မန္တလေး၊ စစ်ကိုင်းမှ အိန္ဒိယနိုင်ငံထိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီဖမ်းမိကြောင်းကြေညာ

မန္တလေး၊ စစ်ကိုင်းမှ အိန္ဒိယနိုင်ငံထိ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေတဲ့ မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီဖမ်းမိကြောင်းကြေညာ

မန္တလေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေတဆင့် အိန္ဒိယနိုင်ငံအထိ  မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ မူးယစ်မှောင်ခိုအဖွဲ့တစ်ခုကို စစ်ကောင်စီက ဖမ်းဆီးရမိတယ်လို့ နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းလုပ်ကိုင်နေသူ ၂၁ ဦးကို ဖော်ထုတ်နိုင်ခဲ့ပြီး လတ်တလော ၁၄ ဦးဖမ်းဆီးရမိထားပြီး ၈ ဦးက ဖမ်းဆီးဖို့ကျန်ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျီကုန်းကျေးရွာလမ်းဆုံမှာ  ကလေးဝမှ ကလေးဘက်သို့ ကိုစိန်လွင် မောင်းနှင်ပြီး ချစ်စန်းကို လိုက်ပါလာတဲ့  FUSO ၁၂ ဘီးယာဉ်ကို ရှာဖွေရာမှာ ဘိန်းဖြူ ၅၀.၆ ကီလိုကို ကနဦးဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ကွင်းဆက်တွေအနေနဲ့ ကလေးမြို့အတွင်းက ရောင်းဝယ်မှုတွေပြုလုပ်နေသူ ၊ သိုလှောင်ထားသူတွေကို ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုဖမ်းဆီးမှုကနေ ရတဲ့သတင်းနဲ့ မန္တလေးမြို့အတွင်း မူးယစ်ဆေးဝါးတင်ပို့ရောင်းချသူတွေကို မန္တလေးမြို့အတွင်းမှာ ဆက်လက်ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိရာမှာ ဘိန်းဖြူ ၁၅၀ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၄၁၂ ကီလိုနှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၃ တန် တိတိကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းကျေးသီးမြို့နေ  စိုးဝင်းနဲ့အဖွဲ့တွေဟာ  ကျေးသီးမှ တဆင့် မန္တလေးမြို့သို့ ဘိန်းဖြူအပါအဝင် မူးယစ်ဆေးဝါးများကို ပို့ဆောင်ပေးမှုနဲ့ သိုလှောင်မှုတွေကို စီမံခန့်ခွဲကာ မန္တလေးမြို့တွင်း  နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်အတွင်းသို့ ပို့ဆောင်ရောင်းချခဲ့တယ်ဆိုပါတယ်။

ကလေးမြို့မှ မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ် မိုရေးလ်မြို့ ၊ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့နယ်တွေဆီကို မူးယစ်ဆေးဝါးတွေဆက်လက်တင်ပို့ရောင်းချခဲ့ကြသူတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်ပြီးခဲ့တဲ့ ၆ လပတ်အတွင်း မူးယစ်ဆေးဝါး  ကျပ် ၁၂၇.၉၇၈ ဘီယီယံအထိ ဖမ်းဆီးရမိထားကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

February 11, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းမှာ ကုန်စည်းစီးဆင်းမှု ပိတ်ဆို့ထားမှုကို...
February 10, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း NUG ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်တဲ့...
February 7, 2026
လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအုပ်စု မန်စယ်ကျေးရွာမှ ဒေသခံ ၃၆ ဦးကို ကိုးကန့်တပ် MNDAA တွေက...
February 5, 2026
မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသရှိ အင်းတော်ကြီးမြို့(လုံးတုံ)ရဲ့ စစ်ကော်မရှင်ရဲ့...