တောင်ကြီးစည်ပင်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဈေးသည်များထံအခွန်ကောက်နေ

တောင်ကြီးစည်ပင်မှ ခေါင်းစဉ်အမျိုးမျိုးဖြင့် ဈေးသည်များထံအခွန်ကောက်နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ မြို့မဈေးရှိ ညဈေးမှ ဈေးသည်များထံ ခေါင်းစဉ်အမျိုးမျိုးတပ်ကာ အခွန်ကောက်ခံမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။

၂၀၂၃ ခုနှစ် မေလမှစတင်၍ အသစ်ပြောင်းရွှေ့လာသော စည်ပင်လူကြီးရောက်ရှိပြီးနောက်ပိုင်း တောင်ကြီးမြို့ မြို့မဈေးဘေးမှ ညဈေးရောင်းသည့် ဈေးသည်များအား ခေါင်းစဉ်အမျိုးမျိုးတပ်ကာ ငွေကောက်ခံမှုများ ရှိလာကြောင်း မြို့ခံများထံမှ သိရသည်။

“ဈေးမထွက်တဲ့နေ့တောင် တနေ့ ကျပ် ၁၅၀၀ ပေးရတယ်၊ တစ်လကို ၄၅၀၀၀ ကျပ်ယူတယ်၊ အမှန်ဆိုနေရာက ဝယ်ထားရတာ ၇ သိန်းကနေ နေရာအကျယ်အလိုက် ၁၂ သိန်းကျပ်ထိ၊ အဲ့ဒီပိုက်ဆံတွေကို စည်ပင်လူကြီးက အမိုးအသစ်လုပ်ဖို့ဆိုပြီး သိန်း ၇၀၀ နီးပါးလောက်ယူသွားတာ၊ ခုက စည်ပင်ခွန်ပုံစံမျိုးနဲ့ ထပ်ကောက်တာ” ဟု ဈေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အပြင် ပိုက်ဆံမသွင်းနိုင်ပါက နေရာမှ ဖယ်ရှားခိုင်းမှုများရှိကြောင်း၊ ၎င်းနေရာများသည် ယခင်က ငွေကြေးမပေးဆောင်ရပဲ မနက်ပိုင်းပျံကျဈေးသည်များ လာရောက်ရောင်းချကြပြီး ညနေပိုင်းလျှင် ညဈေးဖွင့်လှစ်သော နေရာဖြစ်ကြောင်း၊ လက်ရှိ စည်ပင်လူကြီးပြောင်းလာပြီးနောက်မှ အခွန်အခများစွာ တိုးကောက်လာကြောင်းလည်း သိရသည်။

“စည်ပင်ကြေး၊ မီးကြေးတွေလည်းကောက်တယ်၊ ဈေးပိတ်ရက်ဆိုရင်လည်း ဈေးသည်တွေကို သန့်ရှင်းရေးလာလုပ်ခိုင်းတယ်၊ မတရားဘူးလို့ လိုင်းပေါ်ပြောမိတဲ့သူကိုလည်း၊ ရှာပြီး အရေးယူမယ်၊တရားစွဲမယ်တွေ ခြိမ်းခြောက်တာတွေလည်း ရှိတယ်” ဟု ဈေးသည်တစ်ဦးမှ သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် ညဈေးရောင်းချနေသည့် ဈေးသည်များမှာ မြို့ခံများအပြင် စစ်ဘေးရှောင်ရင်း လာရောက်ရောင်းချနေသည့် ဈေးသည်များလည်း ရှိသောကြောင့် ထိုသို့ အခွန်အခများစွာ ကောက်ခံနေမှုများသည် အခက်အခဲများကြုံတွေ့စေရကြောင်းလည်း သိရသည်။

တောင်ကြီးမြို့သည် စစ်ကောင်စီမှဖိအားပေးကျင်းပခိုင်းသည့် တန်ဆောင်တိုင်ပွဲတော်ရက် ကျင်းပရန် ရက်ပိုင်းသာလိုတော့ပြီး တန်ဆောင်တိုင်ပွဲဖြစ်မြောက်ရန်အတွက် ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့်ကြားမှ ပွဲဖြစ်မြောက်ရန် ငွေကောက်ခံမှုများရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...
February 26, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု...