ဒီမိုကရေစီလိုချင်ရင် ကလန်ကဆန်မလုပ်နဲ့လို့ မင်းအောင်လှိုင်ပြောဆို၊ ရွေးကောက်ပွဲကို ဒီနှစ်ကုန်မှာ ပြုလုပ်မယ်လို့ ဇော်မင်းထွန်းပြော

ဒီမိုကရေစီလိုချင်ရင် ကလန်ကဆန်မလုပ်နဲ့လို့ မင်းအောင်လှိုင်ပြောဆို၊ ရွေးကောက်ပွဲကို ဒီနှစ်ကုန်မှာ ပြုလုပ်မယ်လို့ ဇော်မင်းထွန်းပြော

ပါတီစုံဒီမိုကရေစီစနစ်လိုချင်ရင် ကဏ္ဍကောစ (ကလန်ကဆန်) မလုပ်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

မနေ့က ရုရုားနဲ့ ဘယ်လာရုနိုင်ငံက ပြန်လာတဲ့အချိန် လေယာဉ်ပေါ်မှာ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေကို ဖြေကြားတာဖြစ်တယ်လို့ စစ်ကောင်စီသတင်းစာတွေမှာ ဒီနေ့ ဖော်ပြထားတာပါ။

"ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲလုပ်မယ်လို့ ကျွန်တော်ပြောခဲ့တာရှိတယ်။ ဒါကို ကျွန်တော်တို့ ခိုင်ခိုင်မာမာလုပ်မှာပါ။ ပါတီစုံဒီမိုကရေစီစနစ်ကို တကယ်လိုချင်လို့ရှိရင် ကဏ္ဍကောစ လုပ်မနေပါနဲ့။ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုပါတယ်" လို့ မင်းအောင်လှိုင်က ပြောခဲ့တာဖြစ်ပါတယ်။

"ကဏ္ဍကောစ" ဆိုတာဟာ ပါဠိဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး မြန်မာလို ဆန့်ကျင်တာ၊ ကလန်ကဆန်လုပ်တာ၊ ဖီလာဆန့်ကျင်တာဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

အဲဒီလိုပြောဆိုပြီးတဲ့နောက် မင်းအောင်လှိုင်ဟာ သူ့ကိုယုံကြည်ကြဖို့နဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်တော့ နိုင်ငံတိုးတက်မှာသေချာတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မတ်လ ၃ ရက်နေ့က ရုရှားနိုင်ငံကို စသွားခဲ့တာဖြစ်ပြီး အဲဒီနောက် ဘယ်လာရုနိုင်ငံကို သွားခဲ့တာပါတယ်။

အဲဒီကပြန်လာပြီးတဲ့နောက် စစ်တပ်ရဲ့ သတင်းပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလဒါမှမဟုတ်ရင် နောက်အကျဆုံး ၂၀၂၆၊ ဇန်နဝါရီလထဲမှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဘယ်လာရုနဲ့ ရုရှားနိုင်ငံကလည်း ထောက်ခံပြီး လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ လွှတ်ပေးသွားမှာဖြစ်တယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီအဖွဲ့ အဲဒီလို နိုင်ငံခြားခရီးထွက်သွားတဲ့အချိန်ကနေစပြီး ဒီနေ့အထိတော့ ဝါဒဖြန့်သတင်းစာတွေမှာ ခရီးစဉ်အကြောင်းတောက်လျှောက်ဖော်ပြခဲ့သလို ပြန်လာတဲ့အချိန်မှာလည်း အခမ်းအနားနဲ့ ကြိုဆိုတာတွေကို ပြုလုပ်ခဲ့ပါတယ်။

August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...
ဓာတ်ပုံ - (ပုံဟောင်း)
August 25, 2026
ကချင်လွတ်လပ်ရေး အဖွဲ့အစည်း (KIO/KIA) ထိန်းချုပ်ထားသည့် ဧရိယာအတွင်း မြေရှားသတ္တု တူးဖော်ရေး...
ဓာတ်ပုံ - မြစ်ကြီးနား သတင်းဂျာနယ်
August 25, 2026
ကချင်ပြည်အတွင်း လက်ရှိတွင် ရွှေကူစစ်မျက်နှာပြင်၌ တိုက်ပွဲအပြင်းထန်ဆုံး ဖြစ်ပွားနေပြီး...
August 24, 2026
ကချင်မြေ လွတ်မြောက်နယ်မြေတွင် ဖွင့်လှစ်ထားသည့် Northern Rehabilitation Center for Amputees (NRC...