တနင်္သာရီတိုင်း PDF အဖွဲ့များက ထားဝယ်ရှိ လောင်းကစားဝိုင်းကို ဖမ်း

တနင်္သာရီတိုင်း PDF အဖွဲ့များက ထားဝယ်ရှိ လောင်းကစားဝိုင်းကို ဖမ်း

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကနိုင်းဒါကျေးရွာအုပ်စုရှိ ကဒင်ဝကျေးရွာတွင် ပျူစောထီးများ၏ လောင်းကစားဝိုင်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ငွေကြေးအချို့နှင့် ဆိုင်ကယ်များသိမ်းဆည်းရမိခဲ့သည်ဟု ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ တာဝန်ရှိသူက ပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ထားဝယ်ခရိုင်တပ်ရင်း (၁) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက လူရာနှင့်ချီရှိနေသည့် ကစားဝိုင်းကို နိုဝင်ဘာလ ၃ ရက်နေ့၊ မွန်းလွှဲ ၁ နာရီအချိန်ခန့်က ဝင်ရောက်စီးနင်း၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထားဝယ်ခရိုင် တပ်ရင်း (၁) ၏ တာဝန်ရှိသူက “ကစားဝိုင်းက လုပ်နေကြတာကြာပါပြီ၊ ဆိုင်ကယ်တောင် အစီးတစ်ရာလောက် ရှိတယ်၊ ငွေကျပ် ၃၅ သိန်းနီးပါးနဲ့ ရွှေထည်ပစ္စည်းတစ်ကျပ်သားခန့်၊ Honda Fit ကားတစ်စီး၊ ဆိုင်ကယ် ၁၀ စီးခန့်ကို သိမ်းဆည်းရရှိခဲ့တယ်၊ ပျူစောထီးတွေက လောင်းကစားဝိုင်းကို လုံခြုံရေးယူပေးထားသေးတယ်" ဟု ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အန်ဂလုံနှင့် ကျား - နဂါး (အနီထောင်)ဝိုင်းများ အားလုံးက စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ငွေကြေးပေးကာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။

လောင်းကစားဝိုင်းကို ဝင်ရောက်စီးနင်းချိန်တွင် ပျူစောထီးများ စီးနင်းလာသည့် ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဘက်မှ စတင်ပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုတွေ ဖြစ်နေသည့်အချိန်တွင် ကစားနေသူအချို့ ထွက်ပြေးသွားပြီး အချို့ကိုမူ ဖမ်းမိခဲ့ကြောင်းနှင့် ဆိုင်ကယ်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ပျူစောထီးတစ်ဦးအပြင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချနေသူနှစ်ဦးကိုလည်း ဖမ်းဆီးထားပြီး ကျန်သူများအားလုံးကို ပြန်လည်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းထားသူ သုံးဦးကို တနင်္သာရီတိုင်း စစ်ဌာနသို့တင်ပြပြီး ဥပဒေအရ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဝင်ရောက်ဖမ်းဆီးခဲ့သည့် လောင်းကစားဝိုင်းများမှာ ၂၀၂၃ ခုနစ် နွေရာသီကတည်းက နေ့စဥ်နေ့တိုင်းပြုလုပ်လျက်ရှိနေပြီး ထားဝယ်ခရိုင်ရှိ မြို့နယ်လေးခုလုံးမှ ပြည်သူများလာရောက်၍ လောင်းကစားလုပ်နေကြခြင်း ဖြစ်သည်။

စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း ထားဝယ်ခရိုင်အတွင်း နတ်ပွဲနှင့် ပွဲလမ်းသဘင်များကိုအကြောင်းပြပြီး လောင်းကစားဝိုင်း ပြုလုပ်ခြင်းများရှိလာခဲ့ပြီး လက်ရှိဝင်ရောက် ဖမ်းဆီးခံရသည့်လောင်းကစားဝိုင်းမှာ ပွဲလမ်းသဘင်ကို အကြောင်းပြခြင်းမျိုးမရှိဘဲ သီးသန့် ကစားနေကြခြင်းဖြစ်သည်။

April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...
April 20, 2026
ကော်သူးလေ အတိုင်ပင်ခံ ကောင် စီနှင့် အုပ်ချုပ်ရေးကောင်စီတို့သည် နယ်မြေအတွင်း အုပ်ချုပ်ရေးယန္တရား...
April 11, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် QR စနစ်ဖြင့် စက်သုံးဆီရောင်းချမှု တစ်ပတ်နီးပါးကြာမြင့်လာပြီ...