မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး

မန္တလေး – မြစ်ကြီးနား လမ်းမပေါ် ရှိ ကာကွယ်ရေးတပ်ရဲ့အခွန်ဂိတ် တိုက်ခိုက်ခံရပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးနဲ့ ခရီးသွား ၄ ဦးသေဆုံး
စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ ငွေအိုးမန်း (အံစာတုံး) ကား
စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ ငွေအိုးမန်း (အံစာတုံး) ကား

မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းပိုင်း ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အခွန်ကောက်ခံတဲ့ဂိတ် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ခရီးသွား ၄ ဦး သေဆုံးခဲ့ရတယ်လို့ ကားသမားတွေဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ကာကွယ်ရေးတပ်ဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့ရာကနေ မန္တလေး–ကသာ ပြေးဆွဲနေတဲ့ အံစာတုံးကားတစ်စီး ဒရုန်းဗုံးသီးထိမှန်ကာ အရပ်သားခရီးသွားတွေပါ သေဆုံးခဲ့ရတာလို့ ကားသမား တစ်ဦးက အခုလိုပြောပါတယ်။

“မြစ်ကြီးနား–မန္တလေးကားလမ်းတစ်နေရာပဲ ရွှေဘိုအကျော်ပေါ့ စစ်တပ်က ဒရုန်းလာချတာ PDF ဂိတ်ကို ကျနော်တို့ကားဝင်းထဲကပဲ မိတ်ဆွေထိသွားတာ ကားနောက်လိုက်တစ်ယောက်နဲ့ PDF တစ်ယောက်ရော အပါ ၅ ယောက် သေသွားတယ်လို့သိရတယ်“လို့ ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၂၀ ဝန်းကျင်အရွယ် ကားနောက်လိုက်အမျိုးသားတစ်ဦး၊ သံဃာတော်တစ်ပါး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦးနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဒါ့အပြင် ကားပေါ်လိုက်ပါလာတဲ့ ခရီးသွား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကားသမားတွေက ပြောပါတယ်။

ကန့်ဘလူမြို့နယ်သတင်းတွေကို ဖော်ပြပေးနေတဲ့ ကျွန်းလှမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒရုန်းဗုံးကြဲချတိုက်ခိုက်ခဲ့တာဟာ ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်အထိုင် စစ်ကောင်စီတပ်နဲ့ပျူစောထီးတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒရုန်းဗုံးသီးထိမှန်ခဲ့တဲ့ အံစာတုံးကားကတော့ မန္တလေး–ကသာ ပြေးဆွဲနေတဲ့ ငွေအိုးမန်းအမည်ရှိတဲ့ ကားလို့သိရပြီး မြစ်ကြီးနား–မန္တလေး ကားလမ်းမပေါ်မှာ အခုလိုဖြစ်စဥ်မျိုးဟာ ပြီးခဲ့တဲ့စက်တင်ဘာလကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

စက်တင်ဘာလ ၂၇၊ ၂၈ ရက်နေ့တွေမှာ မန္တလေး–မြစ်ကြီးနား ဗျူဟာလမ်းမပေါ် ကန့်ဘလူမြို့နယ်ထဲက ကျေးရွာတစ်ချို့စစ်ကောင်စီတပ်ရဲ့

ဒရုန်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရီးသွား ၆ ဦးနဲ့ ဒေသခံတစ်ချို့သေဆုံးခဲ့ရပါသေးတယ်။

May 30, 2026
အာဏာသိမ်းစစ်တပ်ဟာ  ကချင်ဒေသအပါ လက်လွတ်လိုက်ရတဲ့ မြို့နေရာတွေကို ပြန်ရဖို့...
May 29, 2026
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက်...
May 28, 2026
ညနေစောင်းချိန် မေခမြစ်ပေါ်မှာ စက်အင်ဂျင်သံတွေ မရပ်မနားကြားနေရတယ်။ တစ်ချိန်က ကြည်စိမ်းနေတဲ့...
May 28, 2026
အမိုး — မန္တလေး–မြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်–ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့...