပျက်စီးသွားတာတွေ များပါတယ်။ လက်နက်ကြီးနဲ့ လေယာဉ်ကနေ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့်လည်း ပျက်စီးသွားတဲ့ အိမ်တွေရှိတယ်။ အဓိက, ကတော့ စစ်တပ် (စစ်ကောင်စီ) ဟာ ရွာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်လို့ ခုလို ဆုံးရှုံးရတာပါ” ဟု ဦးကင်းကျေးရွာသားတစ်ဦးက ပြောသည်။

DMG စာရင်းအရ ဦးကင်းကျေးရွာတွင် နေအိမ် ၁၈၀ ဆောင်၊ ကြတ္တိန်ကျေးရွာတွင် ၁၇၄ ဆောင်၊ ရှောက်ချောင်း ရွာတွင် ၁၂၀ ဆောင်၊ ကြံချိုင်ကျေးရွာတွင် ၁၈ ဆောင်၊ ကပ်သပြေကျေးရွာတွင် ၁၅ ဆောင်၊ ထောင့်ချောင်းကျေးရွာတွင် ၁၃ ဆောင်၊ ပြင်ရှည်ကျေးရွာတွင် ၂ ဆောင်နှင့် ကုလာဘာကျေးရွာတွင် ၂ ဆောင်တို့ ဖြစ်ကြသည်။

ယင်းကျေးရွာသားများမှာ လက်ရှိတွင် နေရပ်ကိုစွန့်ခွာ၍ ဆွေမျိုးရှိရာ အခြားကျေးရွာများနှင့် ULA/ AA က စီစဉ်ပေးထားသော နေရာတို့တွင် နေထိုင်နေကြပြီး နေထိုင်စားသောက်ရေး အခက်အခဲများ ရှိနေကြသည်။

“တိုက်ပွဲကြား ဗြုန်းစားကြီး ထွက်ပြေးခဲ့ရတာဆိုတော့ တစ်သက်လုံး ရွာဖွေစုဆောင်းထားသမျှ ပစ္စည်းတွေရော၊ ရိတ်သိမ်းထားတဲ့ ဆန်၊ စပါးတွေရော အကုန်လုံးက အိမ်မှာကျန်ခဲ့တာ။ အိမ်မှာကျန်ခဲ့တဲ့ ပစ္စည်းတွေက မီးလောင်တဲ့အထဲ အားလုံးပါသွားတော့ အခု စားဝတ်နေရေးအတွက် အရမ်း ဒုက္ခရောက်တယ်” ဟု ကြတ္တိန်ကျေးရွာသားတစ်ဦးက ပြောသည်။

ကျောက်ဖြူတွင် စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် နေအိမ်များ ပျက်စီးခဲ့ရသော ကျေးရွာများအပြင် နောက်ထပ် နှမ်းဖဲတောင်၊ ပြိုင်းစေ့ကေ၊ ကန္ဒီး၊ မင်းတပ်တောင်၊ ဝါးတော၊ မအူတော၊ ကုလာဘာတောင်ကြီး စသည့် ကျေးရွာ၂၀ ခန့်က ဒေသခံ ၂၄,၀၀၀ ကျော် နေရပ်စွန့်ခွာနေရသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာ၊ နှမ်းဖဲတောင်ကျေးရွာနှင့် ပြင်ရှည်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်နေသည်။

သို့သော်လည်း တိုက်ပွဲဧရိယာမဟုတ်သော ဆင်ဘုတ်၊ မင်းပြင်နှင့် ဇင်ချောင်းကျေးရွာများကိုပါ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏ ပြုလုပ်လျက်ရှိသည်။

ဖားကန့်‌ဒေသတွင်း မြေစာပုံပြိုကျ၍ သေဆုံးသွားသူရုပ်အလောင်းများအား ရှာဖွေနေစဥ်။ ဓာတ်ပုံ - ပေးပို့
June 30, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ နမ့်မှော်‌ကျေးရွာ သုံးသိန်းမှော်ဘက် မြေစာပုံပြိုကျမှုတွင် သေဆုံးသူ ၇...
ကျောက်ဖြူမြို့အဝင်ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - DMG
June 29, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်တွင် အခြေခံစားနပ်ရိက္ခာ...
ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...