ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရ

ညောင်ရွှေမြို့နယ်ရောက် စစ်ဘေးရှောင်များ ချေးငှားပြီး ဝမ်းရေးဖြေရှင်းနေရ
ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု
ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တခု

သျှမ်းပြည် ညောင်ရွှေမြို့နယ်တွင် ရောက်ရှိနေသော စစ်ဘေးရှောင်များသည် အလုပ်အကိုင်မရှိခြင်း၊ အလှူရှင်များမရှိခြင်းအတွက် ချေးငှားပြီး  ဝမ်းရေးဖြေရှင်းနေကြရကြောင်း စုံစမ်းသိရှိရသည်။

ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ တိုက်ပွဲများကြောင့် ညောင်ရွှေမြို့သို့ စစ်ရှောင်တစ်ထောင်ဝန်းကျင်သည် ပြီးခဲ့သည့် အောက်တိုဘာလတွင် ထွက်ပြေးတိမ်းရှောင်လာကြရကြောင်း သိရသည်။

ညောင်ရွှေမြို့နယ် စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင် တစ်ထောင်ဝန်းကျင်သည် အလုပ်အကိုင်ရှားပါးခြင်းများကို ကြုံတွေ့နေပြီး အလှူရှင်မရှိသည့်အတွက်ကြောင့် စားနပ်ရိက္ခာများကို ချေးငှား၍ စားသုံးနေရကြောင်း စစ်‌ဘေးရှောင်အမျိုးသားတစ်ဦးက သျှမ်းသံတောင်ဆင့်ကို ပြောသည်။

“အလုပ်ကလည်းမရှိဘူး။ အရမ်းပါးတယ်။ အလုပ်က  မရှိတာပဲများပါတယ်။ တကယ်ကို အရမ်း အကူညီလိုအပ်နေပါတယ်။ မြို့နဲ့အလှမ်းဝေးတော့ ခက်တယ်။ အကုန်လုံးက တနေ့လုပ်တနေ့စားတွေ ကြီးပဲလေ။ သွားဖို့လာဖို့ခက်တော့ လာလှူတဲ့လူလည်းမရှိဘူး။ အခုကတော့ ရွာကလူကို ချေးငှားစားပြီး အလုပ်လေးရှိမှ ရတဲ့ပိုက်ဆံကို ပြန်ဆပ်နေရတာ”ဟု စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ပြောသည်။

ထို စမ်းရေကြည်၊ ဟဲဆတ်၊ နားမွန် ရွာတို့သည် ညောင်‌ရွှေ – ပင်လောင်း နယ်စပ်တွင်တည်ရှိပြီး စစ်ဘေးရှောင်များသည် လက်ရှိတွင် ဘုန်းကြီးကျောင်းနှင့် ခန်းမဆောင်များတွင် နေထိုင်နေကြကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိပင်လောင်းမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်လာသော်လည်း စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့က နေရပ်ပြန်ခွင့်မပြုသေးကြောင်း သိရသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများသည် ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့အတွင်းသို့ ပြီးခဲ့သည့်စက်တင်ဘာလ နောက်ဆုံးပတ်မှစတင်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ - Crd
August 31, 2026
သျှမ်းပြည်၊ မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့်...
ဓာတ်ပုံ - (RCSS ထံ ဘက်ပြောင်းခိုလှုံလာသည့် PNLA တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ / Tai Freedom)
August 28, 2026
သျှမ်းပြည်၊ မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသတွင် လှုပ်ရှားနေသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မ...
August 28, 2026
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)...
ဓာတ်ပုံ - (ဖယ်ခုံစစ်ဘေးရှောင်စခန်း - Crd)
August 27, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ လတိန်ကျေးရွာတွင် ၁၁ လနီးပါး စစ်ဘေးတိမ်း...