ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ

ဖားကန့် မြေစာပုံပြိုကျမှုမှာ ကယ်ဆယ်ရေးလုပ်ဆောင်မှုမရှိ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီဆာကျေးရွာ မြေစာပုံပြိုကျမှုမှာ  ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်တာလည်း မတွေ့ရဘူးလို့ စုံစမ်းသိရှိရပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ၁၂ နာရီဝန်းကျင် မှော်စီစာရွာ တင်အောင်ကြိုင်လုပ်ကွက်ဟောင်း မြေနေရာပြိုကျခဲ့တာဖြစ်ပြီး သေဆုံးသူ ၂၀ ဦးထက်မနည်း ရှိနိုင်တယ်လို့သိရပေမယ့် ကယ်ဆယ်ရေးလုပ်ဆောင်တာမတွေ့ရဘူးလို့ ဖားကန့်ဒေသခံတစ်ဦးက ပြောပါတယ်။

“မြေပြိုတဲ့ထဲ ကားနှစ်စီးပါသွားတယ်။ ကုမ္ပဏီဝန်ထမ်း ၃ ယောက် ကားမောင်းတဲ့ ၂ ယောက်ရယ် ယာဥ်နောက်ပါတစ်ယောက်ရယ် ၃ ယောက်ပါသွားတယ်လို့ သိရတယ်။ ရေမဆေးသမားတွေက ကားနှစ်စီး မြေစာသွန်တဲ့အားနဲ့ဆိုရင် ခန့်မှန်းခြေနဲ့ကြည့်ရင်တောင် လူက ၂၀ ထက်မနည်း ရှိနိုင်တယ်”လို့ပြောပါတယ်။

ဖားကန့်ပြည်သူတွေပြောတာကတော့ မြေစာပုံပြိုကျမှု အဓိကဖြစ်စဉ်ဟာ မြေစာတင်ကားနှစ်စီး မြေစာသွန်ရာကနေ ပြိုကျမှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဖားကန့်မြို့နယ်မှာ နှစ်စဥ်ဆိုသလို ကျောက်စိမ်းတူးဖော်တဲ့ကုမ္ပဏီတွေရဲ့ စွန့်ပစ်မြေစာပြိုကျမှုတွေကြောင့် ရေမဆေးသမားတွေ နှစ်စဥ်သေဆုံးမှုတွေရှိနေပြီး ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ ဝှေခါရွာမြေပြိုမှုမှာ အရပ်သား ၂၀၀ အထိ သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၂၄ ဇွန်လအတွင်းမှာတော့ မှော်စီစာကျေးရွာမှာပဲ ကျောက်စိမ်းလုပ်ကွက်တစ်ခု မြေစာပြိုကျခဲ့လို့ ရေမဆေးသမားတစ်ဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် ရှိခဲ့ပါတယ်။

July 17, 2026
မန္တလေး - မြစ်ကြီးနားလမ်းပိုင်း မော်လူးဒေသနှင့် အင်းတော် - ကသာလမ်းပိုင်း တိုက်ပွဲများအတွင်း...
July 17, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ မြန်မာ-တရုတ် နယ်စပ်တစ်လျှောက်...
July 16, 2026
ကချင်ပြည်အတွင်းရှိ မြို့နယ် ၃ ခုတွင် ယခုရက်ပိုင်းအတွင်း စစ်ရေးတင်းမာမှုများ ရှိနေသည့်အပြင်...
July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...