PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင်၊ ထိတွေ့တိုက်ပွဲဖြစ်

PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီနှင့် PNO ထိုးစစ်ဆင်၊ ထိတွေ့တိုက်ပွဲဖြစ်

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA ထိန်းချုပ်ရာဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် PNO တပ်တို့က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၂၀ ရက်) နံနက် ၁၀ နာရီခွဲအချိန်မှစပြီး ဆီဆိုင်မြို့နယ်အတွင်းရှိ အများပြည်သူအသုံးပြုနေသည့် ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီတပ်ဖွဲ့မှ လေယာဉ်ဖြင့် ဗုံးသုံးလုံး ကြဲချခဲ့သလို မြေပြင်၌ စစ်အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာပြီး တိုက်ခိုက်လာနေသည်ဟု PNLA ၏ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

လက်ရှိတွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ဖွဲ့၊ ပြည်သူ့စစ် PNO တပ်ဖွဲ့ နှင့် PNLA တပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဆိုသည်။

“အခုမြေပြင်အခြေအနေ အသေးစိတ်မသိရသေးပါဘူး။ ဒီနေ့နံနက်ပိုင်းမှာ စစ်ကောင်စီက အများပြည်သူအသုံးပြုတဲ့ ပွန်ချောင်းတံတားကို ဗုံးသုံးလုံးကြဲချသွားပါတယ်။ ပြီးတော့ ပွန်ချောင်းတံတားအနီးမှာလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

ထို့အပြင် သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ် PNO တို့ပူးပေါင်းပြီး နိုဝင်ဘာလဆန်းက ထိုးဆင်စစ်လာရာ ကရင်နီတော်လှန်ရေးအင်အားစုတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...
ဓာတ်ပုံ - (မိုးမောက် စစ်ဘေးရှောင်များ / Crd)
August 26, 2026
ကချင်ပြည်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများတွင်...