မုံရွာမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်များအပါအဝင် ၇ ဦး သေဆုံး

မုံရွာမြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ်များအပါအဝင် ၇ ဦး သေဆုံး

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် တောင်ခြမ်းရှိ ညောင်ဖြူပင်နှင့် ဘုဘကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်များအပါ ဒေသခံ ၇ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်နေ့) ညပိုင်း ၁၁ နာရီ အချိန်တွင် Y-12 ဗုံးကြဲလေယာဉ်ဖြင့် အကြိမ် ၃၀ ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“Y-12 လေယာဉ်နဲ့ တညလုံး ဗုံးတွေကြဲနေတာပါ။ စစ်မက်ဖြစ်ပွါးခြင်းလည်းမရှိဘဲ အကြောင်းမဲ့လာပြီး ဗုံးတွေကြဲသွားတယ်။ ၁၀ နှစ်အရွယ် ကလေး ၂ ဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိတယ်။ ဘာမှ မယူနိုင်ဘူး။ အကုန်ထွက်ပြေးနေကြရတယ်” ဟု ဒေသခံ အမျိုးသမီးတဦးက ဆိုသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ညောင်ဖြူပင်ကျေးရွာမှ အမျိုးသမီး ၂ ဦးအပါ ၄ ဦးသေဆုံးခဲ့ပြီး မုံရွာအထွက် မအူဂိတ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးစထိမှန်၍ ဘုဘကျေးရွာမှ အမျိုးသမီးတစ်ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း မုံရွာတောင်နယ် တိုက်နယ် (၃) တာဝန်ရှိသူထံမှ သိသည်။

မုံရွာမြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က KIA စစ်ဒေသ ယူနီဖောင်းများဖြင့် မုံရွာမြို့နှင့် ၆ မိုင်ခန့်အကွာရှိ ဘုဘကျေးရွာဘက်သို့ စစ်ကြောင်းထိုးနေကြောင်း မုံရွာမြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ရင်းများထံမှ သိရသည်။

“စစ်သားတွေက PDF အများစုဝတ်တဲ့ စစ်ဒေသယူနီဖောင်းတွေနဲ့ စစ်ကြောင်းထိုးလာတယ်။ လက်ရှိ ဘုဘကျေးရွာ ဘုန်းကြီးကျောင်းထဲ ရောက်နေတယ်” ဟု မုံရွာမြို့နယ်အခြေစိုက် ကာကွယ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် မုံရွာတောင်နယ်ရှိ ညောင်ဖြူပင်၊ လယ်တော်၊ ချမ်းသာကျွန်း စတဲ့ကျေးရွာများမှ ဒေသခံ ၁,၀၀၀ ခန့် နေရပ်စွန့်ခွါ စစ်ရှောင်နေရကြောင်း သိရသည်။

ထိုနေ့တရက်တည်းတွင် မုံရွာမြို့နယ်နှင့် ကပ်လျက်ရှိသည့် ချောင်းဦးမြို့နယ် ရှမ်းထူးကျေးရွာကိုလည်း စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...