ဖလမ်းမြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းညီနောင်သိမ်းပိုက်၊ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျှက်ရှိ

ဖလမ်းမြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းညီနောင်သိမ်းပိုက်၊ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျှက်ရှိ

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အချက်အချာကျသည့် ဖလမ်းမြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ်ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ်သိမ်းလိုက်ပြီဟု သတင်းရင်းမြစ်များထံမှ သိရသည်။

ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီ၏ ခလရ - ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နယ်မြေ ရှင်းလင်းရေးများ ဆက်တိုက်ဆောင်ရွက်နေကြောင်း CNDF နှင့် ရှေ့တန်းစစ်မြေပြင်က သတင်းရင်းမြစ်များက ပြောသည်။

"ခလရ ၂၆၈ တပ်ကုန်းကို သိမ်းပါပြီ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်၊ အဲဒီဟာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်" ဟု သတင်းရင်းမြစ်ကပြောသည်။

၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ - ၂၆၈ တပ်ရင်းကို ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ထားကာ ထိုးစစ်ကာလ ၅ လခန့်ရှိလာချိန်တွင် အပြီးသတ် သိမ်းနိုင်ခြင်းဖြစ်သည်။

ဖလမ်းမြို့သိမ်းနိုင်ရေးသည် ချင်းပြည်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များက  ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တို့၏ မြို့သိမ်းတိုက်ပွဲများအတွက် အချက်အချာ ကျနေပြီး စစ်ကောင်စီအတွက်လည်း ချင်းပြည်မြောက်ပိုင်းကို ဆက်ထိန်း ချုပ်နိုင်ရေးတွင် ဖလမ်းက အရေးပါနေသည်ဟု ချင်းအင်အားစုများက ပြောသည်။

မတ်လ ၁၁ ရက်မှစတင်၍ စစ်ကောင်စီက ဖလမ်းမြို့ကို လက်မလွတ်ရရေးအတွက် နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y8၊ Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်း၊ စစ်အင်အားများ ရာချီဖြည့်တင်းနေခြင်းကြောင့် မြို့သိမ်းတိုက်ပွဲမှာ အချိန်ကြာမြင့်ပြီး စိန်ခေါ်မှု အခက်အခဲ အများအပြား ရှိခဲ့သည်။

ဖလမ်းမြို့သိမ်းပိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဘက်ကတော့  တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

March 16, 2026
ချင်းပြည်နယ်၊ တွန်ဇံမြို့နယ်တွင် လှုပ်ရှားနေသော Zomi Revolutionary Army- Eastern Command (ZRA-EC...
March 14, 2026
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အခြားအင်အားစုများနှင့် လက်တွဲပြီး “ဖက်ဒရယ်...
March 12, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံပြီး...
March 11, 2026
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် စစ်ကော်မရှင်တပ်နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှု...