ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ

ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
စစ်ကောင်စီ၏ စစ်ရေးလေ့ကျင်မှုတစ်ခု။ ဓာတ်ပုံ - CINCDS
စစ်ကောင်စီ၏ စစ်ရေးလေ့ကျင်မှုတစ်ခု။ ဓာတ်ပုံ - CINCDS

အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်တို့၏ အရှိန်မြင့်ထိုးစစ်များကြောင့် စစ်ကောင်စီတပ်သား အများအပြားမှာ လက်နက်နှင့်အတူ ထွက်ပြေးနေကြသည့်အတွက် စစ်ကောင်စီက အပူတပြင်း လိုက်လံဖမ်းဆီးနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိ တိုက်ပွဲပြင်းထန်နေသည့် လေးမျက်နှာမြို့နယ်တိုက်ပွဲအတွင်း ထွက်ပြေးနေသည့် တပ်ဖွဲ့ဝင် ၁၅ ဦးကို မတ်လ ၂၄ ရက်တွင် ပုသိမ် - မုံရွာ ကားလမ်းမပေါ်၌ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"လောလောဆယ် သူတို့ကို ကွင်းကောက်က တန်းမြင့်လေ့ကျင့်ရေးကျောင်း (တကက-၅) မှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ ဧရာဝတီမှာ စစ်ကောင်စီတပ်သားအများစုက ပြည်သူ့စစ်အဖြစ် စုဆောင်းခံထားရသူတွေဆိုတော့ သူတို့က စစ်ပွဲတွေမှာ လက်နက်နဲ့ ထွက်ပြေးကြတာများတယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်ကောင်စီက ပြန်လည်ဖမ်းဆီးရမိခဲ့သည့် တပ်သားများမှာ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့ အခြေစိုက် ခမရ (၅၃၄) တပ်ရင်းမှ ဖြစ်ပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ တိုက်ပွဲများကို ရှေ့တန်းပို့ဆောင်ခံထားရသူများဟု သိရသည်။

စစ်ကောင်စီနှင့် အာရက္ခတပ်တော် ပူးပေါင်းတပ်တို့သည် လေးမျက်နှာမြို့နယ်၊ ရေကြည်မြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး လက်ရှိ စစ်ကောင်စီ တပ်စခန်းအချို့ကို ပူးပေါင်းတပ်တို့က သိမ်းပိုက်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ရေကြည်မြို့နယ်ရှိ အမတ (၃၄၄) တပ်ရင်းအနီးရှိ တိုက်ပွဲများ တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်နှင့်အတူ ထွက်ပြေးမှုများရှိခဲ့ပြီး စစ်ကောင်စီက လိုက်လံ ဖမ်းဆီးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ပြည်သူ့စစ်အများဆုံးဖြင့် ရှေ့တန်းစစ်မျက်နှာတွင် တိုက်ခိုက်နေပြီး စစ်ရေးအတွေ့အကြုံနည်းပါးသည့်အတွက် ထွက်ပြေးနေကြခြင်း ဖြစ်သည်။

ရေကြည်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက "ဧရာဝတီတိုင်းက စစ်ကောင်စီအတွက် ပြည့်သူစစ် အများဆုံး ရရှိတဲ့ နေရာဖြစ်တယ်။ အခုတိုက်ပွဲတွေမှာလည်း ပြည်သူ့စစ်အများစုနဲ့ ရှေ့တန်းတိုက်ခိုက်နေတာဖြစ်ပြီး သူ့တို့က စစ်ရေးအတွေ့အကြုံမရှိတဲ့အခါ ထွက်ပြေးကြတဲ့ သူတွေ များတယ်။ အမြဲတမ်း စစ်သားတွေတောင် တပ်ပြေးတွေလည်း အရမ်းများလာတယ်" ဟု ပြောသည်။

လက်ရှိတွင် ဧရာဝတီတိုင်းရှိ လေးမျက်နှာမြို့နယ်၊ ချင်းလယ်၊ ညောင်အိုင်နှင့် ရေကြည်မြို့နယ်မြို့ရှိ စက်စက်ယို၊ သီတာကုန်းကျေးရွာအနီးတိုက်ပွဲတို့တွင် စစ်ကောင်စီက လေကြောင်း အဓိကသုံး ခုခံတိုက်ခိုက်လျက်ရှိသည်။

Most read this week

မောင်တော နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ / AA Info Desk
September 4, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့ စက်တင်ဘာလ ၄ ရက်၊ နံနက်...
ရခိုင်ဒေသအတွင်း တားမြစ် အရက်၊ ဘီယာများအား DLEPS မှ စစ်ဆေးမှုများ လုပ်ဆောင်နေစဉ် / APM
September 4, 2026
ရခိုင်ပြည်အတွင်း မုဒိမ်းမှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသူများအား အမြန်ဆုံး...
DMG / ဩဂုတ်လ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ်၌ ကျင်းပသည့် လူငယ်တွေ့ဆုံပွဲတွင် တက် ရောက်လာသူများကို တွေ့ရစဉ်
September 4, 2026
ရခိုင်ပြည်အတွင်း လူမှုသဟဇာတ ဖြစ်ပေါ်တိုးတက်စေရေးအတွက် စုံလင်ကွဲပြားသည့် လူမျိုးစုအားလုံးအကြား...
စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...