လွိုင်ကော်မြို့က ကျောင်းနဲ့ ဌာနဆိုင်ရာအဆောက်အအုံရဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ်တွေကို စစ်ကောင်စီက ကင်းစောင့်ခိုင်း

လွိုင်ကော်မြို့က ကျောင်းနဲ့ ဌာနဆိုင်ရာအဆောက်အအုံရဲ့ လုံခြုံရေးအတွက် ပြည်သူ့စစ်တွေကို စစ်ကောင်စီက ကင်းစောင့်ခိုင်း

လွိုင်ကော်မြို့တွင်းက နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်အပါအဝင် အခြေခံပညာစာသင်ကျောင်းတွေနဲ့ အခြားသော ဌာနဆိုင်ရာရုံးတွေရဲ့ လုံခြုံရေးအတွက် လွိုင်ကော်ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်တွေကို စစ်ကောင်စီက ကင်းစောင့်ခိုင်းထားတယ်လို့ သိရပါတယ်။

“GTC (နည်းပညာတက္ကသိုလ်) မှာ စောင့်ခိုင်းထားတယ်လို့ ကြားတယ်။ အဲ့ဖက်ကြ မသွားဖြစ်လို့၊ နောက်ရပ်ကွက်ထဲလည်း ကင်းစောင့်ဖို့ဆိုပြီး ပိုက်ဆံ ၅,၀၀၀ ကောက်သေးတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ငွေကြေး ၅,၀၀၀ ကျပ် ကောက်ခံတာဟာ မြို့ပေါ်က ဒေါတမရပ်ကွက်ရုံးကို ကင်းစောင့်ဖို့ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတည်းက ကောက်ခံတာဖြစ်တယ်လို့ဆိုပါတယ်။ မပေးနိုင်ပါက ကင်းစောင့်ဖို့ တာဝန်ယူရမှာဖြစ်တယ်လို့ ပြောဆိုထားကြောင်း ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ပြည်သူ့စစ်ကို ၁ လေးလုံးစစ်ဆင်းရေးနောက်ပိုင်း လွိုင်ကော်မြို့အတွင်းမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အများစုမှာ လွိုင်ကော်မြို့ခံ နဲ့ စစ်တပ်ထောက်ခံသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

”၁ လေးလုံးပြီးတော့ မထွက်ပြေးတဲ့သူတွေ ဝင်ကြတာ။ အချို့ က ဝင်ငွေမရှိတော့လို့၊ အချို့က ခိုးမှု၊ ဆေးမှုတွေက လွှတ်အောင်လို့ ကိုယ့်ဘာသာကို ဝင်ကြတာရှိသလို ခြိမ်းခြောက်ခံရလို့ ဝင်ရသူတွေလည်း ရှိတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

လွိုင်ကော်မြို့မှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တခြားဒေသမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ မြို့ခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းကာ ပစ္စည်းခိုးယူတဲ့သူလည်း များပြားနေပြီး အဲ့ဒီသူတွေဟာ စစ်ကောင်စီတပ်သားတွေနဲ့ အချိတ်အဆက်ပြုလုပ်ပြီး ရပ်ကွက်တွင်း သွားလာနေကြတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ် လုံခြုံရေးအဖွဲ့ထဲမှာ ခိုးယူသူတွေလည်း ပါဝင်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ညထွက်ရတာ ဒီကောင်တွေပဲရှိတယ်လေ။ ၁ လေးလုံးမတိုင်ခင်က ဘာမှမရှိတဲ့ကောင်တွေက အခုဆို ကားတွေ၊ ထိုင်းဘီးတွေနဲ့ ဖြစ်ကုန်ပြီ” လို့ လွိုင်ကော်မြို့ခံတစ်ဦးက ပြောပြပါတယ်။

လက်ရှိ ပြည်သူ့စစ်တစ်ဦးရဲ့ လစာကို တစ်သိန်းရှစ်သောင်းမှ ၃ သိန်းအထိ ရရှိကြပြီး၊ မြို့ပေါ်ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ အပေါင်းအပါတွေက တပ်ဖွဲ့တွေထဲ ဝင်ရောက်ဖို့ တိုက်တွန်းမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

Most read this week

ကရင်နီပြည်တွင်း၌ ရောင်းချနေသည့် စက်သုံးဆီဆိုင်များ။ / Crd
August 18, 2026
ကရင်နီပြည်တွင်းသို့ အနောက်ဘက်ခြမ်း ဝင်ပေါက်များမှတစ်ဆင့် ပြည်တွင်းထွက် ချက်ဆီများ ရောနှောထား...
August 17, 2026
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို အာမခံနိုင်မှု...
ဓာတ်ပုံ - ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ရှိ ဆေးပေးခန်း (ပုံဟောင်း)
August 17, 2026
ထိုင်း-ကရင်နီနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ အဖြစ်...
August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...