ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

ရွာငံ မင်းပလောင်မှ စစ်ရှောင်များ ရေရှားပါးမှုကြုံနေရပြီး အရေပြားရောဂါဖြစ်

သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ရွာ စစ်ရှောင်များသည် ရေရှားပါးမှုနှင့် ကြုံနေရပြီး အရေပြားရောဂါ ဖြစ်ပွားနေကြသည်ဟု စုံစမ်းသိရှိရသည်။

မင်းပလောင်ကျေးရွာတွင် စစ်ရှောင် (၅၀၀) ကျော်ရှိပြီး နွေရာသီရောက်လာပြီဖြစ်၍ သောက်သုံးရေများ ရှားပါးလာကာ အရေပြားရောဂါကို အသက် (၁၀) နှစ်အောက် ကလေးများအပါဝင် အသက်ကြီးပိုင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ အဖြစ်များနေကြကြောင်း စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

“အရေပြားရောဂါ ဖြစ်နေတာကအယောက် (၂၀၀) လောက်ရှိမယ်။ အသက်ကြီးလည်း ပါတယ်။ အရင်ဆေးတွေက ခုရောဂါနဲ့ ကိုက်ညီမှုမရှိတော့ ဆေးနဲ့ အနာ ကိုက်ညီမှုရှိမဲ့ ဆေးတွေ လိုအပ်နေတယ်။ ခုက ဆေးတွေ မလုံလောက်ဘူး” ဟု စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ အရေပြားရောဂါဖြစ်ရခြင်းမှာ ရေမသန့်သောကြောင့်ဟု ယူဆရပြီး ထိုရောဂါကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ဖူးသည်ဟု ၎င်းက ထပ်လောင်းပြောသည်။

မင်းပလောင် စစ်ရှောင်များအခြေအနေကို ကြည့်ရှု့စောင့်ကြည့်ပေးနေသည့် ဓနုပြည်နယ်အမျိုးသား ကာကွယ်ရေးတပ်တော် (DSNDA) မှလည်း ပြည်သူများအနေဖြင့် စစ်ရှောင်များကို ကူညီပေးစေလိုကြောင်း ပြောသည်။

“မင်းပလောင်ကို ကိုယ်ချင်းစာတရားလေတွေ ရှေ့ထားပြီး ကူညီပေးကြဖို့ ပြောချင်ပါတယ်။ ရေထဲသုံးလို့ရမဲ့ ပိုးသတ်ဆေးတွေ လိုအပ်ပါတယ်။ စစ်ရှောင်တစ်ချို့က သူတို့အမျိုးတွေ ရှိတဲ့ရွာကို သွားနေကြတယ်။ တချို့ကြတော့လည်း ဒီတောထဲပဲ နေကြတယ်။ စားနပ်ရိက္ခာတွေလည်း လိုအပ်ပါတယ်” ဟု DSNDA မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ် မင်းပလောင်ကျေးရွာသည် ရွာငံမြို့နှင့် မိုင် ၄၀ကျော်အကွာတွင်တည်ရှိပြီး လက်ရှိတွင် ဖုန်းလိုင်း၊ အင်တာနက်လိုက်များ ဖြတ်တောက်ခံထားသဖြင့် ရွာမှ နာရီဝက်ကျော် လမ်းလျှောက်ပြီး ဖုန်းလိုင်းရသည့် တောင်ပေါ်တွင် ဖုန်းသွားရောက်ပြောဆိုနေရကြောင်း၊ မင်းပလောင်ကျေးရွာသည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲ့သည့် နေရာတစ်ခုဖြစ်သည်။

မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာလုံးကျွတ် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...