ကော့ကရိတ် ဒေါနတောင် လမ်းဟောင်းဘက်သို့ စစ်ကောင်စီ ထိုးစစ်ဆင်

ကော့ကရိတ် ဒေါနတောင် လမ်းဟောင်းဘက်သို့ စစ်ကောင်စီ ထိုးစစ်ဆင်

မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊ လက်နက်ကြီး၊ မြေပြင်စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု ကော့ကရိတ်မြို့ခံများက ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်တွင် စစ်ကောင်စီစစ်ကြောင်းများ တိုက်ပွဲရှုံး ရှေ့မတိုးနိုင် ဖြစ်နေသည့် အတွက် ယခုလို လမ်းဟောင်းဘက်ကို တဖန်ပြန်လည်စစ်ကြောင်းထိုး တိုက်ခိုက်ခြင်းဖြစ်သည်ဟု တော်လှန်ရေး စစ်ရေးသတင်း ရင်းမြစ်များက ယခုလိုပြောသည်။

“သူတို့ စစ်ကူက ရေလည်ကုန်း လမ်းကနေ ရန်ကုတ်၊ ကြောက်လျှာကုန်း၊ မီချောင်းအင်းကနေအောက်ဘိုတဲဘက် အလယ်ဘိုတဲ လမ်းဟောင်းဘက်ကို စစ်ကြောင်း ဖြတ်တက်တာပေါ့၊ လှိုင်ဝကလည်း လက်နက်ကြီးပစ်၊ ၉၇ က လည်းပစ်ပေါ့၊ လေယာဉ်ကလည်းပတ်ကြဲပေါ့၊ မြေပြင်မှာတော့မရပါဘူး။ စစ်သားသစ်တွေဆိုတော့တိုက်မနိုင်ဘူး” ၎င်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

ယခုလို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များ မြဝတီမြို့သို့ မရောက်ရှိရန် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA နှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၂ ဗျူဟာလက်အောက်ခံ စစ်ကြောင်းများက အာရှလမ်းသစ်၊ ဒေါနတောင်လမ်းဟောင်း နေရာများမှ ဖြတ်တောက် တိုက်ခိုက်နေပြီး နှစ်ဖက်စလုံးတွင် ထိခိုက် ဒဏ်ရာရ သေဆုံးမှုများရှိသည်ဟု သိရသည်။

နောက်ထပ် တော်လှန်ရေး စစ်ရေးသတင်းအရင်းအမြစ်ကလည်း “စစ်တပ်က ၂၅ -၂၆ ရက်မှာ အာရှလမ်းဘက် ယာဉ်တန်းနဲ့ တက်တာမှာ ဖြတ်တိုက်ခံရတော့ လူသေတာ ရှိတယ်။ ဒဏ်ရာရတာကတော့ လူ ၄၀ ကျော် လောက်ရှိတယ်။ အခု လမ်းဟောင်းဘက်ပတ်တက်ပြန်တော့လည်း သေတာ၊ ထိတာတွေရှိတယ်။ ကျနော်တို့ KNLA ပူးပေါင်း စစ်ကြောင်းတွေဘက်ကတော့ ၁၀ ယောက်လောက် အစမှန်တာ၊ ကျည်ထိတာတွေရှိတယ်။ လေယာဉ်က ဗုံးကြီးကြဲတာအပြင် ကော့ကရိတ်ကနေ ၁၂၀ တို့ ၆လုံးတွဲ ရော့ကက်ဒုံး တို့နဲ့ စစ်တပ်ကပစ်တယ်” ဟု ပြောသည်။

လတ်တလောတွင် ကျုံဒိုး၊ ကိုးတိုင်လမ်းဆုံ၊ နဘူး၊ ရင်ခွဲတောင်နေရာများတွင် စစ်ကောင်စီ၏ စစ်ကူ ထောက်ပို့ လမ်းကြောင်းများ ဖြတ်တောက်တိုက်ခိုက်မခံရရေး စစ်ကောင်စီတပ်က BGF တစ်ချို့နှင့် ပူးပေါင်း၍ နောက်တန်း နယ်မြေလုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။

ထို့အပြင် အဆိုပါ ဒေသတဝိုက်သို့ ကင်းထောက်ဒရုန်းများဖြင့်နေ့စဉ် ကင်းထောက်ပျံသန်းမှုများ ပြုလုပ်လျက် ရှိသလို မြဝတီမြို့ ပေါ်သို့လည်း ကင်းထောက်တိုက်လေယာဉ် ပျံသန်းမှုများရှိနေသည်ဟု သိရသည်။

(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...
August 26, 2026
ကရင်အမျိုးသားအစည်းအရုံး - KNU၊ တပ်မဟာ (၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်...