လူဦးရေ အသင့်အတင့်နှင့် ပင်လယ်မြို့ပြဖြစ်သော စစ်တွေမြို့တွင် လွန်ခဲ့သည့် နှစ်အနည်းငယ်က စစ်ကြိုခေတ်ကားဟောင်းများ ရှိခဲ့သည်။ ဒေါဂျစ်၊ ချက်ပလက် စသည့် ကုန်တင်ကားကြီးများရှိသလို ဂျစ်၊ ဟိုင်းလဒ် ဖိုဒ်၊ ဟီးနိုးကားစသည့် ဇိမ်ခံကားငယ်များလည်း ရှိခဲ့ဖူးသည်။ သို့သော် ထိုကားအများစုသည် အစိုးရသစ်၏ ကားတင်သွင်းခွင့် မူဝါဒတွင် သံရည်ကြိုစက်ထဲတွင် သုဉ်းပါးခဲ့ရသည်။ စစ်တွေမြို့၏ သင်္ကြန်သင်္ကေတ ဂျစ်ကားများနှင့် ဟိုင်းလဒ်ကားများသည် ယင်းစက်ထဲတွင် အများစုပါဝင်ခဲ့ရသည်။ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ပြီးလျှင် ကိုလိုနီခေတ်အသုံးအဆောင် အများစုထဲတွင်ပါဝင်သော စစ်တွေမြို့၏ စစ်ကြိုခေတ် ယာဉ်အများစုသည် ယနေ့အချိန်တွင် ပျောက်ကွယ်ခဲ့ပြီဖြစ်သည်။
စစ်ပြီးခေတ် ကုန်တင်ကား သုံးလေးစီးကို ပိုင်ဆိုင်ခဲ့ဖူးသည့် စစ်တွေမြို့မှ ကုန်ပို့ကိုယ်စားလှယ်ဟောင်း သက်ကြီးတစ်ဦးက ကားများ အပေါ် ထားရှိသည့် သူ၏ စိတ်ခံစားချက်ကိုတော့ ယခုလို ပြောပြဖူးသည်။
“ကားတွေကို သံယောဇဉ်ရှိတယ်၊ လယ်သမားနှင့် နွားလိုပဲပေါ့။ အဘိုးက ဒီကားတွေနဲ့ လုပ်စားလာတာ ကားတွေက ကြာလာတော့ အင်ဂျင်တွေဘာတွေပျက်နဲ့ အစားထိုးမယ့် ပစ္စည်းရှာမရတာကြောင့် ကားတွေကို စွန့်လိုက်ရတာပါ။ ဒီလိုပဲ ဆက်မောင်းနေမယ် ဆိုရင်လည်း အန္တရယ်ရှိတယ်လေ”ဟု အမည်မဖော်ပြလိုသူ ကုန်ပို့ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။ ထို့အတူ ကိုလိုနီ ခေတ်ကားများအား စနစ်တကျ ထိမ်းသိမ်နိုင်ရန် နည်းပညာ မရှိခြင်းတို့ကြောင့် ယခုကဲ့သို့ ဆုံးရှုံးရသူများသည်ဟု သူက ဆိုသည်။
ကုန်တင်ကားများနှင့် ဇိမ်ခံကားများသာ ပျောက်ကွယ်သွားကြသော်လည်း ကိုလိုနီခေတ် စက်ပစ္စည်းများထဲတွင် ဆိုင်ကယ်များနှင့်၊ ရေမော်တာစက်၊ နာရီ စသည့်တို့တွင် ရှိနေကြသူများ ရှိကြသေးသည်။ တိုင်ကပ်နာရီတချို့က ဆက်လက်အသုံးဝင်နေဆဲဖြစ်ကြသော်လည်း ဆိုင်ကယ်များကိုမူ မိမိ၏ ခြံဝင်းထဲတွင် သိမ်းဆည်းထားကြသည့် သူများရှိကြသည်။
ကိုုလိုနီခေတ်လက်ရာ လူအသုံးဆောင်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပျက်စီးလာကြသော်လည်း ယင်းတို့နှင့်အတူ မြို့ကြီး၏ ကိုလိုနီ နာမည်များပါ လူအများ မေ့ပျောက်စ ပြုလာကြသည်။ တချိန်က မင်းဘာကြီးလမ်းအား ဖေယာလမ်းဟု ခေါ်ဝေါ်ခဲ့ကြသော်လည်း ယနေ့အချိန်တွင် ပစ္စုပွန်မျိုးဆက်သစ်များ သိရှိခြင်းနည်းပါးလာခဲ့ကြပြီဖြစ်သည်။ စစ်တွေမြို့၏ ကိုလိုနီခေတ်မှတ်တမ်းများ အမည်ဝင် အက်ကျပ် ဆိုသည်မှာလည်း မသိရှိသူများပြားလာခဲ့ပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးကျယ်ဆုံးမြို့ပြများထဲတွင် ပါဝင်ခဲ့သော စစ်တွေသည် ကိုလိုနီခေတ်တွင် ပညာတတ်များ ပေါ်ထွန်းခဲ့ဖူးသည်။ စစ်တွေမြို့၏ ဆေးရုံကြီးသည်လည်း ကိုလိုနီခေတ်က အရှေ့တောင်အာရှတွင် အကောင်းဆုံး သန့်ရှင်းသပ်ရပ်မှုကြောင့် နာမည် ကျော်ကြားခဲ့သည်ဟု သက်ကြီးတချို့၏ ပြောပြချက်အရ သိရသည်။ ဆန်စပါး အများဆုံးတင်ပို့နိုင်မှုကြောင့် ဆန်မြို့ဟု အမည်တွင်ခဲ့သည့် စစ်တွေမြို့သည် ယင်းဂုဏ်ဒြပ်များအား ကိုလိုနီခေတ်လက်ရာနှင့်အတူ ဆုံးရှုးခဲ့ရပြီဖြစ်သည်။
စစ်တွေမြို့တွင် ကိုလိုနီခေတ် အငွေ့အသက်များသည် ၁၉၇၀ ကာလအထိ သက်ဝင်နေခဲ့ဖူးသည်။ ဂုဏ်သရေရှိ မြို့မျက်နှာဖုံး၏ အိမ်ကြီး အချို့၏ စာအုပ်စင်တွင် ပင်ဂွန်းတိုက်ထုတ် စာအုပ်များနှင့် ထည်ဝါနေခဲ့ကြသည်။ ကိုလိုနီခေတ်တွင် စစ်တွေမြို့၏ ကြီးကျယ်ခမ်းနား ခဲ့ကြသော အရာများထဲ၌ မပါမဖြစ်သည်မှာ သတင်းစာများလည်း ပါဝင်သည်ဟု သမိုင်းသုတေသီတို့က ဆိုကြသည်။
ကွယ်လွန်သူ ဆရာမြထွန်းအောင် ရေးသားခဲ့သော ကိုလိုနီခေတ်စာတမ်းများထဲတွင် ရခိုင်ပြည်၌ သတင်းစာများသည် အမျိုးအစား ငါးဆယ်မက ရှိခဲ့သည်ဟု ဖော်ပြထားသည်။ မြေပေါ် ကိုလိုနီအငွေ့သက်များ ပျောက်ကွယ်လာကြသော်လည်း မြေကြီးအောက်တွင် သိုဝှက်နေကြသော ကိုလိုနီခေတ် အစိတ်အပိုင်းများမှာမှု ရံဖန်ရံဖန်ခါ ပေါ်ထွက်နေဆဲဖြစ်သည်။
၁၈၀၀ ဝန်းကျင်ထုတ် ငွေဒင်္ဂါးခေတ်များ၊ akyab ဟု ရေးသားထားသော အုပ်ခဲများသည် မြေကြီးထဲမှ ပေါ်ထွက်လာတတ်သည်။ ထိုသို့ ပေါ်ထွက်လာသည့် akyab ကျောက်တုံးများသည် စစ်တွေမြို့၏ ကုန်းမြင့်ပိုင်း အာကျိပ်တော်တောင်ကုန်းများထက်တွင် ပိုမိုရှေးကျစွာ တွေ့ရသည်။
“ဒီအုပ်ခဲတွေကို အမှတ်တရ သိမ်းဆည်းထားသင့်တယ် တစ်ခါတစ်လေ ပေါ်ထွက်လာတဲ့ အုပ်ခဲတွေက စစ်တွေမြို့ကြီးတည်တဲ့ ခုနှစ်ထက်တောင် စောတဲ့ သက္ကရစ်တွေပါတာတွေ့ရတယ် ဒီနားတစ်ဝိုက်မှာ ပိုပြီးတွေ့ရတယ်”ဟု ၂၀၁၃ နှောင်းပိုင်းက မဟာမုနိဗုဒ္စ ဝိဟာရကျောင်းတွင် ပေါ်ထွန်းခဲ့ဖူးသည့် akyab တံဆိပ်ပါ အုပ်ခဲနဲ့ပတ်သက်ပြီး သမိုင်းသုတေသီ အရှင်ပညာစာရက ပြောသည်။
ကိုလိုနီခေတ် လက်ရာများထဲမှ စစ်တွေမြို့၏ အထင်ရှားဆုံး လက်ရာ တစ်ခုဖြစ်သည့် စစ်တွေဆိပ်ကမ်းကြီးတံတား တစ်ခု ရှိခဲ့ဖူးသည်။ ထိုတံတားသည် တီပုံသဏ္ဏန်ရှိပြီး ပေ ၆၀၀ ကျော်ရှိသည်။ ထိုတံတားကြီးသည်လည်း သဘာဝဘေး အန္တရာယ်ကြောင်း ပျက်စီးခဲ့ရပြီ ဖြစ်သည်။ သံထည် သံဖျက် ပစ္စည်းအဖြစ်သာ သမိုင်းဖြစ်တည်မှုထဲမှာ ကွယ်ပျောက်ခဲ့ရသည်။ သမိုင်းသည် သက်မဲ့များနှင့် သက်ရှိများကို လွမ်းဆွတ်တတ်သည့် အရာတစ်ခုဖြစ်သည်။
ဖွံ့ဖြိုးတိုးတက်မှုများနှင့် မြို့ပြ၏ ကျယ်ပြန့်လာမှုကတော့ ထိုသို့ ကိုလိုနီခေတ် လက်ရာများနှင့် အသုံးအဆောင် အဆောက်အုံများကိုမူ အန္တရာယ်ရှိပစ္စည်းဟုသာ မြင်သည််။
စစ်တွေမြို့ပေါ်တွင် ဆေးသားဝါကျင်ကျင်နှင့် ထိုမြို့ပြဗိသုကာ အဆောက်အုံများသည် မြို့ပေါ်တွင် နှစ်ဆယ်ထက် မနည်းသော အဆောက်အုံများအဖြစ်သာ ကျန်ရှိတော့သည်။ အချို့သည် ပုဂ္ဂလိကများ လက်ထဲတွင် လူနေအိမ်များအဖြစ်တည်ရှိပြီး အချို့သည် အစိုးရ ရုံးများအဖြစ်သာ.။
အင်္ဂလိပ် ကိုလိုနီခေတ်တွင် နိုင်ငံတကာ မြို့ကြီးများနှင့် ကုန်သွယ်မှုရှိသော စစ်တွေမြို့ကြီးသည် လမ်းပန်းဆက်သွယ်ရေး တွင် ရေကြောင်းကို အလေးထားခဲ့ရသည်။ ၂၀ ရာစုကနဦးတွင် စစ်တွေမြို့သည် နိုင်ငံတကာမှ ကုန်သည်များကြားတွင် ရေပန်းစားခဲ့သည့် မြို့ကြီးတစ်မြို့ဖြစ်သည်။ ရေကြောင်း သင်္ဘောများ ဝင်ထွက်သွားလာမှုများပြားသောကြောင်း စစ်တွေမြို့နှင့် မနီးမဝေး ကျွန်းပေါ်တွင် မြန်မာနိုင်ငံ၏ အထင်ကရ မီးပြတိုက်တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည် မီးပြတိုက်သည်က ကိုလိုနီခေတ်က ဖြစ်တည်ခဲ့ရသည် စစ်တွေမြို့ကြီးကို ကြည့်ကာ နိိုင်ငံတကာမှ ကုန်သွယ်သင်္ဘောများဖြင့် စည်ကားခဲ့သည် မြင်ကွင်းကို တွေးကြည့် မိနေမှာသာဖြစ်သည်။ ယနေ့ စစ်တွေမြို့ကြီးက..။





