ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီး၍ နေရပ်ပြန်သည့် ကျောင်းသားများထံမှ စစ်ကောင်စီ ငွေညှစ်နေ

ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီး၍ နေရပ်ပြန်သည့် ကျောင်းသားများထံမှ စစ်ကောင်စီ ငွေညှစ်နေ
စစ်တွေမြို့တွင် ၂၀၂၂-၂၀၂၃ ပညာနှစ်အတွင်း စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား/ သူများအား တွေ့ရစဉ်။
စစ်တွေမြို့တွင် ၂၀၂၂-၂၀၂၃ ပညာနှစ်အတွင်း စာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား/ သူများအား တွေ့ရစဉ်။

စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် စာမေးပွဲဖြေဆိုပြီး၍ နေရပ်ပြန်သည့် ကျောင်းသားများထံမှ စစ်ကောင်စီက ငွေညှစ်မှုများရှိနေကြောင်း ကျောင်းသားမိဘများထံမှ သိရသည်။

၁၁ တန်းတက်ရောက်နေကြသည့် ကျောင်းသား/သူများမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်မှစ၍ အတန်းတင် စာမေးပွဲပြီးဆုံးခဲ့သဖြင့် နေရပ်သို့ပြန်သော ကျောင်းသားအချို့ကို စစ်ကောင်စီ၏ ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်မှ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။

"ကျောင်းသားတစ်ယောက်ကို အနည်းဆုံး ငွေ နှစ်သိန်းကနေ လေးသိန်းကြားအထိ ပေးရတယ်။ ကျမမှာတော့ ပိုက်ဆံသိပ်မပါလို့ သမီးအတွက် နှစ်သိန်းနဲ့ ကျမအတွက် နှစ်သိန်း၊ အားလုံး လေးသိန်း ပေးခဲ့ရတယ်။ တချို့ဆိုရင် ကျောင်းသားတစ်ယောက်စာအတွက်ကို လေးသိန်းပေးခဲ့ရတာလည်းရှိတယ်" ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် ၂၀၂၄ ပညာသင်နှစ်အတွင်း စစ်ကောင်စီ ထိန်းချုပ်နိုင်သည့် မြို့ပေါ်နှင့် မြို့အနီးရှိ ကျေးရွာအချို့တွင်သာ ကျောင်းများ ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျေးလက်ဒေသအများစုမှာ ကျောင်းများ မဖွင့်လှစ်နိုင်သဖြင့် စာသင်ကြားခြင်းမရှိပေ။

ထို့ကြောင့် ကျေးလက်ဒေသက ကျောင်းသားမိဘအချို့မှာ သားသမီးပညာရေးအတွက် မြို့ပေါ်သို့ လာရောက်နေထိုင်ခဲ့ကြပြီး အချို့မှာလည်း သားသမီးများကို မြို့ပေါ်ရှိ ဆွေမျိုးနေအိမ်များတွင် အပ်နှံကာ ပညာသင်ကြားပေးကြသည်။

ယခုအခါ စာမေးပွဲပြီးဆုံးပြီ ဖြစ်၍ ကျေးလက်ဒေသက လာရောက်ပညာသင်ကြားကြသူများမှာ နေရပ်သို့ ပြန်လိုကြသော်လည်း ယခုကဲ့သို့ ငွေကြေးတောင်းခံမှုများရှိနေသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေရသည်။

"ကျနော်တို့က စစ်ရေးမငြိမ်သက်မှုကြားမှာတောင် သူတို့ကို (စစ်ကောင်စီ) ယုံကြည်လို့ တောကနေ မြို့အထိလာပြီးတော့ ကလေးတွေကို ကျောင်းအပ်နှံထားကြတာဖြစ်တယ်။ အခုတော့ ပိုက်ဆံမပေးနိုင်ရင် မြို့က ထွက်မရတာမျိုး ဖြစ်သွားပြီ" ဟု ဇင်ချောင်းတိုက်နယ်မှ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

လက်ရှိ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေသဖြင့် တိုက်ပွဲကြား ပိတ်မိသွားမည်ကိုစိုးရိမ်၍ ကျောင်းသားမိဘများမှာ ၎င်းတို့ သားသမီးများကို မြို့ပေါ်မှ ခေါ်ထုတ်ရန် ကြိုးပမ်းနေကြသည်။

တရုတ်စီမံကိန်းတည်ရှိရာ ကျောက်ဖြူတွင် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ကြား တိုက်ပွဲများပြင်းထန်နေသည်မှာ နှစ်ပတ်ကျော်အထိရှိလာခဲ့ပြီ ဖြစ်သည်။

Most read this week

August 24, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများအတွင်း သက်ငယ်မုဒိမ်းမှု၊ အဓမ္မပြုကျင့် လူသတ်မှုနှင့်...
ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...