TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး

TNLA ထိန်းချုပ် နမ့်ခမ်းမြို့ ယာမဆေးကြောင် အမျိုးသားက ၎င်းဇနီးကို ဓားထိုး ပွဲချင်းပြီးသေဆုံး
နမ့်ခမ်းမြို့ ယာမ ဆေးကြောင့်အမျိုးသား ဖမ်းဆီးနေစဉ်
နမ့်ခမ်းမြို့ ယာမ ဆေးကြောင့်အမျိုးသား ဖမ်းဆီးနေစဉ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်သည့် မန်ခမ်းရပ်ကွက်နေ ယာမဆေးကြောင်သည့် အမျိုးသားသည် ၎င်း၏ဇနီးကို ဓားထိုးခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၉ ရက်) နံနက် ၇ နာရီခွဲခန့်တွင် TNLA ထိန်းချုပ်သည့် နမ့်ခမ်းမြို့ မန်ခမ်းရပ်ကွက်နေ အသက် (၅၂) နှစ် အရွယ်ရှိ စိုင်းအုံးဖေသည် ယာမဆေးကြောင်ပြီး ဇနီးဖြစ်သူ အသက် (၄၈) နှစ် အရွယ်ရှိ နန်းရွှေငြိမ်ကို နေအိမ်တွင် ဓားထိုးမှုဖြစ်ပွားခဲ့ရာ အမျိုးသမီးဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“မန်ခမ်းဘက်မှာ ယောကျ်ားက ယာမဆေးကြောင်ပြီး မိန်းမကို ဓားနဲ့ထိုးတာ၊ သူ့မိန်းမက အိမ်မှာပဲ ပွဲချင်းပြီး ဆုံးသွားတယ်။ ခုလိုအချိန် စစ်ဖြစ်တဲ့အချိန် ဓားခုတ်မှုဖြစ်တာ နမ့်ခမ်းမှာ ပထမဆုံးပဲ”ဟု ဖြစ်စဉ်သိရှိသူ နမ့်ခမ်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဓားထိုးမှု ကျူးလွန်ခဲ့သည့် စိုင်းအုံးဖေကို ရပ်ကွက်နေပြည်သူများနှင့် TNLA ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းဖမ်းဆီးထားနိုင်ကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

နမ့်ခမ်းမြို့သည် TNLA ထိန်းချုပ်ထားသော်လည်း လက်ရှိအချိန်ထိ ယာမဆေးပြား၊ မူးယစ်ဆေးဝါးသည် လျော့ကျမှု မရှိသကဲ့သို့ KTV နှင့် ဘား (အရက်)ဆိုင်များလည်း ပိုများလာကြောင်း နမ့်ခမ်းဒေသခံများ ပြောပြချက်အရ သိရသည်။

ယခုကဲ့သို့ ယာမဆေးကြောင်ပြီး ဓားထိုးမှုသည် “၁၀၂၇ စစ်ဆင်ရေး”ပြီးနောက် ပထမဆုံးဖြစ်ကြောင်း သိရပြီး ဒေသအတွင်း မူးယစ်ဆေးဝါးပေါများလာခြင်းကြောင့် ရပ်ကွက်နေပြည်သူများ၏ တန်ဖိုးကြီး ပစ္စည်းများ ခိုးယူခံရပြီး ပျောက်ဆုံးခြင်းများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုတလော ပစ္စည်းခိုးတာ ပျောက်တာတွေလည်း ရှိတယ်။ ကားပျောက်ရင် ၇ ရက်၊ တစ်ပတ် မကြာခဏ အဲ့လိုဖြစ်တာ။ အခုနမ့်ခမ်းမှာက KTV အကြီးတွေ ပေါ်လာပြီး များလာတော့ အဲ့မှာ ယာမဆေးပြားတွေလည်း ရနေတယ်”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ခမ်းမြို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို TNLA အုပ်ချုပ်ရေးဌာနမှ အောက်တိုဘာလ (၂၄) ရက်မှ နိုဝင်ဘာလ (၉) ရက်နေ့အထိ သုံးပတ်ကြာ အုပ်ချုပ်ရေးမှူးသင်တန်း ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။

Most read this week

March 28, 2026
စိုင်းခွမ်မိန်း — စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို...
March 27, 2026
စိုင်ဆိုင်အိုက် — မြန်မာ - တရုတ်နယ်စပ် အဓိက ကုန်သွယ်ရေးလမ်းဖြစ်သည့် လားရှိုး - မူဆယ်...
March 26, 2026
ဖေ့ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာများတွင် တအာင်း (ပလောင်) လူမျိုးများက ကိုးကန့်တပ် (MNDAA) အား...
March 25, 2026
“သံလွင် မြစ်ရေစီးသန်အားကြီးတယ် ဒို့သျှမ်းပြည်အလယ်…လွယ်လွယ်နဲ့ကူးဖြတ်နိုင်မယ်မထင်” ဆိုသည့် တေးဆို...