ရခိုင်တွင် တားမြစ်အလှကုန်များ ဈေးကွက်အတွင်း ရောင်းချမှုများပြားနေ

ရခိုင်တွင် တားမြစ်အလှကုန်များ ဈေးကွက်အတွင်း ရောင်းချမှုများပြားနေ
ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။
ရခိုင်ဒေသဈေးကွက်အတွင်း ရောင်းချနေကြသည့် တားမြစ်အလှန်ကုန်ပစ္စည်းအချို့။

အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန (FDA) က သုံးစွဲရန်မသင့်ကြောင်း တားမြစ်ထားသည့် အလှကုန်ပစ္စည်းများနှင့် အလှကုန်အတုများကို ရခိုင်ဒေသ ဈေးကွက်အတွင်း ရောင်းချမှု များပြားလာနေကြောင်း စုံစမ်းသိရှိရသည်။

သုံးစွဲရန်မသင့်ကြောင်း FDA က ထုတ်ပြန်ထားသည့် Arche pearl cream ၊ AIFUBAO Whitening Night Cream၊ Skin Shine Cream , QIANLI Cream ၊ Collagen plus day & night cream ၊ NOVO Eye Shadow , Kiss Beauty colour eyeshadow စသည့် အလှကုန်ပစ္စည်းများအား မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ဘူးသီးတောင် စသည့်မြို့နယ်အချို့တွင် တွင်ကျယ်စွာ ရောင်းချနေကြသည်။

ကျောက်တော်မြို့မှ အလှကုန်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက “အဲဒီပစ္စည်းတွေကို တင်းတိတ်၊ အမဲစက်သမားတွေ ပိုပြီးဝယ်သုံးကြတယ်။ အသက် ၃၀ ကျော် အရွယ်တွေ အဓိက ဝယ်သုံးကြတယ်။ တည့်တဲ့သူနဲ့ဆိုလည်း တည့်တာပဲ။ အသုံးများလို့ အဲဒီပစ္စည်းတွေက ဆိုင်တိုင်းမှာ ရောင်းကြတယ်”ဟု ပြောသည်။

တားမြစ်အလှကုန် ပစ္စည်းများမှာ အသားအရည်ကို ထိခိုက်ပျက်စီးစေသော Steroid ၊ Mercury ပါရှိသဖြင့် ခန္ဓာကိုယ်ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ မျက်နှာပေါ်တွင် အဖြူအနီကွက်များဖြစ်တတ်ပြီး ကြာရှည်စွာ သုံးစွဲပါက အရေပြားကင်ဆာဖြစ်နိုင်ကြောင်း FDA က သတိပေးထားသည်။

“Collagen cream က တင်းတိတ်အတွက် ကောင်းတယ်ပြောကြလို့ သုံးတာ။ ဈေးလည်း သိပ်မကြီးဘူး။ အဲဒါကိုသုံးရင် နေပူထဲကြာကြာ ထွက်လို့မရဘူး။ လေပြင်းပြင်းတိုက်ရင်တောင် မျက်နှာတွေ နီလာတယ်။ နေပူခံမိရင် အမဲစက်၊ တင်းတိတ်တွေ ပြန်ပေါ်လာတယ်” ဟု တားမြစ်အလှကုန်တစ်ခုဖြစ်သည့် Collagen cream သုံးစွဲဖူးသူ ဘူးသီးတောင်ဒေသခံ ဒေါ်ခင်ဝင်းကြည်က ပြောသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ကုန်ပစ္စည်းဝင်ရောက်မှု နည်းပါးပြီး အလှကုန်ပစ္စည်းများမှာ ယခင်ထက် ၃ ဆနီးပါး ဈေးမြင့်တက်လျှက်ရှိသည်။

တားမြစ်အလှကုန်များနှင့် အတုများအား သုံးစွဲရောင်းချခွင့် တားမြစ်ထားသော်လည်း လက်ရှိ စစ်ရေးပဋိပက္ခကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေကြခြင်း ဖြစ်သည်။

“အလှကုန်ဆိုတာက မျက်နှာအတွက် အရမ်းအရေးကြီးတဲ့ အရာတစ်ခုလည်း ဖြစ်တယ်။ အခုလို အတုတွေ၊ တားမြစ်အလှကုန်တွေကို အလွယ်တကူရောင်းချနေကြတာတွေကို ကန့်သတ်ပေးဖို့ လိုအပ်တယ်” ဟု ရခိုင်လူငယ် အမျိုးသမီးတစ်ဦးက ပြောသည်။

အလှကုန်ပစ္စည်း တင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက္ကားဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းကို ကျင့်ဝတ်အရ လုံးဝမပြုလုပ်ရန် FDA Myanmar က ထုတ်ပြန်ထားသည်။

ကျောက်ဖြူမြို့တွင်း တစ်နေရာကို တွေ့ရစဉ်။ ဓာတ်ပုံ- DMG
June 27, 2026
အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပေါ်က ပြည်သူများမှာ ယခုကာလ...
ပုံစာ- အာဏာသိမ်းစစ်တပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - CNICDS
June 26, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးရှိ တောင်မော်ကြီးရေတပ်အနီးတစ်ဝိုက်တွင် ယခုရက်ပိုင်း...
June 25, 2026
ထိုင်းနိုင်ငံတွင် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ကာပီချောင်းကျေးရွာမှ...
ဓာတ်ပုံ - DMG
June 24, 2026
လက်ရှိ ရခိုင်ဒေသတွင် လူငယ် ၅၅ ရာခိုင်နှုန်းမှာ အလုပ်လက်မဲ့ဖြစ်နေကြောင်း လူငယ်ဦးဆောင်အဖွဲ့ (YLO...