တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ပြော

တောင်ကုတ်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA ပြော

ပုံစာ - ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက မင်းပြားမြို့နယ်အခြေစိုက် စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ ဓာတ်ပုံ - AA Info Desk

ရခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ-၅ ကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့နယ်တစ်လုံးကို အပြီးသတ် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ပြောသည်။

AA ပြောခွင့်ရ ဦးခိုင်သုခက "စစ်ကောင်စီရဲ့ စကခ- ၅ ကို တပ်မဌာနချုပ်ကို အပြီးသတ် ရှင်းလင်းတိုက်ခိုက်ပြီးဖြစ်ပါတယ်။ လွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံဖမ်းဆီးရှင်းလင်းနေပါတယ်။ ဒါကြောင့်မို့လို့ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်" ဟု ဆိုသည်။

စကခ - ၅ ဌာနချုပ်ကို AA က နိုဝင်ဘာလ တတိယအပတ်မှစကာ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းပစ်ကူတို့ဖြင့် အပြင်းအထန် ခုခံခဲ့သည့်ကြားမှ တစ်လခန့်အကြာတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် AA သည် ရခိုင်ဒေသအတွင်း စစ်ကောင်စီ၏ စစ်ဆင်ရေးများကို အထူးကပ်ကွဲပေးနေသော စကခ ဌာနချုပ် ၃ ခုဖြစ်သည့် စကခ (၉) ကျောက်တော်နှင့် စကခ (၁၅) ဘူးသီးတောင်နှင့် စကခ (၅) တောင်ကုတ်တို့ကို အလုံးစုံ သိမ်းပိုက်ထားပြီးဖြစ်သည်။

တောင်ကုတ်မြို့နယ်အတွင်း ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်သားများရှိနေသေး၍ ဒေသခံများအနေဖြင့် လုံခြုံရေးကို အထူးသတိထားကြရန် လိုအပ်ကြောင်း နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

"တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA သိမ်းပိုက်လိုက်ပြီဆိုပေမယ့် ထွက်ပြေးလွတ်မြောက်နေသေးတဲ့ စစ်ကောင်စီတပ်သားတွေ ရှိသေးတယ်။ သူတို့တွေက ဒေသခံတွေကို အန္တရာယ်ပြုလာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အသွားအလာတွေကို ဂရုစိုက်သင့်တယ်" ဟု သူကဆိုသည်။

တောင်ကုတ်တိုက်ပွဲကာလတွင် စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများကြောင့် တောင်ကုတ်မြို့ပေါ်နှင့် စစ်ကောင်စီတပ်အနီးဝန်းကျင်မှ နေအိမ်များ မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။

ဒီဇင်ဘာလ ၉ ရက်က လေကြောင်းပစ်ခတ်မှုကြောင့် တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ နေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့ပြီ ဒီဇင်ဘာလ ၄ ရက်ကလည်း လေကြောင်းပစ်ခတ်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနှင့် လူနေအိမ် ၁၅ ဆောင် မီးလောင်ပျက်စီးခဲ့ရသည်။

လက်ရှိတွင် ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း AA သည် ရခိုင်က မြို့နယ် ၁၂ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အမ်း၊ ဂွမြို့နယ်တို့ကိုလည်း အလုံးစုံ သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...