ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၅ ဦး ဖမ်းဆီးခံရ

ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၅ ဦး ဖမ်းဆီးခံရ
၂၀၂၂ ခုနှစ်က ဂွမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ
၂၀၂၂ ခုနှစ်က ဂွမြို့တွင်းတစ်နေရာတွင် တွေ့ရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - CJ

ဒေသတွင်းတိုက်ပွဲများကြောင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်မှ အမျိုးသမီးအပါအဝင် ဒေသခံ ၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သတင်းရရှိသည်။

ဂွဒေသခံ ၅ ဦး ယာယီစစ်ဘေးရှောင်နေသည့် စောပြာကျေးရွာသို့ နိုဝင်ဘာ ၁၆ ရက်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဟု ဒေသခံများထံမှ သိရသည်။

“ဂွကနေ စစ်ဘေးလာရှောင်နေတဲ့သူတွေပါ။ စောပြာမှာပဲ လာဖမ်းသွားတာ။ သူတို့က စစ်ရှောင်မဟုတ်ဘူး အေအေတွေဆိုပြီး ဖမ်းသွားတာ” ဟု မြေပြင်အခြေအနေကို သိရှိသူ ရေကြည်ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား ၄ ဦးပါဝင်ပြီး ယနေ့အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးသလို တစ်စုံတစ်ရာ အဆက်အသွယ်လည်း မရရှိကြောင်း သိရသည်။

ဒေသတွင်းတိုက်ပွဲများကြောင့် ဂွမြို့နယ်မှ ဒေသခံအများအပြင် သံတွဲမြို့နယ်မှ ဒေသခံများမှာ ရခိုင်ဒေသနှင့် ထိစပ်နေသည့် ဧရာဝတီဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

ဂွမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်မှုနှင့်အတူ အာရက္ခတပ်တော်၏ ထိုးစစ်မှာလည်း မြို့အနားနီးကပ်လာ၍ ဧရာဝတီတိုင်းတွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်တိုးချဲ့ကာ လုံခြုံရေးတင်းကျပ်ခြင်း၊ ကျေးရွာများသို့ စစ်ကြောင်းထိုးခြင်း စသည့် စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်လာနေသည်။

ရေကြည်ဒေသခံ နောက်တစ်ဦးက “ဒီဘက်မှာရှိတဲ့ ရခိုင်ရွာတွေကို ပိုပြီးတင်းတင်းကျပ်ကျပ် လုပ်လာတာ တွေ့ရတယ်။ စစ်ဆေးရေးတွေ ပိုပြီးကျပ်လာတဲ့အပြင် ဧည့်စာရင်းစစ်တာတွေ၊ လူအဝင်အထွက်တွေ မကြာမကြာ လိုက်စစ်တာ တွေ့ရတယ်” ဟု ပြောသည်။

စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်လာနေသဖြင့် ဧရာဝတီတွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မှု မြင့်တက်လျက်ရှိသည်။

ပြီးခဲ့သည့် ဩဂုတ် ၉ ရက်ကလည်း ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် သံတွဲမြို့နယ်မှ ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးခဲ့သည်။

တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်က ဒေသခံတစ်သိန်းကျော်မှာ ဧရာဝတီတိုင်းနှင့် ပြည်မဘက်တို့တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြပြီး စားဝတ်နေရေးအခက်အခဲအပြင် လုံခြုံရေးပါ ခြိမ်းခြောက်ခံနေရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...