တောင်ကြီးတွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေ

တောင်ကြီးတွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေ

သျှမ်းပြည်တောင်ပိုင်း၊တောင်ကြီးမြို့တွင် အိမ်ငှားခ ဈေးအဆမတန် မြင့်တက်နေကြောင်း အိမ်ငှားနေသူများထံမှ သိရှိရသည်။

ယခင် (၂၀၂၃) ခုနှစ်တွင် တစ်ထပ်အိမ် တစ်လုံးကိုကျပ် (၂ သိန်းခွဲ) သာရှိပြီး  ယခုကာလတွင် ကျပ် (၆ သိန်း) အထိ ဈေးမြင့်တက်လာကာ  အလုပ်ကိုင် ဝင်ငွေ အဆင်ပြေမှသာ ရေရှည်ရပ်တည်နိုင်မည်ဖြစ်ကြောင်း အိမ်ငှားများက ပြောသည်။

ထို့အပြင် ယခုကဲ့သို့ အိမ်ငှားခ ဈေးမြင့်တက်နေရခြင်းသည် လားရှိုးဘက်မှလာသည့် စစ်ရှောင်များက ငွေများများဖြင့် ငှားရမ်းနိုင်သောကြောင့် အိမ်ရှင်များမှ ဈေးတင်လိုက်သည်ဟု အိမ်ငှားဝန်ဆောင်မှုလုပ်ကိုင်သည့် မငယ်က ပြောသည်။

“လွိုင်ကော်တို့ ဖယ်ခုံတို့ စစ်ရှောင်လာတုန်းက သိပ်ပြီး ဈေးမတက်သေးဘူး။ ကျပ် (၂ သိန်းခွဲ) ပဲ ရှိသေးတာ။ သျှမ်းမြောက် လားရှိုးဘက် စစ်ရှောင်တွေရောက်လာတော့ ဈေးတွေတက်သွားတာ။ သူတို့က ပေးနိုင်တယ်လေ။ အဲတော့ အိမ်ရှင်တွေလည်း ဟိုအိမ်က ကျပ် (၁၀ သိန်း) ရတယ်။ ဒီအိမ်က ဘယ်လောက်ရတယ်နဲ့ အိမ်ရှင်တွေက ဈေးလိုက်မြင့်လိုက်တာ” ဟု အိမ်ငှားဝန်ဆောင်မှုလုပ်ကိုင်နေသည့်  မငယ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ ဈေးတင်လိုက်ခြင်းကြောင့် တစ်ထပ်အိမ် ရိုးရိုးတစ်လုံးလျှင် ကျပ် (၆ သိန်း)၊ နှစ်ထပ်အိမ် ရေပူ၊ ရေအေး ရသည့် အိမ်တွင် ကျပ် (၈ သိန်း) အထိ ဈေးရှိနေပြီး အဆောင်အခန်းတစ်ခန်းလျှင် ကျပ် (၁ သိန်းခွဲ) အထိ ငှားပေးနေကြောင်း ၎င်းက ထပ်လောင်းပြောသည်။

အိမ်ငှားခ ဈေးအဆမတန် မြင့်တက်လာခြင်းကြောင့် ငွေကြေးခက်ခဲသည့် စစ်ရှောင်များအနေဖြင့် ဝင်ငွေတိုးလာခြင်းမရှိဘဲ အိမ်ငှားခသာ တိုးလာကြောင်း စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမှာ စစ်ရှောင်လာတာ ၃ နစ်ရှိတော့မယ်။ ဒီတစ်ခါ အိမ်လခ အမြင့်ဆုံးပဲ။ ဝင်ငွေနဲ့ ထွက်ငွေနဲ့က မမျှဘူး။ ဒီလိုသာ ဆက်ပြီး ဈေးတက်နေမယ်ဆိုရင် အိမ်လည်း မငှားနိုင်လောက်တော့ဘူး။ ကိုယ်ရတဲ့ဝင်ငွေက စားဖို့တောင်အနိုင်နိုင်နဲ့။ ဝင်ငွေက တိုးမလာဘူး။ အိမ်ငှားခတွေပဲ တိုးလာတာ” ဟု ဖယ်ခုံမှ စစ်ရှောင်လာသည့် အမျိုးသားတစ်ဦးက ပြောသည်။

ယခုကဲ့သို့ အိမ်ငှားခကို ဈေးအဆမတန် တက်နေမည့်အစား အိမ်ရှင်နှင့် အိမ်ငှား ဈေးညှိနိူင်းသင့်ကြောင်းနှင့် ယခုလိုကာလများတွင် စစ်ရှောင်များကို ကူညီပေးစေလိုကြောင်း အဆိုပါ စစ်ရှောင်အမျိုးသားက အိမ်ရှင်များကို အကြံပြုပြောကြားထားသည်။

ယခုလက်ရှိ တောင်ကြီးမြို့တွင် လူဦးရေများပြားလာပြီး ကုန်ဈေးနူန်းအဆမတန် မြင့်တက်နေကြောင်း သိရသည်။

August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...
ဓာတ်ပုံ - Crd
August 25, 2026
ရှမ်းပြည် တောင်ပိုင်း၊ လင်းခေးခရိုင်အတွင်း စစ်အုပ်စုတပ်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ...