စစ်မှုထမ်းခေါ်နေ၍ ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များ အခက်ကြုံ

စစ်မှုထမ်းခေါ်နေ၍ ရန်ကုန်ရောက် ရခိုင်စစ်ရှောင်များ အခက်ကြုံ
ကျိုင်းတုံ တတက (၁၁) တွင် အပတ်စဉ် ၅ အတွက် စစ်မှုထမ်းစုဆောင်းခံရသူများ။ (ဓာတ်ပုံ - MOI)
ကျိုင်းတုံ တတက (၁၁) တွင် အပတ်စဉ် ၅ အတွက် စစ်မှုထမ်းစုဆောင်းခံရသူများ။ (ဓာတ်ပုံ - MOI)

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားလူငယ်မှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု စစ်ကောင်စီက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ခေါ်ဆောင်နေ၍ ရန်ကုန်ရောက် ရခိုင်စစ်ဘေးရှောင်များမှာ လုံခြုံရေးစိုးရိမ်ချက်များ မြင့်တက်နေကြသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပ၊ လှိုင်သာယာ၊ ဒေါပုံ၊ ဗိုလ်တစ်ထောင်၊ သာကေတ စသည့် မြို့နယ်များတွင် ယခုသီတင်းပတ်အတွင်း စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ထပ်မံအသိပေးလာခြင်းဖြစ်သည်။

“မနေ့က စာထုတ်ပြန်ပြီး ထပ်အသိပေးလာတာလို့ ကြားတယ်။ မြို့မှာနေတဲ့ ဘယ်အမျိုးသားလူငယ်တွေမဆို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ အလှည့်ကျစစ်မှုထမ်းရမယ်လို့ သိရတယ်” ဟု လှိုင်သာယာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်မှုထမ်းစာရင်းပါသူများအား အလှည့်ကျမဲနှိုက်ခြင်း၊ ငွေပေး၍ လူစားလဲခြင်းများ လုပ်ခွင့်မပြုတော့ဘဲ စစ်မှုထမ်းတာဝန်ကို ကျေပွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ပျက်ကွက်လျှင် စစ်မှုထမ်းဥပဒေအရ အရေးယူခံရမည်ဟု စစ်ကောင်စီက ပြောဆိုထားကြောင်း သိရသည်။

ယင်းအပြင် စစ်မှုထမ်းဆောင်သူများကို ထောက်ပံ့ကြေးပေးမည်ဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၆၀,၀၀၀ မှ ၂၀၀, ၀၀၀ ကျပ်အထိ ကောက်ခံမှုရှိနေကြောင်း ပြောဆိုကြသည်။

လှိုင်သာယာတွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံတစ်ဦးက “စစ်မှုထမ်းခေါ်တာက မြို့မှာနေတဲ့သူတွေ အားလုံးဖြစ်တာကြောင့် စစ်ရှောင်တွေလည်း ပါနိုင်မလားဆိုပြီး စိုးရိမ်လာကြတာ။ တချို့ဆိုရင် ရခိုင်ကို ပြန်သွားချင်တာရယ်၊ နိုင်ငံခြားသို့ သွားဖို့ပြင်ဆင်တာတွေကို ပိုလုပ်လာကြတယ်” ဟု ပြောသည်။

ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့ကြား တိုက်ပွဲများကြောင့် ဒေသခံများမှာ ဒေသတွင်းအပြင် ရန်ကုန်မြို့နှင့် အခြားဘေးလွတ်ရာ နေရာအသီးသီးတွင် စစ်ဘေးတိမ်းရှောင်နေရသည်။

ရန်ကုန်မြို့တွင် စစ်မှုထမ်း ထပ်မံခေါ်ဆောင်ပြီးနောက် စစ်ကောင်စီသည် အိမ်ထောင်စုစာရင်း၊ ဧည့်စာရင်း စစ်ဆေးခြင်းများ၊ လမ်းသွားလမ်းလာများကို တင်းကျပ်စွာ စစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာနေသည်။

“တချို့စစ်မှုထမ်းပါတဲ့သူတွေ ရှောင်ပြေးကြတာလည်းရှိတော့ ညအချိန်မှာ စစ်ဆေးမှုပိုလုပ်လာကြတယ်။ လုံခြုံရေးက အရင်ထက်ပိုပြီးတော့ စိုးရိမ်ရတာပေါ့” ဟု ရခိုင်ဒေသခံနောက်တစ်ဦးက ပြောသည်။

ယင်းအပြင် ရန်ကုန်တွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများကို စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးတရားစွဲဆိုပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းများလည်း ရှိနေသည်။

ရန်ကုန်တွင် စစ်ရှောင်နေသည့် ရခိုင်အမျိုးသားပါတီမှ လူငယ်ခေါင်းဆောင်ဟောင်း ကိုခင်ဝင်းမောင် (ခ) ကိုဂန်ဘာရီကို မတရားဖမ်းဆီးပြီးနောက် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် (၁၂) နှစ် ချမှတ်ခဲ့သည်။

ရန်ကုန်အပါအဝင် ပြည်မဒေသများတွင် ရောက်ရှိနေသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့် အလုပ်အကိုင် ရှားပါးမှုကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမှု များပြားနေကြောင်း အလုပ်သမားအရေး ကူညီနေသူများထံမှ သိရသည်။

ရခိုင်လူထုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(RCDF)မှ အသင်းသူတစ်ဦး သွေးလှူဒါန်းနေမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Ko Htun Iin (ပေးပို့)
May 26, 2026
စစ်အုပ်စု၏ လေကြောင်း အန္တရာယ်နှင့် ဒေသတွင်း စက်သုံးဆီ ဈေးနှုန်းများ အဆမတန်မြင့်...
ရခိုင်ပြည်အတွင်းက ကုန်စုံဆိုင်တစ်ဆိုင်အား တွေ့ရစဥ်။ ဓာတ်ပုံ - DMG
May 26, 2026
ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းနေသည့် မကွေးတိုင်း ဆောမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က နေရာယူ...
May 25, 2026
ရခိုင်ပြည်နှင့် နယ်နိမိတ်ချင်း တိုက်ရိုက်ထိစပ်နေသည့် မကွေးတိုင်းနှင့် ချင်းပြည်တောင်ပိုင်းက...
May 23, 2026
အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို မေလ ၂၁ ရက်က...