လှိုင်းဘွဲတွင် စစ်မှုထမ်းစာရင်းသွင်းရန် ဆင့်ခေါ်၍ လူငယ်တချို့ တိမ်းရှောင်

လှိုင်းဘွဲတွင် စစ်မှုထမ်းစာရင်းသွင်းရန် ဆင့်ခေါ်၍ လူငယ်တချို့ တိမ်းရှောင်

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် စစ်ကောင်စီက စစ်မှုထမ်းရန် အသက်ပြည့်အကျုံးဝင်သူ လူငယ်များကို စာရင်းသွင်းရန် ဆင့်ခေါ်နေ၍ လူငယ်တချို့ တမ်းရှောင်နေရသည်ဟု မြို့ခံများက ပြောသည်။

လှိုင်းဘွဲတွင် လူငယ်များကို စစ်ကောင်စီ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လာရောက်စာရင်းသွင်းရန် စစ်ကောင်စီ ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့က မတ် ၅ နေ့တွင် ဆင့်ခေါ်စာပို့ခဲ့သည့်အတွက် ယခုလို တိမ်းရှောင်ရခြင်းဖြစ်သည်ဟု မြို့ခံလူငယ်က ပြောသည်။

“သူတို့ပြောတာက စစ်မှုထမ်းခိုင်းရင်ခိုင်းမယ်။ မထမ်းခိုင်းရင်လည်း မထမ်းခိုင်းဘူးပေါ့။ အဓိကတော့ မှတ်ပုံတင် ယူလာနာမည်စာရင်းလာတင် လက်မှတ် လာထိုးပေါ့။ ဘာပဲပြောပြောအဲလိုလုပ်မှတော့ သွားခိုင်းတော့မှာပေါ့။ အခုက ပုံစံ (၂) တောင်ဖြစ်သွားပြီး ပုံစံ (၁) က ဘယ်တုန်းက လုပ်တာလဲမသိဘူး။ မြို့ခံတွေတောင်မသိရဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

လှိုင်းဘွဲမြို့နယ်ရှိ အသက်ပြည့်သည့်လူငယ်များကို မှတ်ပုံတင်စာရင်းသွားရောက်သွင်းရန် မြို့နယ် ပြည်သူ့စစ်မှု ထမ်းဆင့်ခေါ်ရေးအဖွဲ့က အမည်၊ မိဘအမည် မှတ်ပုံတင် နံပါတ်နှင့် နေရပ်လိပ်စာအတိအကျပါသည့် ဆင့်ခေါ်စာများ ပေးပို့ပေးနေသည်ဟု မြို့ခံများထံမှ သိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းအသက်ပြည့်ကြောင်း မှတ်ပုံတင်စာရင်းသွင်းရန် ပေးပို့သည့်ဆင့်ခေါ်စာကြောင့် လူငယ် တချို့သည် စာရင်းမတင်ချင်သည့်အတွက် အခြားဒေသသို့ သွားရောက်တိမ်းရှောင်နေကြသူ များလာသလို တချို့ သည့် မလွန်ဆန်နိုင်၍ နာမည်စာရင်း သွားရောက်ပေးသွင်းသည့်သူများလည်း ရှိကြောင်းသိရသည်။

လွတ်မြောက်နယ်မြေတစ်နေရာသို့ တိမ်းရှောင်လာသည့် လှိုင်းဘွဲမြို့ရှိ လူငယ်တစ်ဦးက “အရင်အခေါက်တွေက မသွားနိုင်ရင် ပိုက်ဆံနဲ့ ထိုးလိုက်တယ်။ အခုတစ်ခေါက်လည်း နာမည်စာရင်း မသွားတင်နိုင်လို့ ပိုက်ဆံနဲ့ ထိုးလို့ရရင် ထားလိုက်ပါအုံး ဒါပေမယ့် နောက်ထပ်တစ်ကြိမ်ထပ်လာ ဦးမှာပဲ။ ကိုယ်က အိမ်မှာရှိရင် ဒီလူက အိမ်မှာရှိနေ တာပဲ အဲဒါကြောင့် ဆီးစစ်အောင်တယ်၊ စာရင်းတင်ပြီး လာပြီးဆွဲခေါ်ရင်လည်း လာခေါ်နိုင်တယ်။ အဲဒါကြောင့် ဘာမှမသိသေးတဲ့အချိန်မှာ တိမ်းရှောင်ထားလိုက်တာပဲကောင်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

တစ်နိုင်ငံလုံးရှိ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်သည့် မြို့ရွာများတွင် စစ်မှုထမ်းအသက်အရွယ် ရောက်သူအဖြစ် မှတ်ပုံတင်ရန် ဆင့်ခေါ်စာများ ခေါ်ယူနေသည့်အတွက် အသက်ပြည့်သည့် လူငယ် အမျိုးသမီး၊ အမျိုးသား အများအပြား ထပ်မံတိမ်းရှောင်နေကြသည်ဟု သိရသည်။

(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...