တောင်ကြီးလူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ

တောင်ကြီးလူငယ်များကို စစ်ကောင်စီ ဖမ်းဆီးနေ
တောင်ကြီးမြို့ပေါ်ပုံ နှင့် တောင်ကြီး တန်ဆောင်တိုင်ပွဲ ပုံဟောင်း
တောင်ကြီးမြို့ပေါ်ပုံ နှင့် တောင်ကြီး တန်ဆောင်တိုင်ပွဲ ပုံဟောင်း

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း ပိုမိုကြုံတွေ့လာရကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာလ ၃၀ ရက် ညအချိန်တွင် အဝေရာမီးပုံးပျံကွင်းသို့ရောက်ရှိနေသော လူငယ် ၂၀ ကျော်အား မူးယစ်ဆေးဝါးစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်တပ်နှင့် ရဲများမှ ဝင်ရောက်ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

“အဝေရာကွင်းမှာက ညညထိုင်နေတဲ့ လူငယ်အုပ်စုတွေက အမြဲရှိကြပါတယ်၊ မူးယစ်ကိစ္စလုပ်တဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်တာပေါ့၊ ဒါမယ့် ဒီကာလမှာ ခုလိုဖမ်းတာက စစ်မှုထမ်းခိုင်းဖို့ ကိစ္စရယ်၊ ပိုက်ဆံညစ်ချင်လို့ရယ်ဖြစ်မှာပဲ” ဟု တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသောလူငယ်များပြန်လည် လွတ်မြောက်ခြင်း ရှိ၊မရှိအသေးစိတ် မသိရသေးပေ။ စစ်ကောင်စီမှ စစ်သားပြုန်းတီးမှုများကို ပြန်လည်ဖြည့်တင်းရန် မဖြစ်မနေ စစ်မှုထမ်းရမည့် ဥပဒေအား အသက်သွင်းထားသည့် ကာလဖြစ်သည့်အတွက် လူငယ်များအနေဖြင့်လည်း မိမိလုံခြုံရေးကို ဂရုပြုစေလိုကြောင်း တပ်တွင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက ဆက်ပြောသည်။

“ဖမ်းသွားပြီးရင် ဘာဆက်ဖြစ်မလဲမသိတော့ဘူး၊ ဖမ်းခံရပြီဆိုရင်လည်း ပိုက်ဆံတတ်နိုင်တဲ့သူတွေက ပြန်လွတ်လာနိုင်ပေမယ့်၊ မတတ်နိုင်တဲ့သူတွေကတော့ စစ်မှုထမ်းထဲပါသွားနိုင်တယ်၊ အသွားအလာဂရုစိုက်စေချင်တယ်” ဟု ပြောသည်။

အလားတူ အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်၍ တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်၊ ဘုရားဖြူရပ်ကွက်နှင့် စဝ်စံထွန်းရပ်ကွက်များအတွင်း ညအချိန်အပြင်ထွက်သည့် လူငယ်များဖမ်းဆီးခံမှုများရှိနေကြောင်း သိရသည်။

“လူငယ် ၂၀ လောက်၊ မြင်လိုက်တာပဲရှိတာ၊ နောက်ဆက်တွဲတော့မသိဘူး၊ ချမ်းမြ view point နားမှာ မိန်းကလေး ၂ ယောက်ပါသွားတယ်၊ အဲ့နေ့ည (အောက်တိုဘာ ၂၇)ကပဲ” ဟု မျက်မြင်တွေ့ရှိသည့် မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီမှ တောင်ကြီးမြို့ပေါ်ရပ်ကွက်များအတွင်း ပြည်သူ့လုံခြုံရေးအကြောင်းပြကာ အရပ်သားပြည်သူများအား အလှည့်ကျကင်းစောင့်ခိုင်းနေပြီး ညဖက်အပြင်ထွက်သည့် လူငယ်များကိုလည်း စစ်ဆေးဖမ်းဆီးမှုများ ရှိလာသည်။

ထို့အပြင် စစ်ကောင်စီမှ ဖိအားပေး ကျင်းပခိုင်းသည့် တန်ဆောင်တိုင်ပွဲတော်အား လာမည့်ရက်သတ္တပတ်အတွင်း ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယခင်ကထက်ပို၍ ဖမ်းဆီးစစ်ဆေးမှုများတင်းကြပ်လာနိုင်ကြောင်းလည်း သိရသည်။

စစ်ရေးအခြေအနေ ပြင်းထန်မှုမရှိသော သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း သျှမ်းမြောက်နှင့် ကရင်နီပြည်မှ စစ်ဘေးရှောင်များလည်း အများအပြားရောက်ရှိနေပြီး စစ်ကောင်စီမှ လိုင်စင်မဲ့ မော်တော်ယဉ်များဖမ်းဆီးနေမှုများကြောင့် စစ်ရှောင်ပြည်သူများလည်း အခက်အခဲများနှင့် ရင်ဆိုင်နေရလျက် ရှိသည်။

၂၀၂၃ ခုနှစ်တွင် "သျှမ်းလူငယ်များနေ့" အထိမ်းအမှတ်ပြုလုပ်သည့်မြင်ကွင်းပုံ
March 2, 2026
သျှမ်းပြည်အတွင်း စစ်မီးတောက်လောင်နေချိန်တွင် လူထုအပေါ် အကာအကွယ်မပေးနိုင်သည့်...
February 28, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး...
February 27, 2026
ငွေညှစ် — သျှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်တပ်...
February 26, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ပန်ညောင်ကျေးရွာအုပ်စု...