ကျောက်ဖြူတွင် ပုဂ္ဂလိကဘဏ်များ ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထား

ကျောက်ဖြူတွင် ပုဂ္ဂလိကဘဏ်များ ပိတ်လိုက်ပြီး လုံခြုံရေးတိုးမြှင့်ထား

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေမှုနှင့်အတူ ကျောက်ဖြူမြို့တွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ထားပြီး ပုဂ္ဂလိကဘဏ်များကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

KBZ ဘဏ်၊ CB ဘဏ်၊ ကမ္ဘာ့ရတနာဘဏ် စသည့် ပုဂ္ဂလိကဘဏ်အားလုံးကို နိုဝင်ဘာလ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး မြို့တွင်းလုံခြုံရေး တိုးမြှင့်ချထားသည်ကို တွေ့ရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။

ဘဏ်လုပ်ငန်း ရပ်သွားသောကြောင့် ဒေသတွင်းငွေကြေးစီးဆင်းမှု အားနည်းသွားပြီး စီးပွားရေး၊ ကျန်းမာရေး စသည့်ကဏ္ဍအသီးသီးတွင် ထိခိုက်လာနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

“စစ်တပ်က လုံခြုံရေးအတွက် အရင်ကထက် လုပ်လာတာရှိတယ်။ ဒါတွေကြောင့် ဘဏ်တွေပိတ်လိုက်တာ ဖြစ်တယ်လို့ သိရတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့ပြင်ရှိ ခမရ (၅၄၂) နှင့် ခမရ (၅၄၃) တပ်ရင်း ခြံစည်းရိုးများတွင် ဝါးချွန်များဖြင့် ကာရံထားပြီး လက်ရှိတွင်လည်း ကျောက်ဖြူလေဆိပ်အနီး ခလရ (၃၄) တပ်ရင်းကိုပါ ဝါးချွန်စူးများဖြင့် ကာရံထားကြောင်း သိရသည်။

“အရင်က ကာရံထားတဲ့ အုတ်နံရံအရှေ့ပိုင်းက ၁၀ ပေကျော်အကွာမှာ ဝါးချွန်တွေနဲ့ ထပ်ဆင့်ကာရံထားပြီး လုံခြုံရေး အပြည့်ယူထားတယ်” ဟု ကျောက်ဖြူမြို့ခံ နောက်တစ်ဦးက ပြောသည်။

၂၀၁၉ ခုနှစ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ကျောက်ဖြူမြို့တွင် ရပ်ကွက်ပေါင်း ၁၇ ခု၊ အိမ်ခြေ ၅,၀၀၀ ကျော်နှင့် လူဦးရေ ၂၅,၀၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည့် ကျောက်ဖြူမြို့သည် ခရိုင်အဆင့်ရှိ မြို့ဖြစ်ပြီး မြစ်၊ ချောင်းများ ဝန်းရံထားသဖြင့် တိုက်ပွဲဖြစ်လာလျှင် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲရှိကြောင်း မြို့ခံများက ပြောသည်။

“တိုက်ပွဲတွေဖြစ်လာရင်တော့ စစ်ရှောင်ဖို့ လုံးဝမလွယ်တဲ့ ကိစ္စပါ။ အခုလိုမျိုး ပုံစံတွေကို မြင်ရတော့လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

တရုတ်အကျိုးစီးပွား အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ရှိသည့် ကျောက်ဖြူဒေသသည် စစ်ကောင်စီအတွက် စီးပွားရေးအရ အထူးအရေးပါသည့် ဒေသတစ်ခုဖြစ်သည်။

ပုံစာ - ကျောက်ဖြူမြို့တွင်း တစ်နေရာကို ၂၀၂၂ ခုနှစ်၊ ဧပြီလက တွေ့ရစဉ်။

မောင်တောမြို့ ကညင်ချောင်း ကုန်သွယ်ရေးစခန်းကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလက တွေ့ရစဉ်။
May 30, 2026
ဘင်္ဂလားဒေ့ရှ်- ရခိုင်ပြည်နယ်စပ် ကုန်သွယ်ရေးကို ဧပြီလအတွင်းက စတင်ဖွင့်လှစ်ပြီး...
May 30, 2026
၁၉၆၀ ကျော်ကာလတွေကို ပြန်ကြည့်ရင် ရခိုင်ပြည်အတွက် အလွန်ခက်ခဲတဲ့ ကာလတစ်ခုပါ။ လမ်းပန်း ဆက်သွယ်ရေး၊...
May 29, 2026
AA ထိုးစစ်ကို ခုခံရန်အတွက် စစ်အုပ်သည် ရခိုင်ပြည်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့နယ်တို့တွင်...
၂၀၂၃ ခုနှစ်အတွင်းက စစ်တွေမြို့ မြင်ကွင်း။ ဓာတ်ပုံ - DMG
May 28, 2026
ရခိုင်ပြည်တွင် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို...