မောင်တောမြို့‌ပေါ်မှ မွတ်ဆလင်စစ်ဘေးရှောင်များအား နေရပ်ပြန်ခွင့်ပြု

မောင်တောမြို့‌ပေါ်မှ မွတ်ဆလင်စစ်ဘေးရှောင်များအား နေရပ်ပြန်ခွင့်ပြု

မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ မောင်တောမြို့ပေါ်ရှိ၎င်းတို့၏နေအိမ်များသို့ ပြန်လည်နေထိုင်ခွင့်ပြုပေးလိုက်ပြီဟု သတင်းရရှိသည်။

စစ်ဘေးရှောင် ဒေသခံမွတ်ဆလက်တစ်ဦးက "ဧပြီလ ၇ ရက်နေ့မှာ ရပ်ကွက် (၁) နဲ့ ရပ်ကွက် (၄) ကို ဝင်ရောက်ခွင်ပြုခဲ့ကြတယ်။ ၈ ရက်နေ့မှာ ရပ်ကွက် (၂) ဝင်ခွင့်ရခဲ့ကြတယ်။ လက်ရှိမှာ စည်ကားလာနေတယ်။ လွတ်လပ်စွာ သွားလာလို့လည်းရကြပါတယ်" ဟု ပြောကြားသည်။

စစ်ဘေးရှောင်နေချိန်ကာလအတွင်း  နေအိမ်များ ဖောက်ထွင်းခံရမူများရှိခဲ့ပါက ပျောက်ဆုံးပစ္စည်းစာရင်းများနှင့်အတူ အာရက္ခပြည်သူတော်လှန်‌ရေးအစိုးရထံ တိုင်တန်းဖို့ မှာကြားလိုက်ကြောင်း လှဖိုးခေါင်းယာယီဒုက္ခသည်စခန်းမှ နေအိမ်ပြန်ခွင့်ရသူ မွတ်ဆလင်လူကြီးတစ်ဦးက နိရဉ္စရာသို့ပြောဆိုသည်။

"နေအိမ်တွေ ဖောက်ခံထားရသူတွေရှိရင် ပျောက်ဆုံးပစ္စည်းစာရင်းတွေပြုစုပြီး AA ထံ တိုင်ကြားပေးကြဖို့ တာဝန်ရှိသူတွေ မှာကြားလိုက်ကြတယ်" ဟု ပြောဆိုသည်။

မောင်တောမြို့ပေါ် မွတ်ဆလင်စစ်ဘေးရှောင်အများစုသည် လှဖိုးခေါင်တွင် စစ်ဘေးရှောင်များအဖြစ် ယာယီခိုလှုံခဲ့ကြရပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစပြီး အသုတ်လိုက် နေရပ်ပြန်ရန်အတွက် အာရက္ခတပ်တော် AA က ခွင့်ပြုခဲ့သည်ဟု ပြောဆိုသည်။

“မိသားစုအလိုက် အိမ်ထောင်စုစာရင်းတွေ ထုတ်ပေးထားသလို သယ်ယူပို့ဆောင်ရေးအတွက်လည်း ဒေသခံမွတ်ဆလင် ရပ်မိ/ရပ်ဖတွေနဲ့ AA စစ်ဒေသမှူးတို့မှ အတူတကွ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပါတယ်။ အခု အေအေတာဝန်ရှိသူတွေက ကျွန်တော်တို့အပေါ်မှာ ဆက်ဆံရေးကောင်းမွန်သလို လိုအပ်တာတွေ ကူညီနေတာတွေလည်းရှိပါတယ်” ဟု ၎င်းကပြောကြားသည်။

မောင်တောမြို့အတွင်း တိုက်ပွဲကာလ၌ မြို့ဒေသခံများ စစ်‌ဘေးရှောင်နေခဲ့ကြရစဥ် ဖောက်ထွင်းခိုးယူမူကျူးလွန်သူ ဒေသခံ ၁၀၀ ကျော်အား အာရက္ခတပ်တော် AA မှ ဖမ်းဆီးအရေးယူပြီး ထောင်ဒဏ်အသီးသီးချမှတ်ထားကြောင်း‌ ဒေသခံများထံမှ သိရသည်။

August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...
ဓာတ်ပုံ - စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ မြင်ကွင်း။ Photo: Narinjara / AA
August 10, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ကျောက်ကြီးကျေးရွာ အနီးဝန်းကျင်နှင့် ဆေးရုံအနီးတို့ကို စစ်တပ်က...
August 8, 2026
ရခိုင်ပြည်၊ စစ်တွေမြို့ကို အာရက္ခတပ်တော် (AA) ဝင်ရောက်တိုက်ခိုက်လာနိုင်သည်ဟု ယူဆနေသည့် စစ်အုပ်စု...