ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာမှုများရှိလာပြီး ပုသိမ်ထောင်တွင် ထောင်ကျများအား ပိုမိုတင်းကြပ်

ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာမှုများရှိလာပြီး ပုသိမ်ထောင်တွင် ထောင်ကျများအား ပိုမိုတင်းကြပ်

အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အထိ ကူးစက်လာပြီးနောက် ပုသိမ်ထောင်သားများအပေါ် ထောင်အာဏာပိုင်များက ပိုမိုတင်းကြပ်လိုက်သည်ဟု ထောင်နှင့်နီးစပ်သူများက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ယက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ထောင်ထဲမှာ စားရေးသောက်ရေး ခက်ခဲလာတာနဲ့အမျှတော့ ကိုယ်ခံအားချိနဲ့မှု ပြဿနာပေါ့နော်။ အထူးသဖြင့်တော့ ခန္ဓာကိုယ်အောက်ပိုင်း ချိနဲ့မှုပြဿနာ ထောင်အခေါ် တုတ်စွဲခြင်း ရောဂါဝေဒနာတွေတော့ ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဒါဟာ အဟာရချို့တဲ့လာတာနဲ့အမျှ မိသားစုဝင်တွေက ပေးပို့တဲ့ ထောင်ဝင်စာတွေ ကန့်သတ်လာတယ်။ ပါဆယ်မပို့လာနိုင်တဲ့အခါမျိုးမှာဆိုရင် ထောင်တွေမှာကို ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါပုံစံလိုမျိုးကို ဖြစ်လာနေပါတယ်ဗျာ” ဟု ပြောသည်။

ဖေဖော်ဝါရီ အစပိုင်းကတည်းက ပုသိမ်ထောင်တွင် ပါဆယ်ပို့ရာ၌ ဟင်း ၃ မျိုး၊ ကော်ဖီမစ် ၇ ထုပ်သာ လက်ခံပြီး စာအုပ်နှင့် လိုအပ်သည့် ဆေးဝါးများကိုလည်း သယ်ယူခွင့် ပိတ်ပင်ထားသည်ဟု ဆိုသည်။

သို့ဖြစ်၍ လက်ရှိ အကျဉ်းသားများမှာ ဟင်းမလုံလောက်မှုကြောင့် ထောင်အာဏာပိုင်များမှ ၃ ဆ ဈေးတင်ရောင်းချသည့် ထောင်တွင်းဈေးဆိုင်၌သာ ဈေးကြီးပေးဝယ်စားနေရသည်ဟု ထောင်နှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် ထောင်တွင်းသုံးရေများ၌လည်း ခဲဓါတ်များ ခတ်ထားသဖြင့် သက်ကြီးရွယ်အို နိုင်ငံရေးအကျဉ်းသားများမှာ ခဲဆိပ်သင့်ပြီး အောက်ပိုင်း အားအင်ချိနဲ့သည့် တုတ်ဆွဲခြင်းရောဂါများ ဖြစ်ပွားနေကြသည်ဟု PPNM တာဝန်ရှိသူများက ပြောသည်။

PPNM ရုံးတာဝန်ခံ ဆရာမလင်းက “ပုသိမ်ထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အာရုံစိုက်ထားဖို့ လိုတယ်။ သတင်းနားစွင့်နေဖို့ လိုတယ်ပေါ့နော်။ ကျနော်တို့ဖက်က တတ်နိုင်တဲ့ ထုတ်ပြန်ချက်လေးတွေ ထုတ်ထားတယ်ဆိုတော့ တချို့အခြေအနေလေးတွေ လျော့လာတွေလည်း ရှိနေနိုင်တယ်။ အမြဲတမ်း လျော့လာမလားဆိုတဲ့ ရည်မှန်းချက်လေးတွေရှိတယ်။ သူတို့ဘက်မှာက စစ်ရေးတင်းမာမှုတွေ ရှိတယ်ဆိုတော့လည်း အခြေအနေက မှန်းဖို့ခက်တယ်။ အဲတော့ နားစွင့်ထားဖို့လိုတယ်။ အခုချိန်ထိ လက်လှမ်းမီနေသေးတယ်။ နောက်ပိုင်းတော့ တခြားထောင်တွေလိုမျိုး အဆက်သွယ်မရတော့ဘဲ ဖြစ်သွားနိုင်တယ်ပေါ့။ ကျနော်တို့အနေနဲ့ အာရုံစိုက်ထားသင့်တယ်။ သတင်းအချက်အလက်တွေလည်း အမြဲစောင့်ကြည့်သင့်ပါတယ်” ဟု ပြောသည်။

ပုသိမ်ထောင်တွင် ထောင်တွင်းဖိနှိပ်မှုများအပြင် ထောင်အာဏာပိုင်များမှ အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံနေပြီး ထောင်ဝင်စာရရန်လည်း လာဘ်ထိုးနေရသည်ဟု ထောင်နှင့်နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန္နဝါရီလအတွင်း ပုသိမ်ထောင်တွင် အကျဉ်းသားများအခွင့်အရေးအတွက် ဆန္ဒပြမှုကြောင့် ထောင်အာဏာပိုင်များမှ ပစ်ခတ်နှိမ်နှင်းခဲ့ရာ ၉ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး တစ်ဦး သေဆုံးခဲ့ဖူးသည်။

AA Info Desk (ပုံဟောင်း)
January 21, 2026
မြန်မာနိုင်ငံတစ်ဝန်း တစ်နှစ်အတွင်း အမျိုးသမီး ၈၀၀ နီးပါး သေဆုံးခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏...
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် (ဖားကန့်မြို့နယ်)
January 20, 2026
မြစ်ဆုံစီမံကိန်းအား စစ်ကော်မရှင်က ပြန်စတင်ရန် ကြိုးပမ်းမှုမှာ တရုတ်၏ ထောက်ခံမှုရယူရန် နိုင်ငံရေး...
January 19, 2026
ကရင်နီပြည်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထောင်ဖောက်ပြေးခဲ့သည့် စစ်ကော်မရှင် စစ်သုံ့ပန်း ၈၀...
January 16, 2026
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဒုတိယပိုင်းအတွင်း မဲရုံများနှင့် အုပ်ချုပ်ရေးရုံးများ...