တောဖျားချောင်းဒေသတွင် ငှက်ဖျားကြောင့် သေဆုံးသူများရှိလာ

တောဖျားချောင်းဒေသတွင် ငှက်ဖျားကြောင့် သေဆုံးသူများရှိလာ

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်နေပြီး ဆေးဝါးရှားပါးမှုကြောင့် အသက်သေဆုံးမှုထိ ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

ပိုးရွှီပြင်ကျေးရွာမှ အသက် (၃၀) အရွယ် ကိုထွန်းလှိုင်သန်းမှာ ငှက်ဖျားရောဂါဖြစ်ပွားကာ ဆေးဝါးရှားပါးမှုနှင့် အချိန်မီဆေးမကုသနိုင်၍ ဒီဇင်ဘာ ၁၇ ရက်က သေဆုံးသွားခဲ့သည်။

“အဖျားကြီးပြီးတော့ အန်တယ်။ အခြေအနေမကောင်းတော့ ဆေးရုံးပို့ပြီး နောက်ရက်အနည်းငယ်အကြာ ဆေးရုံမှာပဲ သေဆုံးသွားတာ” ဟု ပိုးရွှီပြင်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းကလည်း တောဖျားချောင်းအထက်ပိုင်း ဩရမကျေးရွာမှ အသက် (၂၀) အရွယ် အမျိုးသားတစ်ဦးမှာ ငှက်ဖျားရောဂါဖြစ်ပွားပြီးနောက် သေဆုံးသွားခဲ့သည်။

လက်ရှိတွင်လည်း တောဖျား‌ချောင်းဒေသတွင် ငှက်ဖျားရောဂါ ဖြစ်ပွားသူများရှိနေပြီး ဆေးဝါးရှားပါးမှု၊ လမ်းခရီးအခက်အခဲကြောင့် စိန်ခေါ်မှုများ ရှိနေကြသည်။

“နေမကောင်း၊ ဖျားတယ်ဆိုပြီး ကျနော့်ဆီကို လာပြတဲ့သူတွေရှိတယ်။ အဲဒီထဲ အများစုက ငှက်ဖျားရောဂါကို ခံစားနေရတာတွေ့ရတယ်” ဟု ဆင်သည်ကျေးရွာမှ ဒေသတွင်းဆေးဆရာ ကိုအောင်သန်းဌေးက ပြောသည်။

တောဖျားချောင်းဒေသတွင် ရွာပေါင်း ၂၀ ကျော်ရှိပြီး ကျန်းမာ‌ရေးနှင့်ပတ်သက်၍ ပိုးရွှီပြင်တိုက်နယ်ဆေးရုံကို အဓိကအားထားနေရကာ အဆိုပါဆေးရုံတွင်လည်း ဆေးဝါးပြတ်လပ်လျက် ရှိနေသည်။

ငှက်ဖျားရောဂါဖြစ်ပွားမှုမှာ စိုးရိမ်စရာဖြစ်လာ၍ အာရက္ခပြည်သူ့အစိုးရအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

“ရွာတိုင်းလိုလိုမှာ ငှက်ဖျားဖြစ်နေတာရှိတယ်။ ကျနော်တို့ဒေသမှာဆိုရင် ပိုးရွှီပြင်တိုက်နယ် ဆေးရုံတစ်ခုပဲရှိတယ်။ အဲဒီဆေးရုံမှာလည်း ဆေးဝါးပြတ်လပ်ပြီး ရှာမရတဲ့အနေအထားမှာ ရှိနေတယ်။ ငှက်ဖျားရောဂါက စိုးရိမ်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်တယ်။ ဒါကြောင့် အာရက္ခပြည်သူ့အစိုးရအနေနဲ့ တတ်နိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု တောဖျားချောင်းဒေသခံ ကိုကျော်ဌေးက ပြောသည်။

တိုက်ပွဲစတင်ချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ရခိုင်ဒေသတွင် ဆေးဝါး၊ ကုန်ပစ္စည်းပြတ်လပ်ကာ ဈေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ခံစားနေကြရသည်။

နဂိုကတည်းက ဝေးလံခေါင်ဖျားသည့် တောဖျားချောင်းဒေသခံများမှာ ပို၍ အခက်အခဲများ ရှိနေကြသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...