ဗုံးကြဲခံရတဲ့ နှမ်းခါးရွာ ဆေးပေးခန်းဟာ လက်နက်ရုံလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

ဗုံးကြဲခံရတဲ့ နှမ်းခါးရွာ ဆေးပေးခန်းဟာ လက်နက်ရုံလို့ စစ်တပ်လော်ဘီတွေ သတင်းမှားဖြန့်

“မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ နှမ်းခါးရွာ ဆေးပေးခန်းကို ဗုံးကြဲတာမဟုတ်ဘဲ နှမ်းခါးရွာအတွင်းရှိ လက်နက်စတိုခန်းကို ဗုံးကြဲခြင်းသာဖြစ်တယ်” လို့ စစ်ကောင်စီတပ်လော်ဘီတွေ သတင်းအမှား ဖြန့်ချိနေတဲ့အကြောင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းကို စစ်ကောင်စီ ဝါဒဖြန့် နေပြည်တော်၊ sai pan hpa စတဲ့ အကောင့်တွေကနေ  မတ်လ ၂၃ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ စတင်ဖြန့်ဝေနေတာပါ။

ဖြစ်စဉ်မှာတော့ မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ပိုင်းရှိ နှမ်းခါးကျေးရွာ ဆေးပေးခန်းကို စစ်ကောင်စီက မတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ ဗုံးကြဲချခဲ့ရာ ဆရာဝန်မိသားစုတွေနဲ့ ဆေးခန်းလာပြတဲ့ လူနာတွေအပါအဝင် ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ဒေသတွင်းသတင်းဌာန MFP မှာတော့ နှမ်းခါးကျေးရွာအနီး တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်အုပ်စုက တိုက်လေယာဉ်နဲ့ အကြောင်းမဲ့ လာရောက်ကာ ဆေးခန်းမှာ ဆေးကုသပေးနေတဲ့ ဆရာဝန်နဲ့ လူနာတွေကို ဗုံးကြဲသတ်ဖြတ်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောထားပါတယ်။

နှင်းခါးကျေးရွာဆေးပေးခန်းဟာ ၂၀၂၂ ခုနှစ်လောက်ကစလို့ ပေါ်ပေါက်လာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် အားကိုးရာဖြစ်ခဲ့တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အရေးပေါ်နဲ့ ပြင်းထန်တဲ့ ရောဂါတွေအတွက် ဂန့်ဂေါ၊ မကွေး၊ ပခုက္ကူ၊ မန္တလေးမြို့တွေကို သွားကုကြရပြီး သာမန် နေမကောင်းတဲ့သူတွေအတွက်ကတော့ ဒီဆေးပေးခန်းကို အားကိုးနေကြရဖြစ်တယ်လို့ လွတ်လပ်သောသတင်းဌာနတွေမှာ ရေးသားထားကြပါတယ်။

စစ်ကောင်စီက အရပ်သားတွေရှိတဲ့ ဆေးရုံ၊ ကျေးလက်ဆေးပေးခန်း၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေ စတဲ့ အရပ်ဘက်ပစ်မှတ်နေရာတွေကို လေကြောင်းကနေ ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေပြီး PDF တွေကို ထောက်ခံတဲ့ ဒေသတွေဖြစ်တဲ့အတွက်  PDF တွေ ထိန်းချုပ်လို့မရအောင် တိုက်ခိုက်ခြင်းဖြစ်တယ်လို့လည်း စစ်တပ်ထောက်ခံတဲ့ ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချိနေတာကို စိစစ်တွေ့ရှိရပါတယ်။

BBC သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/rSlc1

Myanmar now သတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/dxdO3

Mandalay_Free_Pressသတင်းဌာနမှာ ဖော်ပြထားတဲ့လင့်

https://shorturl.at/FTd0c

ဒီအချက်တွေကြောင့် စစ်တပ်ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားတာတွေဟာ သတင်းအမှားဖြစ်တယ်လို့ သံလွင်တိုင်းမ်က စိစစ်ဖော်ပြပေးလိုက်ရပါတယ်။

August 11, 2026
ထိုင်းရောက် မြန်မာအလုပ်သမားများ အထောက်အထားကိစ္စ အပါအဝင် ဦးမင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့်...
ဓါတ်ပုံ - MOI
August 10, 2026
ထိုင်း - မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးမှုများအပြီး နယ်စပ်ရှိ တော်လှန်ရေး...
August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...