စစ်ရေးကာလ စားဝတ်နေရေးကျပ်တည်းမှု အမျိုးသမီးများအပေါ် သက်ရောက်မှုမြင့်မားနေ

စစ်ရေးကာလ စားဝတ်နေရေးကျပ်တည်းမှု အမျိုးသမီးများအပေါ် သက်ရောက်မှုမြင့်မားနေ

မြန်မာနိုင်ငံတဝန်း ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ပြည်သူများမှာ လူမှုဘဝအခက်အခဲများကို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ဖြတ်သန်းနေကြရသည်။

ထိုအထဲတွင် ကုန်ဈေးနှုန်းမြင့်တက်မှု၊ အလုပ်အကိုင်ရှားပါးမှုအပြင် ကျန်းမာရေး၊ စီးပွားရေးဆိုင်ရာ ခက်ခဲမှုများမှာ အမျိုးသမီးများအပေါ် အကျိုးသက်ရောက်မှု မြင့်မားနေကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) မှ ဒီဇင်ဘာလ ၃ ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

“ပြည်သူအများ ရင်ဆိုင်နေရတဲ့ ဒီအခြေအနေတွေရဲ့ ဝန်ထုပ်ဝန်ပိုးတွေက အမျိုးသမီးတွေအပေါ်ကိုလည်း သက်ရောက်ဖိစီးနေပါတယ်။ အိမ်မှုကိစ္စနဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရင်ဆိုင်ရတာ၊ လုပ်ခလစာ အနှိမ်ခံရတာတွေကစလို့ အိမ်တွင်းအကြမ်းဖက်ခံရတာတွေအဆုံး ဆတိုးဒဏ်ရာတွေကို အမျိုးသမီးတွေ ခါးစည်းခံနေကြရပါတယ်” ဟု ISP-Myanmar က ဆိုသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုအပြင် ဒေသခံများမှာ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးရှားပါးမှုများကို ကြုံတွေ့နေရသည်။

ထိုအကျိုးဆက်များသည် မီးဖိုချောင်နှင့် ဝင်ငွေစီမံခန့်ခွဲသူ အမျိုးသမီးများအပေါ် သက်ရောက်မှု မြင့်မားနေခြင်းဖြစ်သည်။

ရခိုင်ဒေသခံ ဒေါ်အေးအေးက “ကုန်ဈေးနှုန်းမြင့်လာပေမယ့် ဝင်ငွေတိုးမယ့်ကိစ္စ မရှိဘူး။ အိမ်အသုံးစရိတ်က တစ်ရက်ထက်တစ်ရက် တိုးလာတာပဲရှိတယ်။ အရင်က ငါးယောက်စာကို တစ်သောင်းဆို လောက်တယ်။ အခုက ဟင်းခတ်ပစ္စည်းဖိုးမပါဘဲ တစ်ရက်ကို ဈေးဖိုး နှစ်သောင်းခွဲလောက်ကုန်တယ်။ အသားငါးဆိုလည်း နေ့တိုင်းမစားနိုင်ဘူး” ဟု ဆိုသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွးသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်စည်စီးဆင်းမှုပြတ်တောက်ကာ ကုန်ဈေးနှုန်းများမှာ ယခင်ထက် ၉ ဆခန့်အထိ မြင့်တက်နေသည်။

ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းရာတွင် အမျိုးသမီးများမှာ အခြားသော မိသားစုဝင်များကို ဦးစားပေးသည့်အနေဖြင့် ပိုမိုခြိုးခြံချွေတာကြပြီး အကျိုးဆက်အနေဖြင့် အာဟာရမျှတမှုနှင့် ကျန်းမာရေးပိုင်းတွင် စိုးရိမ်စရာရှိလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။

“ပိုက်ဆံက အခုဝင်ရင် အခုဝယ်စားရလို့ ကုန်ပြီ။ အိမ်သားတွေ ကျန်းမာရေးကိစ္စ တစ်စုံတစ်ရာဖြစ်ရင်လည်း ဆေးကုဖို့ ငွေပိုငွေလျှံစုမိဖို့ မလွယ်ဘူး။ ကိုယ်အလုပ်လုပ်လို့ရတဲ့ငွေကို ဒီနေ့နဲ့ မနက်ဖြန် ဈေးဖိုးမျှအောင် ဘယ်လိုသုံးရမလဲပဲ တွေးနေရတယ်။ လက်ရှိကာလမှာ လူမှုရေးအတွက်တောင် အပိုသုံးဖို့ မရှိလောက်အောင် မီးဖိုချောင်စရိတ်က ပိုပြီး အရေးကြီးနေတယ်” ဟု ရခိုင်ပြည်၊ မြေပုံမြို့မှ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံက သတ်မှတ်ထားသည့် အခြေခံလုပ်ခလစာမှာ ၆,၈၀၀ ကျပ်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ လုပ်ခလစာ ၄,၈၀၀ ကျပ်ပင် မရရှိသည့် လုပ်သားများရှိနေပြီး အထူးသဖြင့် အမျိုးသမီးများမှာ ၄,၈၀၀ ကျပ်ပင် မရကြောင်း ISP-Myanmar ၏ အစီရင်ခံစာမှ သိရသည်။

လက်ရှိတွင် နိုင်ငံတဝန်း တိုက်ပွဲဖြစ်ပွားရာ မြို့နယ်အများစုတွင် အခြေခံစားသောက်ကုန်နှင့်ဆေးဝါး ပြတ်လပ်ခြင်း၊ လျှပ်စစ်မီးပြတ်တောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး စသည့် အခက်အခဲများကိုလည်း ပြည်သူများ ခံစားနေကြရသည်။

May 7, 2026
ရခိုင်ပြည်၊ အာရက္ခတပ်တော် ထိန်းချုပ်ရာ ပေါက်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်...
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...