မိုင်းနှင့် အကြမ်းဖက်အန္တရာယ်ကို စိုးရိမ်၍ မေယုတောင်တွင် ဝါးခုတ်သူနည်းပါးပြီး ဝါးရှားပါးကာ ဈေးမြင့်တက်နေ

မိုင်းနှင့် အကြမ်းဖက်အန္တရာယ်ကို စိုးရိမ်၍ မေယုတောင်တွင် ဝါးခုတ်သူနည်းပါးပြီး ဝါးရှားပါးကာ ဈေးမြင့်တက်နေ

ရခိုင်ဒေသတွင် စစ်ကျန်မိုင်းနှင့် အကြမ်းဖက်အန္တရာယ်ကို စိုးရိမ်၍ မေယုတောင်တွင် ဝါးခုတ်သူ နည်းပါးပြီး စျေးကွက်တွင် ဝါးများရှားပါကာ ဈေးမြင့်တက်နေကြောင်း သတင်းရရှိသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝါးအလုံး ၁၀၀ လျှင် ကျပ် လေးသောင်း၊ ငါးသောင်း ပတ်ဝန်းကျပ်သာ စျေးရှိခဲ့ရာက ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစတင်ပြီး ဝါးအလုံးရေ ၁၀၀ လျှင် ကျပ် ၁ သိန်းကျော်အထိ ဈေးမြင့်တက်လျှက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

"အခု ပွင့်လင်းရာသီမှာ နေအိမ်တွေပြုပြင်ဖို့ လိုနေပြီ။ ဝါးကို ကျနော်တို့ဒေသမှာက အဓိက အသုံးပြုနေကြတယ်။ ဝါးဈေးမြင့်တက်လာတော့ နေအိမ်တွေပြုပြင်ဖို့ အခက်အခဲဖြစ်‌နေကြရတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရခိုင်ဒေသတွင် ဝါးကို အိမ်မိုးရာတွင်လည်းကောင်း၊ အိမ်ထရံကာရာတွင်လည်းကောင်း၊ ခြံစည်းရိုးကာရံရာတွင်လည်းကောင်း၊ ကွပ်ပျစ်နှင့် အိမ်ကြမ်းခင်းရာတွင်လည်းကောင်း၊ တောင်း၊ ခြင်းများအပါအဝင် အိမ်အသုံးအဆောင်များပြုလုပ်ရာတွင်လည်းကောင်း ဝါးကို တွင်ကျယ်စွာ အသုံးပြုနေကြရဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဝါးစျေးနှုန်း မြင့်တက်နေသဖြင့် ဝါးကို အဓိကအားထားနေရသည့် မောင်တောဒေသတွင် ပြည်သူများ အခက်အခဲကြုံတွေ့နေရသည်ဟု ၎င်းကပြောဆိုသည်။

"တစ်ဖက်က မြေမြုပ်မိုင်းအန္တရာယ်ရှိသလို တစ်ခြားတစ်ဘက်မှာ အာဆာအန္တရာယ်လည်းရှိနေတော့ လူတွေက မေယုတောင်တောနက်တွေအထိ သွားရောက်ပြီး ဝါးတွေမခုတ်တော့ဘူး။ ဒါကြောင့် ဝါးစျေးကွက်မှာ ဝါးရှားပါးလာတာကြောင့် ဝါးဈေးနှုန်းက မြင့်တက်လာနေတယ်" ဟု မောင်တောဒေသခံတစ်ဦးက ပြောကြားသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသည် ဝါးထွက်သောဒေသတစ်ခုဖြစ်ပြီး အထူးသဖြင့် မေယုတောင်နှင့် စိုင်းတင်တောင်တန်းသည် ဝါးထွက်သောတောင်တန်းများဖြစ်ကြကာ ယခင်က တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်ထိ တင်ပို့ကြကြောင်း သိရသည်။

မိုင်းအန္တရာယ်နှင့် အာဆာအကြမ်းဖက်ရန်များမရှိလျှင် ဒေသအတွင်းက လူမျိုးပေါင်းစုံက ဝါးထုတ်လုပ်မှုကို ပိုမိုလုပ်ကိုင်လာနိုင်သဖြင့် အဆိုပါအန္တရာယ် (၂) ရပ် ကင်းရှင်းရန် ဒေသခံများက လိုလားနေကြသည်ဟု သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...