AA ထိုးစစ် ဂွမြို့နှင့် အနီးဆုံးသို့ ရောက်လာ

AA ထိုးစစ် ဂွမြို့နှင့် အနီးဆုံးသို့ ရောက်လာ

အာရက္ခတပ်တော်က မရပ်မနား ထိုးစစ်ဆင်နေသည့် ဂွတိုက်ပွဲများသည် ယခုအခါ မြို့နှင့်အနီးဆုံး ၁ မိုင်ခန့်အကွာရှိ ရဟိုင်းကူးတို့ကျေးရွာအနီးသို့ ရောက်ရှိလာပြီးဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များထံက သိရသည်။

ဩဂုတ်လ ၈ ရက်နေ့က သံတွဲမြို့နှင့် ဂွမြို့နယ်စပ် ဂွမြို့အပိုင် ဘိုကလေး၊ ချင်းကွင်း စသည့်နေရာများမှာ စတင်ခဲ့သည့် ဂွမြို့နယ်တိုက်ပွဲများသည် ကျိန္တလီမြို့ကို သိမ်းပိုက်ပြီးနောက် ယခုအခါ မြို့နှင့်အနီးဆုံးနေရာကို ရောက်ရှိလာနေခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁ ရက်နေ့က ဂွမြို့နယ်၊ အလယ်ချောင်းကျေးရွာအနီးတဝိုက်တွင် တပ်ဆွဲနေထိုင်ခဲ့သည့် စစ်ကောင်စီတပ်သားများမှာ ဂွမြို့နှင့် ၁ မိုင်ကျော်သာကွာဝေးသည့် ရဟိုင်းကူတို့ကျေးရွာသို့ တပ်ဆုတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“အလယ်ချောင်းကနေ တပ်ဆုတ်လာခဲ့တာကြောင့် အဲဒီကျေးရွာအနီမှာရှိတဲ့ ကျောက်ကြီး၊ စည်ပင်၊ ရဟိုင်းကူးတို့ စတဲ့ ကျေးရွာအနီးနားတွေမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲကတော့ ပြင်းထန်တဲ့အဆင့်တော့ မဟုတ်သေးဘူး။ နားလိုက်တိုက်လိုက်ဖြစ်နေတာ” ဟု ဂွ ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင် လောင်းကျိုးကျေးရွာရှိ တပ်စခန်းနှင့် ပုဂံတောင်ဘုရားရှိ အမြောက်တပ်စခန်း တို့ကို AA သိမ်းပိုက်ခဲ့သည်။

ယင်းနောက်ပိုင်းတွင်  ဇီးကုန်းနှင့် တင်းတောကျေးရွာများရှိ တပ်စွဲနေထိုင်ခဲ့သော စစ်ကောင်စီတပ်စခန်းများကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာခြင်းနှင့်အတူ ဂွမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်လူဦးရေမှာလည်း တနေ့တခြား ထပ်တိုးလာကြောင်း စစ်ဘေးရှောင်အရေး ကူညီသူများထံမှ သိရသည်။

မြို့နှင့်ပိုနီးကပ်လာသည့် AA ထိုးစစ်များကြောင့် ဧရာဝတီးတိုင်းရှိ တပ်ရင်းများမှ စစ်ကောင်စီတပ်သားများကို စစ်ကားများဖြင့် ယခုရက်ပိုင်းအတွင်း ဂွမြို့တွင် အင်းအားဖြည့်ကာ ခံစစ်ဆင်နေကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာတော့ ဈေးတွေကို ပိတ်ထားခိုင်းတာ။ မြို့အတွင်း လုံခြုံရေး ပိုပြီးတိုးချဲ့ပြီး အင်အားဖြည့်တာတွေရှိနေတယ်လို့ ကြားရပါတယ်” ဟု ဂွမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ယင်းအပြင် ဂွမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တပ်ရင်းများတွင်လည်း အင်းအာများ တိုးချဲ့ဖြည့်ထားသကဲ့သို့ မြို့ပတ်ပတ်လည်ကိုလည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သိရသည်။

ဂွမြို့နယ်သည် ဧရာဝတီတိုင်းနှင့် အဓိကချိတ်ဆက်ထားသည့် မြို့နယ်ဖြစ်ပြီး အကယ်၍ AA က သိမ်းပိုက်နိုင်လျှင် ဧရာဝတီတိုင်းအထိ စစ်ကောင်စီတပ်များကို ခြိမ်းခြောက်နိုင်တော့မည်ဖြစ်သောကြောင့် စစ်ကောင်စီအတွက် အရေးပါသည့် ဒေသတစ်ခုလည်းဖြစ်သည်။

အာရက္ခတပ်တော် (AA) သည် တိုက်ပွဲကာလ ၁ နှစ်ကျော်အတွင်း ရခိုင်က မြို့ ၁၀ ခုနှင့် ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။

ယင်းအပြင် အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့နယ်များကိုလည်း သိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်ကြောင်း တိုက်ပွဲတစ်နှစ်ပြည့်တွင် AA က ထုတ်ပြန်ခဲ့သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...